ခင်ပွန်းသေပြီး သုံးနှစ်အကြာမှာ ခင်ပွန်းရဲ့ရင်သွေး သမီးလေးကို မွေးဖွားနိုင်ခဲ့သူ….မဖြစ်နိုင်ဘူးလို့အပြောမစောပါနဲ့ဦးနော်…ဖတ်ကြည့်ပါဦး

Local News

သိပ္ပံပညာနဲ့ အလွန်အလှမ်းဝေးသူများအဖို့ ခင်ပွန်းသေပြီးလို့ နောက်ထပ် တစ်နှစ်လောက်အကြာမှ သူရဲ့ ကလေးကို မွေးဖွားတယ်ဆိုတာအတော်လေးကို လက်ခံရ ခက်ခဲတဲ့ သတင်းဖြစ်ပါလိမ့်မယ်။ အခုဟာက ခင်ပွန်းသေပြီးမှ သူရဲ့ သွေးရင်းသားရင်းကို သုံးနှစ်အကြာမှာ မွေးတယ်ဆိုတာက သာလို့တောင် မဖြစ်နိုင်တဲ့သတင်း အူလှိုက်သည်းလှိုက် ရယ်ရမယ့် သတင်းတစ်ပုဒ် ဖြစ်နေမှာပါ။ဒါပေမယ့် သိပ္ပပညာ၊ ခေတ်မီတဲ့ ဆေးပညာ၊ အလွန်ကိုပြောင်းလဲတိုးတက်လာတဲ့ နည်းပညာခေတ်ကြီးမှာ အားလုံးကို ဖြစ်နိုင်တယ်လို့ မဆိုလိုပေမယ့်၊ ကျနော်တို့စိတ်က မဖြစ်နိုင်ဘူးလို့ ထင်မှတ်ထားတဲ့ အရာတွေကိုတော့ ဖြစ်အောင် လုပ်နိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အခုလည်း အသက် 32 အရွယ်မှာ အကြွေစောခဲ့ရတဲ့၊ New York Police Department’s (NYPD) ရဲဌာနမှာ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Liu အမည်ရ အမျိုးသားဟာ 2014 ခုနှစ် လူဆိုးတစ်စုရဲ့ ပစ်ခတ်လုပ်ကြံမှုကို ခံရပြီး သေဆုံးခဲ့ပါတယ်။ သေနတ်ပစ်ခတ်ခံရချိန်မှာ သူနဲ့အတူ အခြားရဲအရာရှိတစ်ယောက်လည်း ကားထဲမှာအတူရှိနေပြီး၊ နှစ်ဦးစလုံး သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။2017 ခုနှစ် ဇူလိုင်လမှာ Liu ရဲ့ ကျန်ရစ်သူ ဇနီး Pei Xia Chen ဟာ Liu ရဲ့ ရင်သွေးအစစ် သမီးလေးကို မွေးဖွားခဲ့ပါတယ်။

အကြောင်းရင်းကတော့ ဒီလိုပါ။ Chen ဟာ ခင်ပွန်းသည် ဆေးရုံအရေးပေါ်ဌာနမှာ အသက်လုနေခဲ့ရချိန်မှာ ဒေါက်တာတွေရဲ့ ပြောကြားချက်အရ ခင်ပွန်းသည်အသက်ပြန်ရှင်နိုင်ချေမရှိတော့မှန်းသိခဲ့ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာကိုခင်ပွန်းသည်ရဲ့ သုတ်ရည် (Semen) ကိုသိမ်းထားခွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒေါက်တာတွေကလည်း သေဆုံးသူနဲ့ တိုက်ရိုက်သက်ဆိုင်သူရဲ့ ဇနီးဖြစ်တဲ့တွ

က် Liu ရဲ့ သုတ်ပိုးကို ထုတ်ပေးခဲ့ပါတယ်။ အဆိုပါ သုတ်ရည်ကို အထူးထိမ်းသိမ်းစောင့်ရှောက်ရေး၊ Frozen Box ထဲမှာ သိမ်းပေးထားပြီး၊ အခုအချိန်မှာတော့ Chen ရဲ့ မျိုးဥအိမ်ထဲကိုထည့်သွင်းပေးပြီး ကိုယ်ဝန်ဆောင်စေတာပါ။Chen ဟာ ခင်ပွန်းသည်ရဲ့ Semen ကို တစ်ကြိမ်ထည့်သွင်းရုံနဲ့ ချက်ချင်းတန်းပြီး ကိုယ်ဝန်ရခဲ့တာတော့ မဟုတ်ပါဘူး။ အကြိမ်းပေါင်းများစွာ ပြုလုပ်ပြီးမှ 2016 ခုနှစ် နှစ်ကုန်ပိုင်းမှာ ကိုယ်ဝန်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့မဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့ အရာတစ်ခုကို ဆေးပညာ၊ နည်းပညာ ပေါင်းစပ်ပြီး လုပ်ပြနိုင်ခဲ့တဲ့ အောင်မြင်မှုတစ်ခုပါ။အခုဆို ယောက္ခမတွေကလည်း သားဖြစ်သူ Liu ရဲ့ ရင်သွေးလေးကို မြင်ရပြီမို့ အလွန်ပျော်ရွှင်နေကြပါတယ်။

Leave a Reply