စစ်ကောင်စီ၏နေဝင်ချိန်ကို နာရီကြည့် စောင့်နေရပြီဖြစ်သည့် မင်းအောင်လှိုင်

Local News

စစ်ကောင်စီ၏နေဝင်ချိန်ကို နာရီကြည့် စောင့်နေရပြီဖြစ်သည့် မင်းအောင်လှိုင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်ကောင်စီ၏နေဝင်ချိန်ကို နာရီကြည့် စောင့်နေရပြီဖြစ်သည့် မင်းအောင်လှိုင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၂ကို ငြိမ်းချမ်းရေးနှစ်အဖြစ် အကောင်အထည်ဖေါ်မည်၊ NUG နှင့် PDF များအား အမြစ်ပြတ်သည့်အထိ ချေမူန်းမည်ဟု့ အကြမ်းဖက် အာဏာလု့ခေါင်းဆောင် မအလက စင်ပေါ်တက်၍ စာရွက်ကိုကြည့်ကာ ဖတ်ပြခဲ့သည်။

ထိုသို့ ‘အ’ထစ် ‘အ’ထစ်ဖြင့် ဖတ်ပြပြီးသည့် အချိန်မှစကာ မအလအဖွဲ့ဝင်တို့၏ စခန်းများ၊ လ-က်နက်များ၊ အသိမ်းခံရမူနှင့် တပ်ရင်းလိုက်၊ စစ်ကြောင်းလိုက်၊ ချေမူန်းခံရမူများသည် အကြီးအကျယ် များပြားလာနေတော့သည်။ ထို့အပြင် မအလ၏ အုပ်ကြီးများ၊ ဒလန်များ၊ ပျုစောထီးများ၊ စစ်မူထမ်းဟောင်းများနှင့် ထောက်တိုင်များ စသူတို့သည် မအလ၏ လောင်းရိပ်ကြောင့် မရူမလှ အ that ခံနေရမူသည် စောက်ရမ်း မြင့်တက်နေပြန်၏၊ ထိုကြောင့် မအလနှင့်ပတ်သက်သော အကြမ်းဖက်အဖွဲ့ဝင် မိသားစုတို့သည် ဘေးလွတ်မည်ထင်ရာ နေပြည်တော်သို့ အသည်းအသန် ထွက်ပြေး ပြောင်းရွှေ့နေကြသည်။

ထိုကဲ့သို အားကိုးတကြီး ထွက်ပြေးရာနေရာ နေပြည်တော်တွင်လည်း ဒုချုပ်စိုးဝင်းအား လက်အုပ်ချီ ကြိုဆိုရန် အမိန့်ပေးမူကို မနာခံခဲ့သည့် မအလအကြမ်းဖက်ဝင် မိသားစုများအား နီလာထုစိန်၏ ယောကျ်ားက ဖမ်းဆီးရို-က်နက်ကာ အချုပ်ထဲ ထည့်နေသည်။ နေပြည်တော်မဟုတ်သော ရန်ကုန်၌လည်း မအလ၏ အမှားများကို ဝေဖန်ထောက်ပြနေသည့် တပ်မတော်အငြိမ်းစား ဒုဗိုလျမှူးကြီး ဦးအောင်မြင်သူနှင့် ၎င်း၏မိသားစုဝင်များကို မနေ့ည၌ မအလက ဖမ်းဆီးသွားခဲ့သည်။

တဖန် မအလ၏ ဒေါ်လာ ပေါ်လစီကြောင့် ရွှေလုပ်ငန်းရှင်များသည် ရွှေဈေးကို မဖွင့်နိုင်ပဲ ခေါင်းကိုက်နေကြသလို စက်သုံးဆီလုပ်ငန်းရှင်များသည်လည်း ဗရုတ်ဗရက်နှင့် မအလ၏စီးပွါးရေးတွင် တနေ့တမျိုး မရိုးရအောင် တိုင်ပတ်နေကြကုန်၏။

ထိုအချိန်တွင် မင်းတပ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့က မအလ၏ နွားနောက်များကို ပြည်သူပိုင် သိမ်းကြောင်း ကြေညာလိုက်သည်။ NUG အစိုးရကလည်း မင်းအောင်လှိုင်အပါအဝင် အာဏာသိမ်းစစ်ခေါင်းဆောင်များ ပိုင်ဆိုင်သည့် အရာများကို ၇၀% လျော့ပြီး အစုရှယ်ယာစနစ်နဲ့ ရောင်းချဖို့ ပြင်ဆင်နေသည်။ သေချာသည်က တော်လှန်ရေးအတွက် လေယဉ်ပစ် လက်နက်များ မြောက်များစွာ ဝယ်နိုင်တော့မည်ဖြစ်သည်။

NCA ကို ခေါင်းပေါ်တင်ကာ မအလ၏ ငြိမ်းချမ်းရေးကို အကောင်အထည်ဖေါ်ပေးနေသော ရှမ်းပြည်နယ်တွင် ရှမ်းပြည် နွေဦးတော်လှန်ရေး အဖွဲ့(၇)ဖွဲ့က NUG၏ လက်အောက်၌ ရှမ်းပြည်နယ် လူငယ်တော်လှန်ရေးအဖွဲ့ကြီးအဖြစ် ပူးပေါင်း ဖွဲ့စည်းကြောင်းနှင့် မအလကို တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ထို့အတူ စစ်ကိုင်း pdf ၁၆ ဖွဲ့ကလည်း ta-yoke ၏လုပ်ငန်း မှန်သမျှ တော်လှန်ရေးကာလအတွင်း ရပ်ဆိုင်းရန်နှင့် ဝန်ထမ်းများ CDM လုပ်ကြရန် မအလဖက် ရပ်တည်နေသော ta-yoke ကို ရာဇသံပေးလိုက်၏။ KNU ကလည်း ၎င်းတို့၏နယ်မြေများမှ ၂၃ ရက် နောက်ဆုံးထားကာ မအလတို့ ထွက်ခွါပေးဖို့ အမိန့် ထုတ်ပြန်ထားသည်။မထွက်ခွါပါက စစ်ရေးအရ အရေးယူမည်ဟု့ ဆိုသည်။

အမေရိကန်ကလည်း နောက်လမေတွင် ကျင်းပမည့် အမေရိကန်-အာဆီယံအစည်းအဝေးပွဲသို့ နိုင်ငံတကာနဲ့ ဓါတ်ပုံတွဲရိုက်ပြချင်နေသော မင်းအောင်လှိုင်ကို မဖိတ်ပဲ ကန်ချထားပြန်သည်။

မည်သို့ဆိုစေ ဘက်ပေါင်းစုံမှ ဖရိုဖရဲဖြစ်လာနေသော မအလ၏ အခြေအနေနှင့် ကွက်ပြည့်နင်းလာနိုင်သော NUGကြောင့် မအလ၏ ကျဆုံးခန်းက နီးကပ်လာနေပြီဖြစ်၏။ ထိုသို့ ၎င်းကျဆုံးရမည့်အချိန်ကို ၎င်းကိုယ်တိုင် နာရီကြည့်၍ စောင့်နေရပြီဖြစ်ကြောင်း….။ အရေးတော်ပုံ အောင်ရမည်၊၊

ရေးသားသူ – ချစ်ကိုကြီး

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။