စကစဥက္ကဋ္ဌ ပြင်ဦးလွင်ဘူတာရုံအား စစ်ဆေးပြီးလိုအပ်သည်များမှာကြား

Local News

စကစဥက္ကဋ္ဌ ပြင်ဦးလွင်ဘူတာရုံအား စစ်ဆေးပြီးလိုအပ်သည်များမှာကြား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စကစဥက္ကဋ္ဌ ပြင်ဦးလွင်ဘူတာရုံအား စစ်ဆေးပြီးလိုအပ်သည်များမှာကြား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပြင်ဦးလွင်ဘူတာရုံအဆောက်အဦးအား ရှေးမူမပျက်ထိန်းသိမ်းကာ ရေရှည်တည့်တံ့စေရန် ထိန်းသိမ်းရမည်ဟု စကစ ဥက္ကဋ္ဌမှာကြား

စကစ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဧပြီ ၁၉ ရက်နံနက်ပိုင်းက ပြင်ဦးလွင်ဘူတာကြီးသို့ သွားရောက်ကြည့်ရှု့စစ်ဆေးစဉ် ပြောဆိုမှာကြားခဲ့ခြင်းဖြစ်သည်။

ဘူတာအတွင်းအပြင် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအား ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ပြင်ဦးလွင်ဘူတာရုံအဆောက်အဦးသည် ရှေးဟောင်းအဆောက်အဦးဖြစ်၍ ရှေးမူမပြတ်ထိန်းသိမ်းကာ ရေရှည်တည်တံ့စေရေး ထိန်းသိမ်းရန်လိုအပ်သည်ဟု စကစ ဥက္ကဋ္ဌကမှာကြားသည်။

“ရထားတွဲတွေနဲ့ရထားသံလမ်းတွေကို အဆင့်မြှင့် တင်ဆောင်ရွက်ပေးသွားမှာပါ”ဟု စကစ ဥက္ကဋ္ဌကပြောသည်။

စကစ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ပြင်ဦးလွင်ဘူတာအတွင်းကြည့်ရှု့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး၊မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူး သူရဦးအောင်မျိုးမြင့်နှင့်တာဝန်ရှိသူများကရှင်းလင်းတင်ပြခဲ့ကြသည်။

ပြင်ဦးလွင်ဘူတာကြီးသည် ပြင်ဦးလွင်မြို့၊ရပ်ကွက်ကြီး ၇ ၊ အောင်ဇေယျလမ်းတွင် ၁၈၉၉ ခုနှစ်၌စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ နှစ်ပေါင်း ၁၂၃ နှစ်ရှိပြီဖြစ်ကာ မန္တလေး-ပြင်ဦးလွင်-နောင်ချို-သီပေါ-လားရှိုး မီးရထားလမ်းပိုင်း၌ တည်ရှိကြောင်း သိရသည်။

ထို့နောက် စကစ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ပြင်ဦးလွင်ဘူတာကြီးမှ ပြင်ဦးလွင်-အနီးစခန်း-သုံးတောင်-ဇီးပင်ကြီး မီးရထားခရီးစဉ်အဖြစ် ဇီးပင်ကြီးဘူတာသို့လိုက်ပါစီးနင်းခဲ့ကြသည်။

ထိုသို့ လိုက်ပါစီးနင်းစဉ် စကစ ဥက္ကဋ္ဌမှ မီးရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့်မီးရထားအပန်း ဖြေခရီးစဉ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ရထားလမ်းများနှင့်ရထားတွဲများအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်နှင့်မီးရထား လမ်းကြောင်းတစ်လျှောက် သန့်ရှင်းသာယာလှပ၍ မျက်စိပသာဒဖြစ်စေရန်အတွက် လိုအပ်ချက်များအား ပြောဆိုမှာကြားခဲ့သည်။

ရေးသားသူ – ပေါ်ပြူလာသတင်းဌာန

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။