သီရိမာလာငါးဈေးတွင် တစ်‌ဈေးလုံးနီးပါး ပိုးတွေ့ ယခုလဒုတိယပတ်အတွင်း စတင်ပိတ်မည်

Local News

မန္တလေးသီရိမာလာငါးဈေး ဒီဇင်ဘာ၁၂ရက်ကစတင်ကာ ယာယီပိတ်မည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၉ ရက် မန္တလေး မြို့တော်စည်ပင်ယာယာရေး ကော်မတီ အဖွဲ့ဝင် ဦးကျော်ရင်မြင့်က ပြောသည်။ ”ယာယီ ပိတ်မယ်ဆိုတာ ဟုတ်ပါတယ်”

ဟု ၎င်းကပြောသည်။ အဆိုပါ မန္တလေး ကမ်းနားလမ်းတွင် ဖွင့်လှစ်ထားသည့် သီရိမာလာငါးဈေးမှ ကိုဗစ်ပိုးတွေ့ရှိသူ လူဦးရေများလာသောကြောင့်

ဒီဇင်ဘာ ၁၂ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ ယာယီ ပိတ်ထားမည်ဖြစ်ကြောင်းသိရသည်။ မန္တလေးတိုင်းဒေသကြီးတွင် ကိုဗစ်တွေ့ရှိမှုများလာသောကြောင့် ပြည်သူများ နေအိမ်တွင်သာနေထိုင်ရန် တိုင်းဒေသကြီး အစိုးရကလည်း ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။

မန္တလေးတိုင်းဒေသကြီး အတွင်း ဒီဇင်ဘာ ၇ ရက် မနက် ၁၀ နာရီအထိ အတည်ပြုလူနာ ၇၃၂၈ ဦး၊ သေဆုံး ၈၁ ဦး၊ ဆေးရုံဆင်းရသူ ၄၇၈၈ ဦး ရှိကြောင်း သိရသည်

Leave a Reply