နေ့ချင်းညချင်းစီးပွားတက်ကြပါစေ

Astrology
နေ့ချင်းညချင်းစီးပွားတက်ကြပါစေ

ရှေးဆရာတို့သည် ငွေကိစ္စ၊ အလုပ်ကိစ္စ၊ အရောင်းအ၀ယ်ကိစ္စ … စသည် စသည်တို့တွင်
အလျင်အမြန် အောင်မြင်ပြီးမြောက်လိုသောအခါ နေ့ ချင်းညချင်းဟူသော
အစီအရင်ကို စီရင်လေ့ရှိကြရာ တွင် စီရင်ပုံစီရင်နည်းမှာ ကြွေပန်းကန်ပြားတစ်ချပ် ပေါ်၌ ချင်းတက်တစ်တက်ကို တင်ပြီးသကာလ ထို ချင်းတက်ပေါ်တွင် မီးထွန်း၍
ဘုရားတွင်လှူဒါန်းရ မည်ဖြစ်ပြီး ထိုချင်းတက်ပေါ်တွင်ပင် နေ့ပိုင်း၌တစ် ကြိမ်၊ ညပိုင်း၌တစ်ကြိမ် မီးထွန်းလှူဒါန်းကာ မိမိ၏ အလျင်အမြန် ပြီးမြောက်အောင်မြင်လိုသောကိစ္စကို နေ့ချင်းညချင်း အောင်မြင်ပါစေသားဟု ဆုတောင်း ရမည်ဖြစ်လေ၏။

မိမိ၏ကိစ္စမှာ အရေးကြီးလျှင် ကြီး သလို ၃ ရက်၊ ၅ ရက်၊ ၇ ရက်၊ ၉ ရက် စသည် ဖြင့် မီးထွန်းနိုင်ပေသည်။ ထိုအစီအရင်နှင့် ခပ်ဆင်ဆင် နောက်ထပ် တစ်နည်း ဆောင်ရွက်နိုင်သည်မှာ စိန်တစ်တင်း၊ ချင်းတစ်တက်ဟူသော အစီအရင်ဖြစ်၍ ငွေမှား ပစ္စည်းမှား၊ အ၀ယ်မှား၊ အရောင်းမှား၊ ကတိမှား၊ စာချုပ်မှား ကြုံသောအခါတွင် ထိုသို့လျှင် ကြွေပန်း ကန်ပြားပေါ်၌ချင်းတက်ကိုတင်၍ ချင်းတက်ပေါ် တွင် မီးထွန်းကာ
ဆုတောင်းရန် ဖြစ်ပြီးလျှင် ထိုသို့ တစ်စုံတရာ အမှားအယွင်း အတိမ်းအစောင်း အချွတ် အချော် ပြေပျောက်လိုသောကိစ္စ၌ မီးထွန်းရာတွင် မူ နေ့ညအချိန်ပိုင်းခြားစရာမလိုဘဲ
မိမိ၏ကိစ္စ အ ရေးကြီးလျှင်ကြီးသလို စဉ်တိုက်ဆက်တိုက် မီးထွန်း ရန်သာ ဖြစ်ပါလေတော့၏။

ချင်းတက်ဆိုသည်မှာ တနင်္လာနံနှင့် စနေနံ ဖြစ်သောကြောင့် နံသင့်ဂဏန်းချင်းကို ပေါင်းလိုက် လျှင် ကိုးန၀င်းဖြစ်နေသော ပစ္စည်းတစ်ခုလည်း ဖြစ် လေသည်။

ဖော်ပြပါပုံကို ဓာတ်ပုံကူးယူ၍ မိမိတို့၏ ဆိုင် များ၊ အလုပ်ခန်းများ၊ အိမ်များတွင် ချိတ်ဆွဲထား ခြင်းအားဖြင့်လည်း နေ့ချင်းညချင်း စီးပွားတိုးတက်သော နိမိတ်ကောင်းကို ရရှိကြပါစေကုန်သတည်း။

သဗ္ဗေဓမ္မာ
ဇင်ယော်နီ

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။