ပဲခူးတွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၁၈ ဦးကို ဖမ်းဆီးထားစဉ် ကျန်းမာရေးစစ်ဆေးရာ ၁၃ ဦးတွင် ပိုးတွေ့

Local News

ပဲခူးမြို့၊ အမှတ်(၂)ရဲစခန်းအချုပ်မှ ပိုးတွေ့ပြစ်ဒဏ်ကျအကျဉ်းသားများကို

တာဝန်ရှိသူများက ပြောင်းရွှေ့ရန်ပြင်ဆင်နေစဉ် (ဓာတ်ပုံ − သန်းဝင်းနိုင်)

ပဲခူးမြို့နယ်အတွင်း ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၁၈ ဦးကို ဖမ်းဆီးထားစဉ်

ကျန်းမာရေးစစ်ဆေးရာ ၁၃ ဦးတွင် ကိုရိုနာ ဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိကြောင်း

ပဲခူးခရိုင် ကျန်းမာရေးဦးစီးမှူး ဒေါက်တာသီဟက အတည်ပြု သည်။

အဆိုပါ ၁၈ ဦးမှာ ပဲခူးမြို့အမှတ် (၁)ရဲစခန်းနယ်မြေအ တွင်း ဖမ်းဆီးရမိသူများဖြစ်ပြီး မြို့နယ်တွင်း

ရောဂါကူးစက်မှုမြင့် တက်နေခြင်းကြောင့် ဖမ်းမိသူများကို သီးခြားထား၍ စစ်ဆေးရာတွင်  ၁၃ ဦး

ပိုးတွေ့ရှိခြင်းဖြစ်သည်ဟု  ၎င်းက ပြောသည်။

“ကျွန်တော်တို့ အမှတ်(၁) စခန်းအပိုင်းမှာ ပြည်သူတွေကိုပညာပေးအနေနဲ့ ဆောင်ရွက်တဲ့အခါမှာ

ညမထွက်ရအမိန့် ဖောက်ဖျက်တဲ့ ၁၈ ဦးကို ထိန်းသိမ်းလိုက်  တယ်ပေါ့။ ပထမအကြိမ်စစ်တော့

အဲဒီအထဲကတစ်ဦး ပိုးတွေ့တယ်။ နောက်သုံးရက်အကြာမှာ

ဒုတိယအကြိမ်အဖြစ် ဓာတ်ခွဲနမူနာယူ ပြီး PCR နည်းနဲ့ ထပ်စစ်တော့ နောက်ထပ် ၁၂ ဦး ထပ်တွေ့ တယ်။

အားလုံးပိုးတွေ့ ၁၃ ဦးဖြစ်ပါတယ်’’ဟု ဒေါက်တာသီဟ က ပြောသည်။

ညမထွက်ရအမိန့် ဖောက် ဖျက်မှုနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းအလိုက်

ဖမ်းဆီးထားသူဦးရေမှာ အမှတ်(၁) စခန်းနယ်မြေတွင် ၁၈ ဦး၊ အမှတ်(၂) စခန်းနယ်မြေတွင်

တစ်ဦးနှင့်အမှတ် (၃)စခန်းနယ်မြေတွင် ခြောက်ဦး အသီးသီးရှိပြီး အမှတ် (၁)မှအပ ကျန်စခန်းများတွင်

ပိုး မတွေ့ကြောင်း ပဲခူးမြို့မရဲစခန်းမှ  တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

‘‘ညမထွက်ရအမိန့် ဖောက်ဖျက်တဲ့သူတွေကိုတော့ ပညာပေးကာလဖြစ်တာကြောင့်

သူတို့ကိုတရားခံအနေနဲ့ မသတ်မှတ်တော့ဘူး။ လက်ရှိမှာ သက်ဆိုင်ရာ ကုသရေးဌာနထံ

ပို့ဆောင်ထားပါတယ်’’ဟု အထက်ပါတာဝန်ရှိ သူက ရှင်းပြသည်။

ထို့အပြင် ပဲခူးမြို့ အမှတ်(၂)ရဲစခန်းအချုပ်မှ မူးယစ်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၂၈ ဦးကို

ဒီဇင်ဘာ ၁၂ ရက်တွင် ပထမအကြိမ် စစ်ဆေးရာ ခြောက်ဦးပိုးတွေ့ခဲ့ပြီး

ယခုထပ်မံ၍ ဒုတိယအကြိမ် စစ်ဆေးရာတွင် ၁၇ ဦးပိုးတွေ့ရှိခြင်းကြောင့် ပြစ်ဒဏ်ကျအချုပ်သား ၂၃ ဦးအထိ

ပိုးတွေ့ရှိထားကြောင်း ခရိုင်ကျန်းမာရေးမှူး ဒေါက်တာ သီဟက ပြောသည်။

‘‘ပိုးတွေ့တဲ့သူအားလုံးက  မူးယစ်တရားခံတွေဖြစ်နေတော့  ကုသမှုပေးတဲ့အချိန်မှာ

သူတို့ကတခြားသူတွေနဲ့ ရောထားလို့မရ ဘူး။ လုံခြုံရေးပိုင်းဆိုင်ရာကအစ စီစဉ်ရတော့

ဒါကိုရဲတပ်ဖွဲ့နဲ့ ညှိ နှိုင်းဆောင်ရွက်ထားပါတယ်’’ဟု ၎င်းက ပြောသည်။

ပဲခူးမြို့နယ်အတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှုအခြေအနေမှာ ဒီဇင်ဘာ ၁၅ ရက်နေ့ တစ်ရက်  တည်းတွင်

ပိုးတွေ့လူနာ ၆၇ ဦးရှိပြီး ဒီဇင်ဘာ ၁၄ ရက်တွင် ၃၂ ဦးရှိခဲ့သည်။

လက်ရှိ အခြေအနေတွင် တစ်မြို့နယ်လုံး ပိုးတွေ့လူနာစစ် ဆေးတွေ့ရှိမှုမှာ ၁,၇၈၇ ဦးရှိပြီး

ယမန်နေ့အထိ သေဆုံးသူ ၁၁ ဦးရှိကြောင်း ပဲခူးမြို့နယ် ကျန်းမာ ရေးဦးစီးဌာနက ထုတ်ပြန်ထား သည်။

Source : 7 Day TV

Leave a Reply