ပြည်တွင်းလေကြောင်းနဲ့ လိုက်ပါမယ့်သူတွေကို ဆေးစစ်ရာ ကိုဗစ်လူနာ ၁ ဦး တွေ့ရှိ

Local News

ပြည်တွင်းလေကြောင်းနဲ့ လိုက်ပါမယ့်သူတွေကို ဆေးစစ်ရာ ကိုဗစ်လူနာ ၁ ဦး တွေ့ရှိ

ပြည်တွင်းလေကြောင်းခရီးစဉ်တွေမှာလိုက်ပါမယ့် ခရီးသည်တွေကို ကျောက်တံတားမြို့နယ် အတွင်းက

Tourist Burma အဆောက်အဦးမှာ စစ်ဆေးရာ ကိုဗစ် ကူးစက်ခံထားရသူ ၁ ဦးတွေ့ရတယ်လို့

ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်က အတည်ပြုပါတယ်။

မနေ့က စတင်စစ်ဆေးပေးခဲ့တာဖြစ်ပြီး လာရောက်စစ်ဆေးသူ ၇၇ ဦးထဲမှာ ၁ ဦးပိုးတွေ့ခဲ့ရတာပါ။

ပိုးတွေ့တဲ့လူနာကိုတော့ အောင်မြင့်မိုရ် ကုသရေးစင်တာကိုပို့ဆောင်ပေးခဲ့တယ်လို့

လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်က ပြောပါတယ်။

ဒီနေ့ကစတင်ပြီး ပြန်လည်ပြေးဆွဲမယ့် ပြည်တွင်းလေကြောင်းခရီးစဉ်နဲ့လိုက်ပါမယ့် သူတွေဟာ

၃၆ နာရီ အတွင်းစစ်ဆေးထားတဲ့ ဓာတ်ခွဲရလဒ်ကို တင်ပြရမှာဖြစ်တာကြောင့်

ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် တွေမှာ စစ်ဆေးပေးနေတာပါ။

ရန်ကုန်မှာတော့ ကျောက်တံတားမြို့နယ် အတွင်းက Tourist Burma အဆောက်အဦး ၊

အောင်မင်္ဂလာ အဝေးပြေးကွင်းက ဒေသန္တရကျန်းမာရေးဌာနမှာစစ်ဆေးပေးနေတာပဲဖြစ်ပါတယ်။

စစ်ဆေးပေးတာကိုတော့ မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ စစ်ဆေးပေးနေတာပါ။

Source : 7 Day TV

Leave a Reply