နိုင်ငံတကာမှာ ခေတ်စားနေတဲ့ NNN ချဲလန့် ( ယောကျ်ားလေးများ သီးသန့်)

International News Knowledge

ဆယ့်နှစ်လရာသီစက်ဝန်းကြီး အဆုံးသတ်ခါနီး November လကျမှ အ​ပြောများအ​တွေ့များရတဲ့ NNNဆိုတဲ့စကားစု​လေးတစ်စု။ ​​ဘော်ဒါ​ရောင်းရင်း​တွေကြားလည်း ဒီစကားစုသုံးပြီး တစ်​ယောက်နဲ့တစ်​ယောက် စကြ ​နောက်ကြတာမျိုး အပြိုင်အဆိုင်ချဲလန့်​ခေါ်တာမျိုးကိုလည်း ဒီလ​​ရောက်မှ အထူးအဆန်းသဖွယ် ​တွေ့ကြကြားကြရမှာပါ။ ဒီ​တော့ NNN ဆိုတာဘာလဲ မသိသူ​တွေအတွက် “စာသူငယ်ကြား လင်းတနား”မဖြစ်ရ​အောင် “သားကြီး အဲ့တာဘာလဲ”ဆိုပြီး ​ဘော်ဒါအချင်း ချင်းလည်း ​ခေါင်းငုံ့ခံပြီးလိုက်မ​မေးရ​လေ​အောင်  သိပြီးသူ​တွေအတွက်​​ရော မသိ​သေးသူ​တွေအတွက်​​ရော NNN အ​ကြောင်းကို တင်ဆက်​ပေးလိုက်ပါတယ်ခင်ဗျာ။

အသေးစိတ် မပြောခင် အရင်ပြောချင်တာက မိန်းကလေးတွေ ဒီစာကို မဖတ်ဘဲ ကျော်သွားလို့ ရပါတယ်။ ဖတ်လည်း ဘာမှ မဖြစ်ပါဘူး။ ဗဟုသုတပေါ့ ခင်ဗျာ။

NNN ဆိုတာဘာလဲ?
NNN ကိုဘယ်သ​ကောင့်သားကများ တင်ပါးယားပြီး တီထွင်ခဲ့တာလဲ?

NNN ဆိုတာက အကျဥ်းချုပ်ထားတဲ့ စကားစု​လေးဖြစ်ပြီး စာတစ်လုံးချင်းစီမှာ အဓိပ္ပါယ်ရှိပါတယ်။ ဘယ်လိုလဲဆိုရင်​ NNN – No Nut November ပါဗျ။ မြန်မာလိုပြန်မယ်ဆိုရင် နိုဝင်ဘာလအတွင်း ​ရွှေပန်း​လေးနဲ့ ကစားခွင့်မရှိဘူး ဆိုတဲ့သ​ဘောပါ။ တစ်ရက်တစ်ပတ်မဟုတ်ဘူး​​နော့ တစ်လလုံးလက်ထိန်းထားရမှာပါ။ ဒါကိုမှ ဘယ်သူက​တော့ ထိန်းနိုင်တယ် မထိန်းနိုင်ဘူး စသဖြင့် ကြံဖန်ဂုဏ်ယူကြတဲ့ ကစားနည်း​လေးပါပဲ။

ဒီအ​ရည်မထွက် အဖတ်မထွက်ချဲလန့် စတင်​သ​န္ဓေတည်လာတာက​တော့ website တစ်ခုဖြစ်တဲ့ Urban Dictionary က​နေ​ပဲဖြစ်ပါတယ်။ ဒီ web မှာဆိုရင် NNN လိုမျိုး Slang ​words တွေ phrase ​တွေရှာ​ဖွေနိုင်ပါတယ်ဗျ။ NNN ကို web ထဲစတင်ထည့်သွင်း​ပေးခဲ့သူက bicboi6969696969 ဆိုတဲ့နာမည်နဲ့ user တစ်​ယောက်ဖြစ်ပြီး 2011 ခုနှစ်မှာ ဖန်တီးခဲ့တာဖြစ်ပါတယ်။ သူက​တော့ ​ပျော်​စေပျက်​စေဆို​ပေမဲ့ ​နှောင်းလူ​တွေက​တော့ အတည်​ပေါက်​တွေယူပြီး ထိန်းသိမ်းလာကြတာမို့ ဒီ legacy က​တော့ ဆက်လက်သက်ဆိုးရှည်​နေပါလိမ့်မယ်။

NNN ရဲ့စည်းမျဥ်းအ​သေးစိတ်

– ပထမဆုံးနဲ့အ​​ရေးကြီးဆုံးစည်းကမ်းက​တော့ ရှင်းပါတယ်။ အ​ပေါ်မှာလည်း​ ပါပြီးပြီမို့ ထပ်မ​ပြော​တော့ပါဘူး။
-​​ ရွေပန်းနဲ့လက်မကမြင်းရဘူးဆို​ပေမဲ့ pornography ​​တွေကို​တော့ ကြည့်ရှုခွင့်ရှိပါ​သေးတယ်။ “မြင်သာမြင် မကြင်ရ” ဆိုသလို​ပေါ့။ စိတ်ခိုင်ခိုင်ထားပြီး ကြည့်နိုင်တယ်ဆိုရင်​တော့ ကြည့်ကြ​ပေါ့ဗျာ။
-​ နောက်တစ်ခုက​တော့ ​pornography ကြည့်ရင်း ဖြစ်လာတဲ့ အ​ခြေအ​နေကို ခွင့်ပြုထားတယ်ဆိုတာပါ။
မိမိတို့ရဲ့ ယမထာ​ရွေကြိမ်လုံးကြီးက ဒါ​တွေကြည့်ရင်း ​ဖြောင့်မတ်လာတတ်တာကို pass ​ပေးထားပါတယ်။
– ဒီလိုမျိုး ​နေ့စဥ်လုပ်​နေကျအရာမို့ လုပ်ချင်စိတ်ကို ဦးချိုး​ပေးထား​ရတော့ မသိစိတ်က လှုံ့​ဆော်​ပေးတတ်ပါတယ်။ အဲ့ခါကျ wet dream ဆိုတာ ဖြစ်တတ်ပါတယ်။
Wet dream ဆိုတာက မိမိတို့အိပ်စက်​အနားယူ​နေရင်း စိတ်ကမခံနိုင်​တော့တဲ့အဆုံး ​ဖြေ​လျှော့ဖို့အတွက် စိတ်ကြိုက်အ​ခြေအ​နေတစ်ခု ​နေရာတစ်ခုကို ဖန်ဆင်း​ပေးလိုက်ရင်း ကိုယ့်ကိုကိုယ်​တောင်မသိလိုက်ပဲ ကိစ္စပြီးသွားတဲ့ အဖြစ်မျိုးပါ။ ဒါကို​တော့ တစ်ခါက​နေ သုံးခါအထိ ခွင့်လွှတ်​ပေးထားပါတယ်။
– ဒီ NNN ကာလအတွင်း ကံ​ကောင်းရင် Free coupon တစ်နည်း လွတ်ငြိမ်းချမ်းသာခွင့် တစ်ကြိမ်ရရှိရင် ထိန်းထားရတဲ့စိတ်ရိုင်း​တွေကို တစ်ခါလွှတ်ငြိမ်း​ပေးနိုင်ပါတယ်။
-​ နောက်ဆုံးတစ်ခုက​တော့ NNN ကို ဂုဏ်ထူးနဲ့ပြီး​မြောက်သူတိုင်း DDD ချဲလန့်ကို ဆက်လက်ပါဝင်နိုင်ခွင့်ရှိပါမယ်။(DDD အ​ကြောင်းတော့ဒီဇင်ဘာမှ​မျှော်)

Covid အတွင်း cancel လိုက်တဲ့ NNN

ခုလိုအားလုံး အိမ်ထဲအိမ်ပြင်မထွက်ရတုန်း ဘာမှလုပ်စရာမရှိတဲ့အချိန် အပန်း​ဖြေတတ်ကြတာဟာ ပုံမှန်ပါပဲ။ ဒါ​​ကြောင့် ဒီကာလအတွင်း NNN ချဲလန့်ကို ယာယီဖျက်သိမ်း​ပေးဖို့ ​တောင်းဆိုလာကြပါတယ်။ ဒီအစား ဘာမှလုပ်စရာမရှိကြတာမို့ Non-stop Nut November ဆိုပြီး မူလဟာနဲ့ဆန့်ကျင်ဘက်ကို ​ပြောင်းလဲ​​နေကြပါတယ်။ တရားဝင်လို့​တော့ မသတ်မှတ်ကြ​သေးပါဘူး။

NNN ရဲ့ လူသိပ်မသိကြတဲ့ ရည်ရွယ်ချက်

တစ်ချို့က​တော့ ​ပြောမှာ​ပေါ့။ ​သောက်တလွဲချဲလန့်ပါကွာ အကျိုးမထူးပါဘူး ဘာညာ​ပေါ့။ ဒါ​ပေမဲ့လည်း NNN လုပ်ရခြင်းမှာ ​ကောင်းမွန်တဲ့ရည်ရွယ်ချက်​တွေရှိပါတယ်။

ပထမအချက်က ဒီချဲလန့်ထဲပါဝင်​စေခြင်းအားဖြင့် ​ယောင်္ကျား​လေး​တွေကို တစ်ခြားဝါသနာ​တွေ တစ်ခြားအသစ်အဆန်း​တွေကို ​လေ့လာလိုစိတ်ရှိ​အောင်ပဲဖြစ်ပါတယ်။ တစ်​နေ့တစ်​နေ့လူသတ်​နေရတဲ့ကိစ္စက​နေ ခဏတာအနားယူမိ​အောင် တစ်ခြားမိမိတွက် အကျိုးရှိတာ​လေး​တွေလုပ်မိ​အောင် ဆိုတဲ့​ကောင်းမွန်​သော ရည်ရွယ်ချက်​လေး​ပေါ့ဗျာ။

​နောက်တစ်ခုက​တော့ မိမိရဲ့စိတ်ဆန္ဒဘယ်​လောက်ပြင်းထန်​ကြောင်း ခိုင်မာ​ကြောင်းကိုပြနိုင်ခွင့်ရှိတာပဲဖြစ်ပါတယ်။ ဒါနဲ့စိတ်ခိုင်မာတာနဲ့ဘာဆိုင်လို့လဲသိချင်ရင် ဦးနုရဲ့ ကာမတဏှာ စာအုပ်ကိုဖတ်ရှုကြည့်ကြပါဗျ။

အကယ်၍မိတ်​ဆွေဟာ NNN ကာလတွင်းမှမဟုတ်ပဲ တစ်သက်လုံး စုံစမ်စိမချ​တော့ဘူး လို့ဆုံးဖြတ်ထားတယ်ဆိုရင်လည်း Reddit app ရဲ့ No Fap Community ကို join လို့ရပါတယ်ခင်ဗျာ။ မြန်မာလိုဆို
“ငရုပ်သီးမ​ထောင်းရနယ်​မြေ”​ပေါ့။ ဒီထဲဝင်လိုက်ရင် ပိုပြီးအကျိုးမြတ်တာက ​ယောင်္ကျား​လေး​တွေမှာ အဖြစ်များ​လေ့ရှိတဲ့ ဆီးကျိတ်ကင်ဆာ အတွက် ရန်ပုံ​ငွေမြှင့်တင်​ပေးနိုင်တာပဲ ဖြစ်ပါတယ်။ ဒါ​​လေး​တွေက​တော့ လုံးဝမထင်ထားရတဲ့ ​ကောင်းမွန်​သော ရည်ရွယ်ချက်​လေး​တွေ​ပေါ့ဗျာ။

ဒီစာဖတ်​နေတဲ့မိတ်​ဆွေ​​ရော အ​ခြေအ​နေဘယ်လိုလဲ?

အခုဆို NNN အ​ကြောင်း​ တော်​တော်ပြည့်ပြည့်စုံစုံသိ​လောက်ပါပြီ။ ​သောက်ပိုအလုပ်လို့ထင်​နေ​သေးတယ်ဆိုရင်လည်း လွတ်လွတ်လပ်လပ်ပါပဲခင်ဗျာ။ သိထားသင့်တဲ့ ဗဟုသုတ​လေးမို့ ဖတ်ထားမယ်ဆိုရင်လည်း မမှားပါဘူး။

ဒီစာဖတ်​နေတဲ့မိတ်​ဆွေတို့ထဲမှာ​​ရော ချဲလန့်ထဲ အ​ပျော်သ​ဘောဖြစ်ဖြစ် ပါဝင်ကြသူ​တွေထဲ ၆ရက်​မြောက်​နေ့ထိ ​တောင့်ခံနိုင်ကြ​သေးလားခင်ဗျာ။ Fail သွားပြီဆိုရင်လည်း ဝမ်းမနည်းပါနဲ့ ခုထိ အ​ခြေအ​နေ​ကောင်းဆဲဆိုရင်လည်း အောင်မြင်ပါ​စေလို့ ဆု​တောင်း​ပေးလိုက်ပါတယ်။ လအစမို့​တော့ ​တော်​တော်များများ အ​ခြေအ​နေ​​ကောင်း​နေကြအုံးမှာပါ။ ​နောက်ရက်​တွေမှ Fail သွားတဲ့သူ​တွေရှိရင်လည်း post ကို sad လေး​တွေလာ​ပေးကြ​ပေါ့ဗျာ။ အမှတ်တမဲ့က​နေ အမှတ်တရဖြစ်​အောင်​ပေါ့။

ဒီနိုဝင်ဘာပြီးရင် လာမယ့် ဒီဇင်ဘာကျရင်လည်း DDD ဆိုတဲ့ ချဲလန့်​လေးရှိပါ​သေးတယ်။ DDD challenge ထဲဝင်ဖို့ဆိုရင်​တော့ NNN ကို pass ပြီးသူမှသာ qualify ပါဗျ။ DDD အ​ကြောင်းကိုလည်း ဒီဇင်ဘာကျရင် တင်​ပေးသွားပါအုံးမယ်ခင်ဗျာ။ ​​
အားလုံး Take Care ပါ။

Leave a Reply