မနက်ကရွှေတိဂုံဘုရားအနီး ကြက်သီးထဖွယ်မြင်ကွင်းတစ်ခု…

Local News

မနက်ကရွှေတိဂုံဘုရားအနီးမှာတက္ကစီတစ်စီးပျက်သွားတော့လမ်းတွေပိတ်တာပေါ့….ပျက်သွားတဲ့တက္ကစီကိုယာဉ်မောင်းကတစ်ယောက်တည်းတွန်းတယ်…..ကုန်းတက်ကြီးဆိုတော့ဘဘယ်အဆင်ပြေပါ့မလဲအနီးမှာရှိတဲ့ယာဉ်ထိန်းရဲကပြေးလာပြီကူတွန်းတယ်

ထင်သလောက်မတွန်းနိုင်ဘူးအဲဒီမှာလက်တစ်ဖက်မရှိတဲ့သတင်းစာရောင်းသည်ကပြေးလာပြီကူတွန်းတယ်……….တစ်ဆက်တည်းပန်းသည်ရယ်၊ကွမ်းယာသည်ရယ်ကပါဝိုင်းတွန်းတော့နောက်ဆုံးပျက်နေတဲ့တက္ကစီကုန်းပေါ်ရောက်သွားတော့တယ်လမ်းပိတ်နေတာကလည်းရှင်းသွားတယ်ကိုယ်လည်းဖုန်းအမြန်ထုတ်ပြီးမှတ်တမ်းတင်လိုက်တယ်…..

ကားကိုဝိုင်းတွန်းတဲ့တစ်ဦးတစ်ယောက်ချင်းစီကိုလေးစားတယ်တကယ်တော့သူတို့နဲ့မဆိုင်သလိုနေလို့ရတာပေါ့ဒါပေမဲ့ကိုယ်စီအသိစိတ်နဲ့ပြေးလာပြီးတစ်ယောက်တစ်ဖက်တစ်ယောက်တစ်လက်နဲ့ဝိုင်းကူညီတော့နောက်ဆုံးကားပိတ်တာကြီးကိုဖြေရှင်းသွားနိုင်တယ်

အခုမြန်မာပြည်မှာဖြစ်နေတဲ့ပြသနာတွေဟာကျွန်တော်တို့အတူတူမရှိဘူးကြသေးလို့ပါကျွန်တော်တို့အတူတူးမတွန်းရသေးလို့ပါကျွန်တော်တို့အတူတူလက်ဆွဲမနှုတ်ဆက်ရသေးလို့ပါလာပါလက်သီးဆုပ်တွေဖြည်ပြီးလက်ဆွဲနှုတ်ဆက်ပြီးကျွန်တော်တို့အတူတူကုန်းပေါ်တက်မယ်လေ

ကျွန်တော်တို့လက်တွေစုပြီးကဗျာတစ်ပုဒ် ချရေးမယ်ကြိုက်တဲ့ခေါင်းစဉ်တပ်ငြိမ်းချမ်းရေးအကြောင်းတွေပါ ပါစေ စာလုံးပေါင်းတွေမှားလည်းရတယ်ဂျိုးဖြူငှက်တွေအကြောင်းတော့ပါပါစေဒီမှာရှမ်းကြီးမရှက်နဲ့ခင်ဗျားကအစ်ကိုကြီးဆိုကျုပ်ကညီငယ်လေးတို့တိုင်းရင်းသားတွေဘယ်သူပဲဗိုလ်လုပ်လုပ်သေနတ်မပါကြေးနော်

ဟိုး….မှာတွေ့လားတက္ကစီဆရာအပါအဝင်ယာဉ်ထိန်းရဲကြီးရယ်၊လက်တစ်ဖက်ပဲရှိတဲ့သတင်းစာရောင်းသည်ကြီးရယ်၊ပန်းသည်ကြီးရယ်၊ကွမ်းရောင်းတဲ့ညီလေးရယ်ကကုန်းပေါ်ကလက်ပြနေပြီပြည်တွင်းစစ်တွေရပ်ဆဲပြီးငြိမ်းချမ်းရေးတောင်ပေါ်ကိုကျုပ်တို့ပြေးတက်ရ အောင်ဗျာ……ဆောင်းတွင်းမို့အေးတယ်တဲ့လားရခိုင်ကြီးရေဒါဆိုကျောပိုးထား…….ကျုပ်တို့ပြေးတက် တော့မယ်နော်ချယ်ရီပန်းတွေအစားသပြေပန်းတွေပွင့်နေပြီတဲ့ဒီလမ်းဘယ်လောက်ကြမ်းကြမ်းကျုပ်တို့ရအောင်တက်မယ်ဗျာ……

Credit:မင်းရသ(25.1.2021)

Leave a Reply