အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာကို စကားဝှက်မေ့နေတာကြောင့် ဆုံးရှုံးရတော့မယ့် အမျိုးသား

Local News

ကိုယ်သုံးထားတဲ့ စကားဝှက်ကိုဘဲ လူတွေဟာ တစ်ခါတလေမှာ သတိမေ့တတ်ကြပါတယ်နော်။ facebook အကောင့် password တို့၊ ATM card ရဲ့ password တို့ အစရှိတာတွေကို ရုတ်တရက် မေ့တတ်ကြပါတယ်နော်။အဲဒီ Password တွေမေ့သွားရင်လဲ ပြန်ပြီး တစ်ခုခုပြန်လုပ်ပြီးတော့ Password အသစ်ကို ထားနိုင်တာပါ။ တစ်နည်းအားဖြင့် ဆုံးရှုံးမှုဆိုတာ သိပ်မများပါဘူးပေါ့။ ယခုပြောပြချင်တဲ့ အမျိုးသားတစ်ယောက်ဟာ မေ့နေတဲ့ passwordတစ်ခုကြောင့်ဘဲ ကမ္ဘာပျက်မတက်ကို ဖြစ်နေတာပါ။ ဘာလိုလဲဆိုတော့ အဲဒီ password ကို မဖော်နိုင်ခဲ့ရင် အဲဒီအမျိုးသားဟာ အမေရိကန်ဒေါ်လာ ၂၄၅ သန်းကျော်ကို ချက်ချင်းဆုံးရှုံးရတော့မှာကြောင့်ပဲ ဖြစ်ပါတယ်တဲ့။အဆိုပါ အမျိုးသားက ဂျာမနီနိုင်ငံသားတစ်ယောက်ဖြစ်တဲ့ Stefan Thomas ပါ။ Stefan ကတော့ ကွန်ပျူတာ ပရိုဂရမ်မာတစ်ယောက်ဖြစ်ပြီးတော့ လက်ရှိမှာတော့ အမေရိကန်နိုင်ငံ၊ California ပြည်နယ်ရှိ San Francisco မြို့မှာနေထိုင်နေတာပါ။ Stephan ဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းက Animation ဗီဒီယိုတစ်ခုကို ဖန်တီးခဲ့တဲ့ အတွက်ကြောင့် Bitcoin ,၀၀၂ ခုကို လက်ခံရရှိခဲ့ပါတယ်တဲ့။ Bitcoin ဆိုတာကတော့ Digital money တစ်မျိုး ဖြစ်ပါတယ်နော်။အဲဒီအချိန်တုန်းကတော့ Stephan ဟာ အဆိုပါ Bitcoin တွေကို Hard drive တစ်ခုထဲမှာ password ခံပြီးတော့ သိမ်းဆည်းထားကာ password ကိုတော့ စာရွက်တစ်ရွက်နဲ့ ချမှတ်ပြီး ရေးသားခဲ့ပါတယ်တဲ့။

အခုအချိန်မှာတော့ အဆိုပါ Bitcoin တစ်ခုဟာ အမေရိကန်ဒေါ်လာ ၃၄,၀၀၀ ကျော် တန်ဖိုးရှိနေခဲ့ပြီပဲ ဖြစ်ပါတယ်နော်။ ဒါ့ကြောင့် Stephan ဟာ သူ့ရဲ့ Hard drive ထဲက Bitcoin တွေကို ပြန်ထုတ်ရောင်းဖို့ ကြံစည်ခဲ့ပါတယ်တဲ့။ဒါပေမယ့် ကံဆိုးချင်တော့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အဆိုပါ Hard drive ရဲ့ password ကို ချရေးထားတဲ့ စာရွက်ဟာ ပျောက်ဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်တဲံ။ ဒါ့အပြင် Stephan ဟာ အဲဒီအချိန်တုန်းက သူပြုလုပ်ခဲ့တဲ့ password ကို သူကိုယ်တိုင် မေ့နေတာပါ။

ကံထပ်ဆိုးချင်တော့ အဆိုပါ Hard drive ဟာ password ရိုက်သွင်းတာ ၁၀ခါအထိ မှားနေရင်တော့ အထဲက Data တွေဟာ သူ့အလိုလို ပျက်ဆီးသွားမှာ ဖြစ်ပြီးတော့ အမေရိကန်ဒေါ်လာ ၂၄၅ သန်းကျော်တန်တဲ့ Bitcoinတွေဟာလည်း သူ့အလိုလို ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်တဲ့။ လက်ရှအချိန်အထိတော့ Stephan ဟာ password အမှားတွေကို ၈ ကြိမ်တိုင် ရိုက်ထားပြီးဖြစ်ပြီးတော့ ၂ ကြိမ်သာ ထပ်မံကြိုစားခွင့် ကျန်တော့မှာပဲ ဖြစ်ပါတယ်တဲ့။

Leave a Reply