အယ်လ်ဂျားဇီးယား သတင်းထောက် ဂါဇာမှာ thetဖြတ်ခံရ

International News
အယ်လ်ဂျားဇီးယား သတင်းထောက် ဂါဇာမှာ thetဖြတ်ခံရ

သားဖြစ်သူ thetဖြတ်ခံရလို့ ပူဆွေးနေတဲ့ ဖခင် သတင်းထောက်

အယ်လ်ဂျားဇီးယား သတင်းဌာနက အကြီးတန်း သတင်းထောက် တယောက်ရဲ့ သားအကြီးဆုံး၊ ဓာတ်ပုံ သတင်းထောက် ဂါဇာမှာ thetဖြတ်ခံခဲ့ရပါတယ်။

ဂါဇာ တောင်ပိုင်းကို အစ္စရေး ထိုးစစ် ပြင်းထန်နေချိန်မှာ thayဆုံးတာ ဖြစ်ပါတယ်။

အစ္စရေးဘက်က ပစ်တယ်လို့ ယူဆရတဲ့ ဒရုန်းထိမှန်ပြီး ဟမ်ဇာ အယ်လ် ဒါဒူ နဲ့ တခြား သတင်းစာဆရာ တယောက် thayဆုံးခဲ့ပါတယ်။

ခန်းယူးနစ်ကနေ ရာဖာကိုသွားတဲ့ လမ်းမှာပါ။

သူ့ဖခင် ဝေးလ် အယ်လ်ဒါဒူက သူ့ရုပ်အလောင်းကို ပွေ့ထားပြီး သူ့သားက သူ့အသည်းနှလုံးလို့ ပြောနေတာကိုလည်း ရုပ်သံမှာ တိုက်ရိုက်လွှင့်ချိန်မှာ တွေ့ရပါတယ်။

အောက်တိုဘာလတုန်းကလည်း သူ့ဇနီးနဲ့ တခြား ကလေးနှစ်ယောက် အစ္စရေး ပစ်ခတ်မှုကြောင့် thayဆုံးခဲ့ပါတယ်။

ဝေးလ် အယ်လ်ဒါဒူကိုယ်တိုင် ဒဏ်ရာရခဲ့ပေမယ့် စစ်သတင်းတွေ ဆက်ပို့နေဆဲ ဖြစ်ပါတယ်။

ဂါဇာအရေး ထိန်းချုပ်ဖို့ ဂျော်ဒန်သတိပေး

စစ်ဒဏ်ခံနေရဆဲ ဂါဇာ

ဂါဇာမှာ စစ်ဆက်ဖြစ်နေရင် အင်မတန်ဆိုးရွားတဲ့ ရိုက်ခတ်မှုတွေ ကြုံရမယ် ဆိုပြီး ဂျော်ဒန်ဘုရင် အဗ္ဗဒူလာက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်ကို သတိပေးလိုက်ပါတယ်။

အမြန် အပစ်ရပ်စဲရေးအတွက် အစ္စရေးအပေါ် ဖိအားပေးဖို့လည်း မစ္စတာ ဘလင်ကန်ကို ဘုရင် အဗ္ဗဒူလာက တောင်းဆိုခဲ့ပါတယ်။

ဂျော်ဒန် မြို့တော် အမ္မန်က တွေ့ဆုံပွဲမှာပါ။

မစ္စတာဘလင်ကန်ရဲ့ တပတ်ကြာ ဒေသတွင်းခရီးစဉ် ဒုတိယမြောက်ရက်ဖြစ်ပြီး ဂါဇာကနေ ဆက်ပြီး စစ်မီးကူးလာမှာကို တားဆီးဖို့ သူကြိုးစားနေတာ ဖြစ်ပါတယ်။

ကာတာကို ဆက်သွားမှာ ဖြစ်ပြီး ဟားမတ်စ်နဲ့ တွေ့ဆုံညှိနှိုင်းရာမှာ ကာတာက အရေးကြီးတဲ့နေရာက ပါနေပါတယ်။

အဲဒီမှာ ကာတာ စော်ဘွားနဲ့ ဘလင်ကန် တွေ့ဖို့ ရှိပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။