ဦးကျော်မိုးထွန်းအား လုပ်ကြံရန်ကြံစည်မှုသည် မိမိတို့နှင့်မသက်ဆိုင်ကြောင်း စစ်ကောင်စီငြင်းဆို

Local News

ဦးကျော်မိုးထွန်းအား လုပ်ကြံရန်ကြံစည်မှုသည် မိမိတို့နှင့်မသက်ဆိုင်ကြောင်း စစ်ကောင်စီငြင်းဆို

အခုတင်ဆက်ပေးမယ့် သတင်းကတော့ ဦးကျော်မိုးထွန်းအား လုပ်ကြံရန်ကြံစည်မှုသည် မိမိတို့နှင့်မသက်ဆိုင်ကြောင်း စစ်ကောင်စီငြင်းဆိုတဲ့ သတင်းဖြစ်ပါတယ်။

စစ်ကောင်စီက ၎င်း၏ သတင်းစာရှင်းလင်းပွဲတွင် ဦးကျော်မိုးထွန်းအား လုပ်ကြံရန် ကြံစည်မှုသည် အမေရိကန် ပြည်တွင်းကိစ္စသာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

(၁) ၇၂ နာရီကြာ နှုတ်ဆိပ်နေခဲ့သည့် အာဏာသိမ်း အဖွဲ့မှ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား သတ်ဖြတ်ရန် ကြံစည်မှုသည် မိမိတို့နှင့် မည်သို့မျှ မသက်ဆိုင်ဟု ငြင်းဆိုချက် ထုတ်ပြန်လိုက်ပြီး ယင်းသည် အမေရိကန် ပြည်တွင်း ကိစ္စသာ ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ကုလဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါ ဂရင်းဖီး၏ ပြောဆိုခဲ့မှုအားလည်း ပြင်းထန်းစွာ ကန့်ကွက်သည်ဟုလည်း ပါရှိလာသည်။

ဤသည်ကလည်း မိုးကြိုး ကို ထန်းရွက်နှင့် ကာရန် ကြိုးစားမှုထက် မပိုသော လုပ်ရပ်မျိုးပင် ဖြစ်သည်။

ထိုင်းဘုရင် ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်မှ နယူးယောက်ရှိ မြန်မာ သံအမတ်ကြီးအား လုပ်ကြံရန် ကြံစည်ခဲ့မှု တွင် မိမိတို့ နိုင်ငံရှိ ဆက်စပ် သံသယ
ရှိသူ အား စုံစမ်းပေးရန် အမေရိကန် ဖက်က ဆက်သွယ်လာခြင်း မရှိသေးဟု သိရသည်။

အမေရိကန်ကဲ့သို့သော နိုင်ငံကြီးတွင် စီးကရက်ပင် တရားဝင် ဝယ်ခွင့် မရသေးသည့် ချာတိတ်တဦးက နိုင်ငံကိုယ်စားပြု သံအမတ်ကြီးကို သတ်ဖြတ်ရန် ကြံစည်ခဲ့မှု အတွက်လည်း လူပြောများနေသည်။

ကမ္ဘာအလယ်တွင် ၎င်းတို့အား တရားဝင် ထောက်ခံသည့် နိုင်ငံဟူ၍ လက်ငါးချောင်း ပြည့်အောင်ပင် ရည်တွက်၍ မရ ဖြစ်နေချိန်တွင် ထိုသို့သော သတင်းမျိုး ထွက်ပေါ်လာသည့် အတွက် အာဏာသိမ်း အဖွဲ့အဖို့ အနိမ့်ဆုံး အဆင့်သို့ ထပ်၍ ထိုးကျသွားရခြင်းပင် ဖြစ်သည်။

၎င်းတို့၏ ညဏ်ပညာ နည်းမှုကြောင့် ဦးကျော်မိုးထွန်းသည် လာမည့်နှစ်အတွက် မြန်မာ သံအမတ်ကြီး အဖြစ် ဆက်လက်တည်ရှိနေရန် သေချာသည်ထက် သေချာသွားရပြီ ဖြစ်သည်။

မည်သို့ပင် ဖြစ်စေ ညဏ်ပညာ နည်းသူများသည် ခန့်မှန်းတွက်ဆရန် ခက်ခဲလှသဖြင့် အန္တရာယ် အရှိဆုံးလည်း ဖြစ်သည်။

(၂) ကမ္ဘာ စားနပ်ရိက္ခာ အဖွဲ့ကြီးမှ လာမည့် ၆ လ ကာလအတွင်း မြန်မာပြည်သူများအား ကူညီ ထောက်ပံ့ရန်လျာထားထားသည့် ဒေါ်လာ ၈၆ သန်း အနက် ၃၀% သာ လက်ခံရရှိသေး၍ အခက်အခဲများ ဖြစ်လာနေသည်ဟု ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။

အာဏာသိမ်းခဲ့မှုကြောင့် နိုင်ငံအတွင်း အလုပ်အကိုင် ဆုံးရှုံးမှုများ၊ အစားအသောက် နှင့် လောင်စာဆီဈေးနှုန်းများ ကြီးမြင့်လာနေမှု၊ နိုင်ငံရေး မတည်ငြိမ်မှု၊ အကြမ်းဖက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရမှူ များအပြင် ကိုဗစ်-၁၉ အကြီးအကျယ် ကူးစက်ပျံ့နှံ့လာနေသည့် အန္တရာယ်ကြီးနှင့် လည်း ထပ်မံကြုံတွေ့လာကြရသည်။

ရန်ကုန် ရှိ ကျုးကျော်ရပ်ကွက်များတွင် နေထိုင်သူ ၉၀% ခန့်သည် ဝမ်းရေး အတွက် ပိုင်ဆိုင်သမျှအား ပေါင်နှံ ရောင်းချကာ ဖြေရှင်းနေရသည်ဟု ကမ္ဘာစားနပ်ရိက္ခာအဖွဲ့၏ ဌာနေ ကိုယ်စားလှယ် စတီဖင် အန်ဒါဆန်က ဆိုသည်။

ယခု အချိန်ထိ နိုင်ငံတွင်းရှိ ၁.၂၅ သန်း ရှိ လူများသည် ကမ္ဘာစားနပ်ရိက္ခာ အဖွဲ့ကြီးမှ ထောက်ပံ့သော စားနပ်ရိက္ခာ၊ ငွေကြေး နှင့် အဟာရ များကို လက်ခံရရှိခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

အိန္ဒိယ အစိုးရ က မြန်မာပြည်တွင် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ဝင်ရောက် ခိုလှူံလာသူပေါင်း ၈,၄၈၆ ဦးအား လက်ခံထားရပြီ ဖြစ်သည်ဟု ပါလီမန်သို့ တရားဝင်အသိပေးလိုက်ပြီ ဖြစ်သည်၊ ယင်းသည် မဖြစ်မနေ ဒုက္ခရောက်နေကြ၍ လက်သင့်ခံထားရခြင်း ဖြစ်ပြီး ပြန်၍ နှင်လွှတ်ခဲ့ရသူ ၅,၇၉၆ ဦး ရှိခဲ့သည်ဟု ဆိုသည်။

မင်းအောင်လှိုင် နှင့် အဖွဲ့က ပြည်တွင်း တွင်သာမဟုတ် အိမ်နီးချင်း နိုင်ငံများပါ ဒုက္ခပေးလာနေပြီဖြစ်သည်၊ ၎င်းတို့ကြောင့် ထိုသို့ ထွက်ပြေးခဲ့ရသူများကို သူပုန်များ၏ မိသားစုများဟုု လက်လွတ်စပယ်ပြောဆိုခဲ့သည့် အစဉ်အလာများကလည်း ရှိပြီး ဖြစ်သည်။

လာမည့် ဩဂုတ်လကုန်ပိုင်းတွင် ရခိုင်ပြည်နယ် အတွင်း ရိုဟင်ဂျာ များ အပေါ် သတ်ဖြတ် နှင်ထုတ်ခဲ့သည့် လေးနှစ်မြောက် နှစ်ပတ်လည်နေ့ကြီးက စစ်အာဏာရှင်များကို ခြောက်လှန့်လာတော့မည်လည်း ဖြစ်သည်။

ဘိုင်ဒင် အစိုးရ အဖွဲ့အား နောက်နောင် တွင် အခြားနိုင်ငံများမှ ထိုကဲ့သို့လက်လွတ်စပယ် ကျူးလွန်နိုင်ခြင်း မရှိအောင် ဟန့်တားသည့် အနေဖြင့် မြန်မာစစ်ခေါင်းဆောင်များ ကို ဂျီနိုဆိုက် မှု ကျူးလွန်သည်ဟု ကင်ပွန်းတပ်ပေးရန် တောင်းဆိုနေကြပြီ ဖြစ်သည်။

၎င်းတို့ အား နိုင်ငံတော် အတိုင်ပင်ခံ၏ မျက်နှာကြောင့် ယခင် ကလေးလက်ဝှေအိတ်ကလေး kid gloves ဖြင့် သာ ထိုးနေခြင်း ဖြစ်သည်ကို ကျေးဇူးတင်ရကောင်းမှန်းမသိ၊ ယခုအခါ သံမဏိ လက်အိပ် ဖြင့် ထိုးနှက်လာ‌‌ ပေတော့မည်၊ ကာကွယ်ဖို့ကလည်း ဝဏ္ဍမောင်လွင် လို လူမျိုးကိုသာ အားကိုးရတော့မည် ဟူသော အတွေးကလည်း ၎င်းတို့ အဖို့ မည်သို့မျ စိတ်သက်သာစရာ ရနိုင်ဖို့ အကြောင်းမမြင်ပေ။

တကယ်တမ်းတွင် ထိုသို့ လိမ်ညာဖုန်းကွယ်မှုများနောက်တွင် ပုန်းလျိုးနေသည့် ဣသာ မစ္ဆိယစိတ်ကို အတိုင်းသား မြင်နေရသည်၊ ထိုသို့ စိတ်ထဲတွင် တနုံ့နုံ့ ဖြစ်လာနေမှုသည် ထုနှင့်ထည်နှင့် ဖြစ်လာပြီး မကောင်းဆိုးဝါးကြီး ဖြစ်ရန် တာစူ လာသည်၊‌ နောက်ဆုံးတွင် ထိုမကောင်းဆိုးဝါးကြီးက လူသားကို အနိုင်ယူ ဝါးမြိုသွားခဲ့ခြင်းပင် ဖြစ်၍ သံဝေဂ ယူစရာ ကောင်းလှပေသည်။

(၃) အာဆီယံ အထူး သံတမန်မှ နိုင်ငံတွင်း ၎င်းတွေ့သင့်သည့် လူအားလုံး ကို တွေ့ဆုံခွင့် ပေးရမည်ဟု တင်းတင်းမာမာ တောင်းဆိုလာနေချိန်တွင် အာဏာသိမ်းအဖွဲ့မှ ၎င်းတို့၏ တရားရုံးတွင် ဖမ်းဆီးခံထားရသောနိုင်ငံတော် အတိုင်ပင်ခံ အတွက် ခုခံလျှောက်လှဲပေးနေသည့် ဥပဒေ အကျိုးဆောင် ငါးဦးအား မီဒီယာများနှင့် တွေ့ဆုံ ပြောဆိုခြင်း မပြုရန် လက်မှတ်ထိုးခိုင်းသည်ဟု သိရသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် အာဆီယံ ကိုယ်စားလှယ်၏ တောင်းဆိုချက်ကို လိုက်လျောမည့် အလားအလာများ မတွေ့ရပေ၊ မြန်မာအရေး နှင့် ပတ်သက်၍ ဝေဖန်မှုများအပြင်းအထန် ခံနေရသော အာဆီယံ အဖွဲ့ကြီးသည် ပါးနပ်စွာဖြင့် အာဏာသိမ်းအဖွဲ့ကို လက်ညိုးထိုးလိုက်ခြင်းပင် ဖြစ်သည်။

(၄) မန္တလေး အိုးဘိုထောင်ထဲတွင် မိမိတို့ ယုံကြည်ချက်ကြောင့် အကျဉ်းချထားခြင်း ခံနေရသည့် လူ ၄၀ ခန့်သည် ရှစ်လေးလုံး အရေးတော်ပုံကြီး အထိမ်းအမှတ် အဖြစ် အသံနက်ကြီးများဖြင့် သွေးသစ္စာ သီချင်းကို ကျယ်လောင်စွာ သီဆိုနေကြသံများ ထွက်ပေါ်လာခဲ့သည်ကို မြို့သူ မြို့သားများ အတိုင်းသား ကြားနေခဲ့ကြရသည်ဟု ဆိုသည်။

ကယား နှင့် ကချင်ပြည်နယ် များတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ နှင့် တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ရာ အာဏာသိမ်းတပ်များဖက်မှ အကျအဆုံး များလာသည်နှင့် အမျှ လက်စားချေသည့် အနေဖြင့် အရပ်ဖက် ပြစ်မှတ်များကို လက်နက်ကြီးများဖြင့် တမင်တကာ ချိန်ရွယ်ပစ်ခတ်လက်တုန့်ပြန်လာနေကြသည်။ စစ်ကောင်စီသည် ဂျနီဗာ ကွန်ဗင်းရှင်းကို တစထက်တစ ချိုးဖောက်လာနေပြီ ဖြစ်သည်။

အရေးတော်ပုံ အောင်ရမည်!!!

ရေးသားသူ Hla Soewai

မိုးနတ်မင်းပရိသတ်ကြီးလည်း စာလေးကိုဖတ်ပြီးတဲ့အခါ မိမိထင်မြင်ချက်ကို ကွန်မန့်ပေးခဲ့ပါဦး။ သုတ၊ ရသ စုံလင်စွာနဲ့ သတင်းအသစ်တွေ အရင်ဆုံးဖတ်ဖို့ Page ကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်…

Leave a Reply