ပြည်တွင်းလေယာဉ်စီးခရီးသည်များလိုက်နာရမည့်စည်ကမ်းများ

Knowledge Local News

ပြန်လည်ဖွင့်လှစ်မည့် ပြည်တွင်းလေကြောင်းလိုင်းများတွင်စီးနင်းမည့် ခရီးသည်များလိုက်နာရမည့်စည်းကမ်းများ

ဒီဇင်ဘာ ၁၆ ရက်နေ့မှစ၍ ပြည်တွင်းလေကြောင်းခရီးစဉ်များပြန်လည် ခွင့်ပြုကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ

၁၂ ရက်နေ့တွင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။ပြည်တွင်းလေကြောင်းလိုင်းများပြေးဆွဲခွင့်ပြုလိုက်ပြီးနောက်

စီးနင်းမည့်ခရီးသည်များသည် အောက်ပါကျန်းမာရေးဆိုင်ရာစံနှုန်းသတ်မှတ်ချက်များကိုလိုက်နာရမည် ဖြစ်သည်။

၁. ခရီးသည်၏ အမည် နိုင်ငံသား စိစစ်ရေးအမှတ် နေရပ်လိပ်စာ ဆက်သွယ်ရမည့်ဖုန်းနံပါတ်တို့ကို လေယာဉ်လက်မှတ်ဝယ်ယူသည့်နေရာနှင့်

Check In ပြုလုပ်သည့်အချိန် မိမိသွားသည့်ခရီးဆုံးလေဆိပ်သို့ ရောက်ရှိချိန်များတွင် တာဝန်ရှိသူအား တင်ပြရမည်။

၂.Rapid Antigen Diagnostic Test(RDT)စစ်ဆေးရန်အတွက် ခရီးသည်များသည် ဝယ်ယူထားသော လေယာဉ်လက်မှတ်ကို သက်ဆိုင်ရာ ကျန်းမာရေးဌာနအားပြသရပါမည်။

၃.ခရီးသည်အနေဖြင့် Covid-19 သံသယဖြစ်ဖွယ် ဖျားခြင်း ချောင်းဆိုးခြင်း ရုတ်တရက် အနံ့ပျောက်ဆုံးခြင်း အစရှိသည့် အလုံးစုံကင်းမှသာ သတ်မှတ်ခရီးစဉ်တွင် လိုက်ပါရမည်။

၄.72 နာရီအတွင်း စစ်ဆေးထားသော RDT ကြိုတင်စစ်ဆေးချက်အား သက်ဆိုင်ရာလေကြောင်းလိုင်းတွင် ပြသရမည်။

၅လေယာဉ်ခရီးစဉ်တစ်လျှောက် ခွဲစိတ်ခန်းသုံး ပါးစပ် နှာခေါင်းစည်း(Surgical Mask) မျက်နှာကာ(Face shield)တို့အား သေချာစွာဝတ်ဆင်ထားရှိရမည်။

၆.မိမိသွားလိုသည့်မြိုသို့ လေယာဉ်ဆိုက်ရောက်ပါက ဒေသအာဏာပိုင်များ၏ ကျန်းမာရေးစစ်ဆေးမှု့များနှင့် လိုအပ်သော အသွားအလာကန့်သတ်ခြင်း လုပ်ငန်းစဉ်များအား မဖြစ်မနေ လိုက်နာဆောင်ရွက်ရပါမည်။

#အပြင်သွားရင် Mask တပ်ပါ။လက်ဆေးပါ။အိမ်မှာနေကြပါ။

Leave a Reply