ဒေသကာကွယ်ရေး ခေါင်းစဉ်ဖြင့် ရန်ကုန်ရှိ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တချို့ကို သေနတ်များ ထုတ်ပေးထားတဲ့ စစ်ကောင်စီ

Local News

ဒေသကာကွယ်ရေး ခေါင်းစဉ်ဖြင့် ရန်ကုန်ရှိ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တချို့ကို သေနတ်များ ထုတ်ပေးထားတဲ့ စစ်ကောင်စီ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒေသကာကွယ်ရေး ခေါင်းစဉ်ဖြင့် ရန်ကုန်ရှိ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တချို့ကို သေနတ်များ ထုတ်ပေးထားတဲ့ စစ်ကောင်စီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ပြည်သူ့လူထု ကာကွယ်ရေးလုပ်ငန်းစဉ်အတွက် ပြည်သူ့ကာကွယ်ရေး စနစ်ကို အကောင်အထည်ဖော်မည်ဟု အာဏာသိမ်းစစ်ကောင်စီကစီမံဆောင်ရွက်ခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ တချို့ရပ်ကွက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှူးနှင့် ၎င်းတို့ စစ်ကောင်စီအမာခံသတင်းပေး လူမိုက်တချို့ကို စစ်တပ်၏ ကာ ကွယ်ရေးပစ္စည်းစက်ရုံထုတ် သေနတ်နှင့် ကျည်ဆံများကို ထုတ်ပေးထားပြီးဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့တချို့ထံမှ သိရသည်။

ယခုနောက်ပိုင်းဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးများအသတ် ခံရခြင်း၊ နယ်မြေလုံခြုံရေးအတွက် စစ်တပ်များမပါပဲ ကင်းလှည့်နေရခြင်းများကြောင့် ယခင် ပျူစောထီးအဖွဲ့ စတင်ဖွဲ့စည်းခဲ့သည့် ၂ဝ၂၁ ခုနှစ် ဇွန်လနောက်ပိုင်း ရန်ကုန်ရှိ စစ်တပ်အမာခံ ထောက်ခံသူများ၊ စစ်မှု့ထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ အမာခံများကို အခြေခံစစ်ပညာသင်ကြားပေးပြီးချိန်နောက်ပိုင်း ယခု အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ၎င်းတို့လက်ဝေခံ သတင်းပေးလူမိုက်တချို့ကိုသေနတ်နှင့်ကျည် ဆံများ စစ်တပ်မှ ထုတ်ပေးထားကြောင်း တာမွေမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ဧရာ ဝတီတိုင်းမ်သို့ ဓာတ်ပုံအထောက်အထားနှင့်တကွ ပြော သည်။


‘‘သူတို့က ဘယ်သူတွေကိုပေးမယ်၊ ဘယ်ရပ်ကွက်အုပ် ချုပ်ရေးမှူးကို ပေးမယ်ဆိုတဲ့ သတ်မှတ်ချက်တွေတော့ ကျနော် မသိဘူး။ ပစ္စတိုလည်းပါတယ်။ မောင်းပြန်တွေလည်းပါတယ်။ ကျည်ကတော့ တလက်ကို ကျည်အိမ်မှာပါတဲ့ အတောင့်အရေအတွက်အတိုင်း စာရင်းနဲ့တကွ ပေးတာ။ သုံးမယ်ဆို ဘာ့ကြောင့် သုံးရတယ်ဆိုတာ တိတိ ကျကျ ခိုင်ခိုင်မာမာ သက်သေပြဖို့လိုတယ်။ ရောင်းစားလို့မရဘူး။ နောက်ပြီး သေနတ်ရပြီး ထွက်ပြေးမယ်ဆိုရင် နောက်ဆက်တွဲ မိသားစု၊ ဆွေမျိုးတွေပါ အကုန်လုံး သူတို့က ပြဿနာရှာ၊ ဖမ်းမှာ။ လိုအပ်ရင် လူမသိ၊ သူမသိပါ သတ်ပြီး မြေအောက်ပျောက်ကြား UG ဆိုပြီး လုပ်လိုက်မှာလို့ ချိန်းခြောက်ထားတယ်။ ဒါပေမယ့် ဒီဘက်က သူတွေကလည်း သေနတ်လေးရတယ်ဆိုရုံနဲ့ သူတို့ကိုယ်သူတို့ တကယ့်စစ်သားကြီးကြနေတာပဲ။ ပိုမိုက်ရိုင်းလာကြတယ်’’ ဟု သူက ဆိုသည်။


ဧရာဝတီတိုင်းမ်မှ တွေ့ခဲ့ရသည့် သတင်းဓာတ်ပုံအရ အာ ဏာသိမ်းစစ်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံထုတ် သေနတ်နှင့် ကျည်ဆံများဖြစ်ကြောင်း တပ်မတော်သားဟောင်းတချို့ကလည်း အတည်ပြုပေးသလို ၎င်းသေ နတ်များသည် ရိုင်ဖယ်မောင်းပြန်အမျိုးအစားဖြစ်ပြီး စစ် တပ်အနေဖြင့် အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း ၃ဝ နီးပါးရှိသည့် လက်နက်များဖြစ်ကြောင်း ပြောသည်။
အာဏာသိမ်း စစ်တပ်အနေဖြင့် ပြည်သူများအနေဖြင့် သေနတ်ကိုင်ဆောင်ခွင့်နှင့် ပက်သက်ပြီး လက်နက်ဥပဒေ လိုင်စင်လျှောက်ထားခွင့်နှင့် ပက်သက်ပြီး ဥပဒေရှိကြောင်း၊ ထိုဥပဒေအတိုင်းသာ ဆောင်ရွက်ရမည်ဖြစ် ကြောင်း ယခုလအတွင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်း လင်းပွဲတွင် စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့သည်။


စစ်တပ်အနေဖြင့် လက်ရှိအချိန်အထိ ပျူစောထီးအဖွဲ့များ၊ သွေးသောက်ဆိုသည့် စစ်တပ်ထောက်ခံသည့် အဖွဲ့များ ဖွဲ့စည်းထားခြင်းမရှိကြောင်း၊ နယ်မြေတည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် ပြည်သူ့စစ်အပြင် ပြည်သူ့ကာ ကွယ်ရေး စနစ်ကို အကောင်အထည်ဖော်မည်ဟုသာ သူက ပြောခဲ့သည်။
စစ်ကောင်စီမှ ရပ်ကျေးဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များကို တာဝန်ပေးလျှင် အခွင့်အရေး မျှော်သူများမှလွဲ၍ တချို့ အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ကြောက်လန့်ပြီး မဖြစ်မနေ တာဝန်ယူရသည့် ဖြစ်စဉ်တချို့လည်း ရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ ရာအိမ်မှူးတဦးက ပြောသည်။


‘‘စစ်တပ်ကဖြစ်ဖြစ်၊ သူတို့ခန့်တဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးကဖြစ်ဖြစ် မင်း ရာအိမ်မှူး လုပ်ပေးဆိုရင် တော်တော်များများက တက်တက်ကြွကြွနဲ့ လုပ်သူတွေ အများကြီးဆိုတာ မငြင်းပါဘူး။ ဒါပေမယ့် တချို့က သူတို့ခိုင်းတာ မလုပ်ရင် အခု စစ်တပ်ကို ဆန့်ကျင်တဲ့ဘက်က ရပ်တည်မယ့်သူတွေလို ယူဆပြီး အငြိုးထားကာ တခုမဟုတ် တခုနဲ့ ပြဿနာရှာခံရမှာလဲ ကြောက်နေတဲ့သူတွေ ရှိတယ်။ တဖက်မှာလဲ သူတို့ခိုင်းတာ ပီပီပြင်ပြင် လိုက်လုပ်ပြန်တော့လဲ ဒလန်ဆိုပြီး အချိန်မရွေး အသတ်ခံရမှာလဲ ပူနေရပြန်တယ်’’ ဟု သူကဆိုသည်။

ရေးသားသူ – Ayeyarwaddy Times
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။