ကင်ဆာဆဲလ်တွေကို သေစေနိုင်တဲ့ သြဇာသီး

Health Knowledge
ကင်ဆာဆဲလ်တွေကို သေစေနိုင်တဲ့ သြဇာသီး

သြဇာသီးကတော့  မြန်မာလူမျိုးတွေ နှစ်ခြိုက်စွာ စားသုံးကြတဲ့ အသီးတစ်မျိုးပါ။ သြဇာသီးကို အိမ်မှာ အလွယ်တကူစိုက်ပျိုးလို့ရသလို စျေးနှုန်းချိုချိုနဲ့ ၀ယ်ယူစားသုံးလို့ရပါတယ်။ အဖိုးနည်းပေမယ့် ကျန်းမာရေးအတွက်အကျိုးကျေးဇူးများတာမို့ သြဇာသီးရဲ့ အကျိုးကျေးဇူးတွေကို မျှဝေလိုက်ပါတယ်။

ကင်ဆာဆဲလ်

မကြာသေးခင်က သုတေသနပြုချက်အရ သြဇာသီးဟာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တယ်လို့ ဆိုပါတယ်။အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ သရက်ရွက်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာတို့ကိုဖြစ်စေတဲ့ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်ပါတယ်။

 

ကင်ဆာဖြစ်စေတဲ့အကြိတ်ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ခြင်း

အမေရိကန်ပြည်ထောင်စု Nebraska တက္ကသိုလ်ရှိ ရောဂါဗေဒပညာရှင်တစ်ဦးက သရက်ရွက်ကင်ဆာကို ကုသရာမှာ သြဇာသီးက အာနိသင်တွေများစွာရှိတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ သြဇာသီးဟာ ကင်ဆာဖြစ်စေတဲ့ အကြိတ်ဖြစ်ပွားမှုကို သိသိသာသာလျှော့ချပေးနိုင်တယ်လို့လည်းဆိုပါတယ်။

ကင်ဆာဆဲလ်တွေကို သေစေနိုင်ခြင်း

အူမကြီးကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကို တိုက်ဖျက်ရာမှာလည်း Adriamycin ဆေးထက် ပိုပြီး အကျိုးကျေးဇူးများစွာရှိတယ်ဆိုတာကို လက်တွေ့စမ်းသတ်ခန်းလေ့လာမှုတွေက ပြသနိုင်ခဲ့ပါတယ်။

အမျိုးသမီးတွေအတွက် ရင်သားကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပြီး သားအိမ်ခေါင်းကင်ဆာကို ကုသရာမှာလည်း များစွာထိရောက်မှုရှိပါတယ်။
ဒါ့အပြင် တခြားကင်ဆာအမျိုးအစားတွေကို ကုသရာမှာလည်း သြဇာသီးက အထောက်အပံ့ဖြစ်စေပါတယ်။

ရေးသားသူ -Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။