မင်းမဲ့ စရိုက်ဆန်ဆန် စျေးရောင်းချနေသော ပျံကျစျေးသည်များထံမှ အားပေးမဝယ်ယူရန် ဗဟန်းစည်ပင်သာယာရေးကော်မတီ ဥက္ကဌ မှမေတ္တာရပ်ခံ

Local News

အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။
============================

မိဘလုပ်သားပြည်သူများခင်ဗျား၊

အစိုးရနိုင်ငံ့ဝန်ထမ်း၊ပြည်သူ့ဝန်ထမ်းများဖြစ်ကြ
သည့်ကျနော်တို့သည်အများပြည်သူစိတ်အေးချမ်း
သာစွာသွားလာနေထိုင်ရန်အတွက်ကိုယ်စွမ်း၊
ဉာဏ်စွမ်းထုတ်ပြီးစဥ်ဆက်မပြတ်ကြိုးစားပေး
လျှက်ရှိပါသည်၊

ကျနော်တို့နိုင်ငံသည်ဖွံ့ဖြိုးတိုးတက်မှုပြီးပြည့်စုံသည့်နိုင်ငံတစ်နိုင်ငံမဖြစ်သေးသည့်အားလျှော်စွာအများပြည်သူများအတွက်စည်းကမ်းထိန်းထိန်းသိမ်းသည့်လုပ်ငန်းများလုပ်ကိုင်သည့်အချိန်တွင်

“မိဘလုပ်သား ပြည်သူများ၏အားပေးမှုတင်မကပူးပေါင်းပါဝင်ပေးမှုသည်လည်းအထူးလိုအပ်လျှက်
ရှိပါကြောင်းဦးစွာပြောပါရစေ၊”

ဗဟန်းမြို့နယ်အပါအဝင်ရန်ကုန်မြို့တော်ရှိမြို့နယ် အတော်များများတွင်လမ်းအချက်ပြမီးရှိသည့်
လမ်းဆုံ(Road Traffic Light Junctions)များတွင်
ကားအတွင်းအမွှေးနံ့ရစေရန်နှင့်ယုံကြည်ရာကို
ပူဇော်ပသရန်အလို့ငှာလာရောက်ရောင်းချနေသည့် ပန်းရောင်းသည့်စျေးသည်များအပါအဝင်၊
သတင်းစာ၊ဂျာနယ်၊သောက်ရေသန့်၊ဆေးလိပ်၊ကွမ်းယာ အစရှိသည်များကိုရောင်းချနေသည့်
လက်ပွေ့စျေးသည်များတရားဝင်ခွင့်ပြုချက်
မရှိပဲစျေးရောင်းချနေသည်ကို အများအပြား
တွေ့ရှိနေရပါသည်၊

ဗဟန်းမြို့နယ်စည်ပင်သာယာရေးကော်မတီအနေ
ဖြင့်ထိုသို့ရောင်းချနေသည်များကိုခွင့်ပြုထားခြင်း
မရှိသလို၊အင်အားရှိသရွေ့ရှင်းလင်းဖယ်ရှားထိန်း
သိမ်းနေသည့်အမှုကိုပြုလုပ်လျှက်ရှိပါသော်လည်း၂၄နာရီစောင့်ကြည့်ထိန်းသိမ်းရန်
အတွက်မူ လူအင်အားနှင့်ဘတ်ဂျက်အခြေအနေအရပြီးပြည့်စုံအောင်ထိန်းသိမ်းနိုင်စွမ်းမရှိသည့်အတွက်မိဘလုပ်သားပြည်သူများ၏ပူးပေါင်းကူညီမှုအားအထူးလိုအပ်လျှက်ရှိပါသည်၊

အချက်ပြမီးရှိသည့်လမ်းဆုံလမ်းခွများတွင်စျေးရောင်းချနေသည့်သူများ၊တောင်ရမ်းအလှူခံနေကြသူများ(အထူးသဖြင့်လူမမယ်အရွယ်များ)
ကြောင့်ယာဥ်မတော်တဆတိုက်ခိုက်မှု
ဖြစ်ရန်လွယ်ကူသလို၊ယာဥ်နှင့်ယာဥ်အသုံးပြုသူ
အပေါ်မလိုလားအပ်သောအကြပ်ကိုင်မှုများ(ဥပမာအားဖြင့်အတင်းအကြပ်ဝယ်ရန်ပြောဆိုခြင်း၊ရောင်း
ချသည်ကိုအားမပေးပါကခြိမ်းခြောက်ခြင်း၊
ယာဥ်အားထုရိုက်ခြင်း၊ယာဥ်ဘေးကြည့်မှန်နှင့်မီးခွက်အားပျက်စီးအောင်လုပ်ခြင်း)ရှိလာသည့်ဒုစရိုက်
ဆန်ဆန်ပြုလုပ်လာသည်တို့ကိုအချို့နေရာများတွင်တွေ့ရှိရကြောင်းသတင်းပေးပို့လာသည်ကိုယခုအခါ လက်ခံရရှိလာရပါသည်၊

စျေးသည်သဘာဝအရဝယ်ယူအားပေးသည့်သူ
မရှိလာပါကစျေးကွက်ပျောက်ပြီးတဖြည်းဖြည်းလျှော့နည်းလာရာမှပပျောက်သည့်အဆင့်သို့ရောက်လာမည်ဟုသုံးသပ်မိသည့်အတွက်

မိဘလုပ်သားပြည်သူများအနေဖြင့်မိမိမြို့နယ်သန့်ရှင်းသပ်ရပ်ရန်အတွက်တာဝန်ရှိဝန်ထမ်းများကိုပူးပေါင်းကူညီသည့်အနေဖြင့်၊

ဖေါ်ပြပါနေရာများတွင်စျေးလာရောက်ရောင်းချသည့်မည်သည့်လက်ပွေ့စျေးသည်ကိုမှ

“အားပေးဝယ်ယူခြင်းမပြုပဲနေပေးကြပါရန်”
အလေးအနက်မေတ္တာရပ်ခံအပ်ပါသည်၊

ပူးပေါင်းပါဝင်ပေးရန်အတွက်အနူးအညွှတ်တောင်းဆိုရင်း၊ပူးပေါင်းပါဝင်မည်ဟုယုံကြည်ကိုးစားလျှက်၊
ကျေးဇူးတင်ရှိပါကြောင်းပြောကြားအပ်ပါသည်၊

လေးစားစွာဖြင့်

မြို့နယ်စည်ပင်သာယာရေးကော်မတီ
ဗဟန်းမြို့နယ်
(၂၀၂၀ခုနှစ် ၁၁လ ၂၁ရက် စနေနေ့)

Source: U Win Bo’s Fb account

Plz Like & Share

Leave a Reply