ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ပြီး ဂူထဲမှာ ရက် ၅၀၀ ကြာ နေထိုင်ခဲ့တဲ့ စပိန်အမျိုးသမီး

International News
ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ပြီး ဂူထဲမှာ ရက် ၅၀၀ ကြာ နေထိုင်ခဲ့တဲ့ စပိန်အမျိုးသမီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ပြီး ဂူထဲမှာ ရက် ၅၀၀ ကြာ နေထိုင်ခဲ့တဲ့ စပိန်အမျိုးသမီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ပြီး ဂူထဲမှာ ရက် ၅၀၀ ကြာ နေထိုင်ခဲ့တဲ့ စပိန်အမျိုးသမီး

ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ပြီး ပေ ၂၃၀ နက်တဲ့ ဂူထဲမှာ တစ်ကိုယ်တော် ရက် ၅၀၀ ကြာ နေထိုင်ခဲ့တဲ့ စပိန်အမျိုးသမီးဟာ ဂူထဲကနေ ပြန်ထွက်လာခဲ့ပြီဖြစ်ပါတယ်။ အသက် ၅၀ အရွယ်ရှိတဲ့ ဖလာမီနီဟာ ဂူထဲမှာ အချိန်အကြာဆုံး တစ်ကိုယ်တော်နေထိုင်သူအဖြစ် ကမ္ဘာ့စံချိန်တင်နိုင်ဖို့အတွက် စပိန်နိုင်ငံ မွန်ထရီမြို့နားမှာရှိတဲ့ ဂူထဲမှာ နေထိုင်ခဲ့တာပါ။

ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ပြီး တစ်ကိုယ်တည်း နေထိုင်ချိန်မှာ လူ့စိတ်ပြောင်းလဲမှုနဲ့ ကိုယ်တွင်းဇီဝနာရီ အပြောင်းအလဲတွေကို လေ့လာဖို့အတွက် သိပ္ပံပညာရှင်တွေ၊ စိတ်ပညာရှင်တွေက ဖလာမီနီကို အနီးကပ်စောင့်ကြည့်ခဲ့ကြပါတယ်။ ဒါ့အပြင် ဂူနဲ့သက်ဆိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေကလည်း သူ့ကို စောင့်ကြည့်ခဲ့ကြတာပါ။

ထိပ်တန်းအားကစားသမား၊ တောင်တက်သမားတစ်ဦးဖြစ်တဲ့ ဖလာမီနီဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်က ဂူထဲကို ဝင်သွားခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက အသက် ၄၈ နှစ်ကျော်ပဲ ရှိပါသေးတယ်။ ဂူထဲကနေ ပြန်ထွက်လာချိန်မှာတော့ အသက် ၅၀ ပြည့်မြောက်ခဲ့ပြီးပါပြီ။ မွေးနေ့ ၂ ရပ်ကို ဂူထဲမှာ တစ်ကိုယ်တော် ကျင်းပခဲ့တာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။