လူမှုကွန်ယက်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် လုံခြုံရေးတာဝန်ယူပေးနေတဲ့ ချယ်ရီထက်ကို ခေါ်ယူစစ်ဆေးနေပြီ ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေ။

Local News

လူမှုကွန်ယက်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် လုံခြုံရေးတာဝန်ယူပေးနေတဲ့ ချယ်ရီထက်ကို ခေါ်ယူစစ်ဆေးနေပြီ ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။အဆိုပါ သတင်းအမှားကို စစ်သွေး ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၁၄ မိနစ်မှာ တင်ထားတာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားကို ဖြန့်ဝေရာမှာ ပန်းချီဆရာမနုယဉ် ရေးဆွဲထားတဲ့ ချယ်ရီထက်ရဲ့ ပုံတူ ပန်းချီကားပုံပေါ်မှာ သတင်းအမှားဖြန့်သူတွေက ” မိခင်တပ်က ပြန်လည်ခေါ်ယူပြီး စစ်ဆေးနေတယ်တဲ့” ဆိုတဲ့ စာကို ဓါတ်ပုံအပေါ်မှာရေးထားပြီး “ခုတစ်လော လူမှုကွန်ယက်ပေါ်ပျံ့နှံ့နေတဲ့သတင်းတွေထဲမှာ ချယ်ရီထက်လည်း ပါဝင်လာတာတွေ့နေရပါတယ်။ လူအများစိတ်ဝင်စားမယ်ဆိုလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ် ချယ်ရီထက်ဟာ တစ်လောကပဲ ဒေါ်စုနဲ့အတူပါသွားတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာကတည်းက အစအနရှာမရအောင် လက်စလက်နပါ ပျောက်သွားခဲ့တာပါ။ ယနေ့အချိန်ထိတော့ ဘယ်သူဘယ်ဝါမှ တိတိကျကျမသိသေးပဲ သတင်းတွေကတော့ ပျံ့နှံ့နေဆဲပါ။ သေပြီဆိုပြီးပထမသတင်းထွက်လာတယ် နောက်တော့ ထိန်းသိမ်းထားတယ်ဆိုတဲ့သတင်း ထပ်ထွက်ပေါ်လာတယ်။ ဘယ်လိုပဲပြောပြော သေချာတာကတော့ သူမပျောက်ကွယ်နေခြင်းနောက်မှာအကြောင်းထူး တစ်ခုခုရှိနေမှာတော့အမှန်ပါပဲ။ ရွေးကောက်ပွဲ ကာလအတွင်းမှာ ထူးဆန်းတဲ့ဖြစ်ရပ်၂ခုကတော့ Orchidဦးဌေးအောင်ရုံးမထုတ်ခြင်းနဲ့ ချယ်ရီထက် ပျောက်ဆူံးနေမှုပါပဲ” (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားဖြန့်ဝေထားပါတယ်။ 

သတင်းဆန်းစစ်ချက် လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ အနီးကပ် လုံခြုံရေးတာဝန်ယူထားရတဲ့ မချယ်ရီထက်ကို ခေါ်ယူ စစ်ဆေးနေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ သတင်းအမှားသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး “ဒီသတင်းတွေက ဟိုးရွေးကောက်ပွဲ မတိုင်ခင်ထဲက တင်ကြတဲ့ သတင်းအမှားတွေပါ။ သူ့ကိုလည်း သတင်းအမှားတွေဖြန့်ပြီး ခဏ ခဏ တိုက်ခိုက်နေကြတာပဲ။ ဒါတွေက သတင်းအမှားတွေပါ။ ခုထိတာဝန်ထမ်းဆောင်နေဆဲပါပဲ” လို့ မုံရွာအောင်ရှင်က Boom Myanmar ကို ပြောပါတယ်။ 

Leave a Reply