ကိုဗစ်ကာကွယ်ဆေး Remdesivir ကို အသုံးမပြုရန် WHO က ပန်ကြားခဲ့။

Health

ကိုဗစ်ကာကွယ်ဆေး Remdesivir ကို အသုံးမပြုရန် WHO မှပန်ကြားခဲ့ခြင်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ကိုဗစ်ကာကွယ်ဆေးများနှင့်ပတ်သက်၍ လမ်းညွှန်ချက်များကို ထပ်မံထုတ်ပြန်ခဲ့ပြီး

ကိုဗစ်ကာကွယ်ဆေးတမျိုးဖြစ်သော Remdesivir ကို ဆေးရုံတတ်နေရသော မည်သည့်လူနာကိုမှ အသုံးမပြုရန်

ပန်ကြားခဲ့သည်။

နိုဝင်ဘာ ၁၉ ရက်နေ့က ဆေးဘက်ဆိုင်ရာ ဂျာနယ် BMJ တွင် ဖော်ပြခဲ့သော နောက်ဆုံးအချက်အလက်များအရ

Remdesivir ဆေးသည် ကိုဗစ် – ၁၉ ရောဂါကြောင့်သေဆုံးနိုင်ခြေနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာကို

ထူးထူးခြားခြား အကျိုးသက်ရောက်မှုမရှိကြောင်းသိရသည်။

ယခုထွက်ပေါ်လာသော WHO၏ ပန်ကြားချက်သည် Remdesivir ကာကွယ်ဆေးထုတ်လုပ်သူ Gilead Sciences ကုမ္မဏီမှ

၎င်းတို့ဆေးကို FDA မှ ကိုဗစ်ကာကွယ်ကုသရးတွင် အသုံးပြရန် အသိမှတ်ပြုလိုက်ပြီဖြစ်ကြောင်းကြေငြာပြီး တလအကြာတွင်

ထွက်ပေါ်လာခြင်းဖြစ်သည်။

Dr. Amesh Adalja,(senior scholar at the Johns Hopkins Center for Health Security) မှ’ Remdesivir ဆေးသည်

FDA မှ အသိမှတ်ပြုခဲ့သော်လည်း WHO မှ အသိမှတ်ပြုမှုကို ရရှိမည်မဟုတ်ကြောင်း၊ သုတေသနများကို ဆက်လက်ပြုလုပ်ရမည်

ဖြစ်ကြောင်း ‘ ပြောကြားခဲ့သည်။

Leave a Reply