ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဖွဲ့စည်းလိုက်တဲ့ ယောဒေသ တပ်ဖွဲ့လေးဖွဲ့

Local News

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဖွဲ့စည်းလိုက်တဲ့ ယောဒေသ တပ်ဖွဲ့လေးဖွဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဖွဲ့စည်းလိုက်တဲ့ ယောဒေသ တပ်ဖွဲ့လေးဖွဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


စစ်အာဏာရှင်ဆန့်ကျင်ရေးရဲရင့်တက်ကြွသည့် ယောဒေသမှ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ လေးဖွဲ့ပူးပေါင်းလိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုအဖြစ် ကြေညာချက်ထုတ်ပြန်လိုက် သည်။
လောင်းရှည်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LSRPDF)၊ ကျောက်ထုဒေသ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(KTU-PDF)၊ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Htilin PDF)နှင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)တို့ စုပေါင်းကာ ယောဒေသပြည်သူ့ ကာကွယ်ရေး တပ်ပေါင်းစုကို ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့(မတ်လ ၂၇ရက်)က ကြေညာခြင်းဖြစ်သည်။
ယောဒေသတွင်း တကွဲတပြားစီဖြစ်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တသွေးတသားတည်းဟူသော စည်းလုံးညီညွတ်မှုနှင့် ယောဒေသပြည်သူလူထုအကျိုးစီးပွားကို ရှေးရှု၍ ယင်းကဲ့သို့ ဖွဲ့စည်းလိုက်ခြင်းဟု ယောဒေသလူထုတိုက်ပွဲကော်မတီက ထုတ်ပြန် ထားသည်။


နွေဦးတော်လှန်ရေးစတင်ကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေးရော လက်နက်ကိုင် တိုက်ပွဲဝင်ရာတွင်ပါ ရဲရင့်သည့် ယောဒေသ၌ အထက်ပါ ပြည်သူ့ကာကွယ်ရေးအဖွဲ့ လေးဖွဲ့အပြင် ယောဒေသကာကွယ်ရေးအဖွဲ့(YDF)၊​ဆောဒေသပြည်သူ့ ကာကွယ်ရေးအဖွဲ့(PDF Saw) ကဲ့သို့ လူသိများသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များလည်း ရှိသေးသည်။ထို့အပြင် လူငယ်အများစုပါဝင်သည့် ကျေးရွာနှင့်ရပ်ကွက်အလိုက်ဖွဲဲ့စည်းထားသည့် ပြည်သူ့ ကာကွယ် ရေးအဖွဲ့များလည်း ရှိသည်။


ယောဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များအားလုံး စုစည်းနိုင်ပါက စစ်အာဏာရှင် တော်လှန်ရေးအတွက်ရော ဒေသခံ လူထုအတွက်ပါပိုမိုအကျိုးရှိစေမည်ဟု ဒေသခံများက မှတ်ချက်ပြုသည်။
ဒေသတွင်းကျန်ရှိနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း ဆက်လက်ညှိနှိုင်း လုပ်ဆောင်နေပြီး ယောပြည်သူလူထု လိုလားတောင့်တနေသော ယောဒေသတွင်းစည်းလုံး ညီညွတ်ရေးနှင့် တစုတစည်းတည်းသော ပြည်သူ့ကာကွယ်ရေးအင်အားစုတစ်ခု ဖြစ်လာစေရန် ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်သည်ဟုလည်း ယောဒေသလူထု တိုက်ပွဲကော်မတီက သတင်းထုတ်ပြန်ထားသည်။

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

Leave a Reply