Power Bank အားသွင်းထားပြီး အိပ်ပျော်နေရာမှ အပူလွန်ကဲပြီးမီးလောင်

Local News

Power Bank အားသွင်းထားပြီး အိပ်ပျော်နေရာမှ အပူလွန်ကဲပြီးမီးလောင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Power Bank အားသွင်းထားပြီး အိပ်ပျော်နေရာမှ အပူလွန်ကဲပြီးမီးလောင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒီမနက် ကြုံရတဲ့ ကိစ္စကြီးက နိုးတာနောက်ကျရင် thay ပီပဲ။

ဖြစ်ပုံက မနက် ၅ နာရီလောက်မှာ အခန်းထဲမယ်အိပ်နေတုံး ဖောက် ဆိုတဲ့ အသံကြားပီး ရုတ်တရက် ကိုယ်နိုးလာတယ်။

ကိုယ်က တော်ရုံဆို အိပ်ပျော်နေတုံး အနားမှာ သီချင်း လာဖွင့်တာတောင် နိုးတဲ့သူမဟုတ်ဘူးရယ်။

အခုက ထူးထူးဆန်းဆန်းကြီး လူကို တယောက်ယောက် လှုပ်နိုးလိုက်သလို နိုးလာတာ။ ကိုယ်ကတော့ ညကအိပ်ခါနီး ပုဌာန်းရွတ် မေတ္တာပို့ပီး အိပ်လိုက်မိတော့ နတ်ကောင်းနတ်မြတ်တွေက နှိုးပီး သတိပေးတာလို့ပဲ ယူဆတယ်။

စကားပြန်ဆက်ရရင် အဲ့ဒီလို ဖောက်ဆိုပီး အသံနောက်မှာ gas အိုးပွင့်သလို ရှူးဆိုပီး အသံတွေ စကြားရတယ်။ ကိုယ်က အိပ်ချင်မူးတူးနဲ့ ဘာမှန်း မသိသေးဘူး။

ဘေးမှာ အိပ်နေတဲ့ အေးချမ်းမွန်ကို အတင်းလှုပ်နိုးပီး ဘာသံလဲ မသိဘူးဟ လို့ မေးကြည့်တယ်။

အေးချမ်းမွန်က အခန်းဝ ဘက်မှာ အိပ်နေတော့ အခန်းပြင်ကို ကြည့်လိုက်မိတာ။ ဘယ်ဟုတ်မလဲ ညက အိမ်ရှေ့ခန်းမယ် အားသွင်းထားတဲ့ powerbank က ထပေါက်ပီး မီးခိုးတွေ ထွက်နေတာကို မြင်ရတော့တာပဲ။

အဲ့ချိန်မှ လင်မယား ၂ ယောက်လုံး ထပြေး , သူက အိမ် ပြူတင်းပေါက်တွေ ထဖွင့် , ကိုယ်က powerbank ကို ဆွဲဖြုတ်ပီး အိမ်အလယ်ခန်းရောက်အောင် ကန်ထုတ်လိုက်ရတယ် , အာ့အချိန် powerbank က အထဲကနေ မီးပွားစ လေးတွေပါ ထထွက်နေပီ။

မကန်ထုတ်လို့လည်း မရဘူးရယ် , powerbank အားသွင်းထားတဲ့နားမှာ battery အိုးတွေရော အရင် covid ကာလတုံးက ဝယ်ထားတဲ့ တခါသုံး အောက်စီဂျင်ဘူးတွေရော အစုံရှိနေတာ , မီးပွားလေး စင်တာနဲ့ အကုန် ထပေါက်ပီပဲ။

Powerbank ကို အလယ်ခန်းထိ ကန်ထုတ်ပီးတာတောင် မီးခိုးတွေ ဆက်ထွက်နေတုံးပဲ။ ဒါမို့ပထမ ရေခွက်နဲ့ ရေလောင်းချသေးတယ် , နောက်မှ တွေးမိပီး မီးသတ်ဆေးဘူးကို ပြေးယူ ဖြန်းရတာပဲ။

တအိမ်လုံး မီးသတ်ဆေးဘူး ငွေ့တွေ powerbank က အငွေ့တွေ ပေါင်းပီး မီးခိုးလုံးတွေက လူတောင် မမြင်ရတော့အောင် ပြည့်သွားတာ။

ဒါမို့ အိမ်တံခါးတွေ အကုန်ဖွင့်ပီး ဝရန်တာမှာ ထွက်ထိုင်နေရတယ် , မနက် ၆ နာရီခွဲလောက် မှာ မီးခိုးတွေကုန်မှ အိမ်ထဲ ပြန်ဝင်ရတယ်။

ပြန်တွေးကြည့်ရင် အတော်ကြောက်စရာ ကောင်းသလို လင်မယား ၂ ယောက်လုံး အိပ်နေရင်း မီးခိုးမွှန်ပီး သေသွားနိုင်တဲ့ ဖြစ်ရပ်မျိုးပဲ။ တကယ့်သေရေး ရှင်ရေးဆို စုထားတဲ့ ရွှေငွေ laptop ဖုန်း စာရွက်စာတမ်း ဘာမှ ယူလို့မမှီပါဘူး လူချည်း အလွတ် အရင်ထွက်ပြေးရတာပါ။

Fri တို့လည်း power bank တို့ ဖုန်းတို့ကို ညအိပ်တုံး အားသွင်းထားရင် မပေါ့ကြပါနဲ့ , အားသွင်းကြိုးတွေ ခေါင်းတွေကိုလည်း quality ကောင်းတာလေး ရွေးသုံးကြပါ။

အိမ်မှာလည်း မီးသတ်ဆေးဘူးတွေ ဆောင်ထားကြပါ , တဘူးမှ ၂ သောင်းဝန်းကျင်ပဲ ရှိပါတယ် , ခုလို powerbank ထပေါက်ပီး မီးလောင်ရင် ရေလောင်းလို့မရပါဘူး မီးသတ်ဆေးဘူးနဲ့မှ မီးငြိမ်းတာပါ။ ဘုရားတရားလည်း မမေ့ကြပါနဲ့။

ရေးသားသူ – Dham ma

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။