ဗဟန်းမြို့နယ်ရှိ  မြေပဒေသာကျွန်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား

Local News

ဗဟန်းမြို့နယ်ရှိ  မြေပဒေသာကျွန်းတွင် မီးလောင်ကျွမ်းမှု ဇန်နဝါရီ ၁၄ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည်။ ဇန်နဝါရီ ၁၄ ရက် ည ၈ နာရီခွဲကျော်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ မြေပဒေသာကျွန်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ သွားရောက်ခဲ့သည်။ မြေပဒေသာကျွန်းတွင် ဖွင့်ထားသည့် ဆိုင်အချို့ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ည ၈ ခွဲလောက်မှာ သတင်းရလို့ သွားတာပါ။ မြေပဒေသာကျွန်းက ပန်းဉယျာဉ်ဆိုင် လောင်တာပါ။ ဆိုင်ဘယ်နှစ်ခန်းလောင်လဲတော့ မသိရသေးဘူး။ အတွဲလိုက်လောင်တာ။ မီးလောင်လို့ သက်ကြီးပိုင်းတစ်ဉီး မူးလဲတာတော့ သိရတယ်။ အဲ့ဆိုင်က လူလို့ထင်ရပါတယ်” ဟု ဂရုဏာကမ်းလက် လူမှုကူညီကယ်ဆယ်ရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဉီးက ပြောကြားသည်။မီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့မှ level 1 သတ်မှတ်ခဲ့ပြီး ည ၉ နာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

Leave a Reply