စစ်ရေးပြပွဲမှာ ရန်ဖြစ်ခဲ့တဲ့ စစ်သားနဲ့ ရဲများ

Local News

စစ်ရေးပြပွဲမှာ ရန်ဖြစ်ခဲ့တဲ့ စစ်သားနဲ့ ရဲများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်ရေးပြပွဲမှာ ရန်ဖြစ်ခဲ့တဲ့ စစ်သားနဲ့ ရဲများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


အကြမ်းဖက်စစ်ကောင်စီမှကျင်းပသော (၇၇)နှစ်မြောက် တပ်မတော်နေ့ဟုဆိုသည့် စစ်ရေးပြပွဲတွင် စစ်သားများပါဝင်သည့် စစ်ကြောင်းနှင့် ရဲများပါဝင် သည့်စစ်ကြောင်းတို့ရှိ ရဲမေနှင့်စစ်သားတို့ စကားများရာမှ ထိုးကြိတ်ရန်ဖြစ် ကြပြီး စစ်သားသုံးဦးဒဏ်ရာရရှိသွား ကြောင်း စစ်ရေးပြလမ်းလျှောက်ရာတွင် ပါဝင်သည့် အမည်မဖော်လိုသူ စစ်သားတစ်ဦးမှ သတင်းပေးပို့လာကြောင်း Myanmar Police CDM Channel – MPCC အသိပေးထုတ်ပြန်သည်။

“ရဲမေကို ကျွန်တော်တို့ဘက်စစ်သားက ပန်းကုံးစွပ်တာမှာ ရဲမေကလက်မခံလို့ ဆိုပြီး အဲ့ဒီကောင်က ပန်းကုံးကိုခြေထောက်နဲ့ကန်လိုက်ပါတယ်။ အဲဒီမှာ နောက်ထပ် ရဲမေ တစ်ယောက်က ဘာဖြစ်တာလဲဆိုပြီး ဝင်ပါခဲ့လို့ ရဲမေတွေနဲ့ အဲ့စစ်သား ကိုယ်ထိ လက်ရောက်ထိုးကြကြိတ်ကြရင်း ကျန်တဲ့ရဲတွေကပါ စစ်သားတွေကိုဝင်ထိုးကြတာပါ။ဦးထုပ်တွေကိုလေပေါ်ဝဲနေတာပဲ ။သေနတ်အစစ်တွေပါရင် ကြည့်ကောင်းကြပြီဗျ ။

ရဲတွေက စစ်ရေးပြ သေနတ်ဒင်တွေနဲ့ပါ ဝင်ရိုက်ကြတာ။ သေနတ်ဒင်တွေပါ ကျိုးကုန်ကြတယ်။ တဏှာရူးပြီး ဖွန်ကြောင်တာကစတာပေါ့ဗျာ။ အခုတော့ စစ်ဆေးတာတွေလုပ်နေကြတယ်”ဟု စစ်ရေးပြလျှောက်ရာမှာပါဝင်ပြီး ရန်ပွဲအားမျက်မြင်တွေ့ခဲ့ရသည့် အမည်မဖော်လိုသူ စစ်သား တစ်ဦးမှ ပြောပြထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်သည် ဖက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့ဟုဆိုကာ ယနေ့တွင် နေပြည်တော်၌ စစ်ရေးပြအခမ်းအနား ပြုလုပ်ခဲ့သည်။


ယနေ့တွင် နိုင်ငံတဝန်း၌ မြို့ပြပြောက်ကျားအဖွဲ့များ၏ တိုက်ခိုက်မှုများနှင့် လူငယ်များ၏ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများမှာ ယခင်နေ့ထက် ပိုမိုပြုလုပ်ခဲ့သည်ကို တွေ့ရသည်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

Leave a Reply