ပိုက်ဆံလုံးဝမကိုင် ဝိနည်းနဲ့အညီနေတဲ့ ကြည်ညိုဖွယ် ​နိုင်ငံခြားသား ဆရာတော်ဦးအဂ္ဂ

Knowledge Local News

ပိုက်ဆံလုံးဝမကိုင် ဝိနည်းနဲ့အညီနေတဲ့ ကြည်ညိုဖွယ် ​နိုင်ငံခြားသား ဆရာတော်ဦးအဂ္ဂ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပိုက်ဆံလုံးဝမကိုင် ဝိနည်းနဲ့အညီနေတဲ့ ကြည်ညိုဖွယ် ​နိုင်ငံခြားသား ဆရာတော်ဦးအဂ္ဂ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘွဲ့နာမည် ဦးအဂ္ဂ ဖြစ်ပါတယ်။ မော်လမြိုင်ကအပြန် သထုံရွှေဆံတော် ဘုရားရှေ့ ကားကြုံတားနေတာ.. ရှေ့ကကား ရပ်မပေးလို့ ကိုယ်တွေက ရပ်ပီး မေးလိုက်မိတာ.. လှည်းကူးကို တဲ့။

အဲ့အချိန်မှာ သင်္ကန်းကို လက်ကတော့ထိုး အပြည့်ရုံထားပီး ခြေဗလာနဲ့။ ကဲ ကားပေါ်တင်ခေါ် လမ်းကြုံပေါ့.. မေးကြည့်တာ။

ဘယ်ကလဲဆိုတော့ ” နယ်သာလန် “က တဲ့။ ရန်ကုန်ကို ဗီဇာအတွက် သွားမှာတဲ့ .. သထုံတောရမှာ ဝါဆိုမှာတဲ့ .. ဗမာစကားကို ကြိုးစားပီးပြောရှာတယ်…

ကိုယ်လဲ နဲနဲပါးပါး ထောပတ်လေချဉ်တက်တော့ သူ့မှာ ဝမ်းသာပီး ပျော်လို့ အဲဒါနဲ့ ထောပတ်အိုးကို ငပိကော်တဲ့ ယောင်းမနဲ့ မွှေရင်း စပ်စုပါလေရော…

အချုပ်ပြောရရင် … သင်္ကန်း ( သံဃာရဲ့ ယူနီဖေါင်း ) လက်ကတော့ထိုး သေချာရုံထားတယ်… ဖိနပ်မစီးဘူး ကားနောက်ခန်းက ထိုင်လာတယ် အပိုစကားမပြော မျက်လွှာချ သီတင်းသုံးလာတယ်…

အဖေ အမေက မကန့်ကွက်ဖူးလား မေးတော့ အမေက ငိုတယ်.. သားလေးတယောက် စွန့်ပစ်လိုက်ရလို့ ဆိုသတဲ့…

အသက်မေးတော့ ၃၇.. ရဟန်းဝါက ၈ဝါတဲ့ ဦးဂိုအင်ကာဆီမှာ တရားစထိုင်ရင်းက စတာတဲ့ အရင်ဆုံး မုံရွာဖက်က မဟာမြိုင် တောနက်ထဲမှာ စပြီး သီတင်းသုံးခဲ့တာတဲ့…

မဟာဗောဓိမြိုင် ဆရာတော်ကြီးရဲ့ကျောင်းနဲ့ သူနေတဲ့နေရာက ၄၅မိနစ်လောက် ခရီးရှိသတဲ့… ၂ ကြိမ်ဖူးခွင့် ရခဲ့သတဲ့…

သူဆရာတော်ကြီးကို ဖူးရချိန်မှာ သူရခဲ့တာလေးကို ရှင်းပြတာတော့… အဲ့မှာ ဘာမှမရှိဘူး …ဒါပေမယ့်အားလုံးရှိတယ်။အကုန်ရှိတယ်… ဘာမှတော့မရှိဘူး တဲ့။

တခုပြောသေးတယ်… သူရောက်စတုန်းက မဟာမြိုင်တောဆိုတာ တောနက် (Jungle) ပါတဲ့ … သူအဲ့ကနေ ပြန်ခဲ့တဲ့အချိန်မှာ ပြောင်သလင်းခါနေပီတဲ့။ အိုင်အမ် ဆိုးဆက်ဒ် .. တဲ့။ ရှက်စရာကောင်းလိုက်တာ…

လမ်းမှာ Feel စားသောက်ဆိုင်ခဏ ဝင်နားတော့ ဘေးဝိုင်းက လူတွေက သူကားပေါ်ပြန်ကြွခါနီး ပိုက်ဆံလှုတာကို လက်မခံဘူး.. ပိုက်ဆံ မကိုင်ပါဘူးတဲ့။

ကဲ … မြန်မာလူမျိုး ဘုန်းကြီးဆိုတဲ့ ….တို့။ ဖိနပ်မစီးတဲ့သံဃာနဲ့ Lexus နံပါတ်ပြားအဝါ နဲ့မှဆိုတဲ့ …ဘုန်းကြီးတို့။ ဒီလိုနဲ့ ပဲခူးရောက်ခါနီး ဝါဆိုလပြည့်နေ့ နီးလို့ ဝါဆိုသင်္ကန်း ကပ်ပါရစေဆိုတော့ ရပါတယ်တဲ့..

တခုတော့ပြောတယ် .. မင်းသဘောပါတဲ့ ၊ တကယ်တော့ ငါ့မှာ သင်္ကန်းတွေဆိုတာ အများကြီးပိုနေတာ မလိုဖူးတဲ့ ကိုယ်ပတ် ဆိုတဲ့ ချည်သားအပိုင်းလေးရရင်ပဲ အဆင်ပြေပါပြီတဲ့.. အခင်းလိုပဲ ခင်းတာဖြစ်ဖြစ် … သထုံဘက်က မိုးများလို့ အကာလေးပဲ ဖြစ်ပါစေတဲ့…

အဲဒါနဲ့ ပဲခူးမြို့က နာမည်ကြီးသင်္ကန်းဆိုင် ၂ဆိုင် အထိပင့်ပြီး သူလိုချင်တဲ့ ကိုယ်ပတ် သင်္ကန်းအပိုင်း ချည်သားစစ်စစ်ရဖို့ လိုက်ဝယ်တာ အဲ့ဆိုင်တွေက စပန့်သားကို ချည်သားပါ ဆိုပြီး အတင်း ပြောရောင်းတယ်…

သူကလည်း တကယ့် အသေအချာ အလုပ်တခုကို လုပ်တဲ့သူပီပီ သူ့သင်္ကန်း အစနဲ့ကိုယှဉ်ပြသေးတာ… ရှက်စရာကောင်းပါတယ် …

ကျနော်တို့ လူမျိုးတွေ..နိုင်ငံခြားသား ဘုန်းကြီးပါကွာ သာမန် ဘုန်းကြီးအဆင့်လောက် ထင်ပြီး ဂျင်းထည့်ချင်တာ.. ဒါတောင် နိဗ္ဗာန်ကုန်ရောင်းနေတာနော်….

သူက သဘောထားကြီးစွာနဲ့ ကျနော် သိပ်လှူချင်နေမှန်းသိလို့ လက်ခံလိုက်တယ်။ ဆိုင်ပြန်သွင်းလို့ရမယ့် သင်္ကန်းမဟုတ်ဘူးနော်… ပုဆိုးပိုင်း.. လူသေ လွှမ်းတဲ့အဝတ်စပိုင်းလောက် ဟာလေး..

ချည်သားအစစ် .. မိတ်အင် ထိုင်းလန်းဆိုပြီး … ငရဲမှာတောင် ကျွန်စိတ်မွေးတာ ဗမာ ဗုဒ္ဓဘာသာ…

(အိဒမ်မေပုံညံ နိဗ္ဗာန်နသ ပစ္စယောဟောတု )… လို့။ ကျနော်ကို လိုက်ဆိုခိုင်းပြီး အဲ့အဝတ်စ ကိုယ်ပတ်ကိုအလှုခံသွားတာ… ကျနော်မေးတယ် … ပိုက်ဆံမကိုင် ဖိနပ်မစီး ဒီလိုပဲ တနေရာကတနေရာကို ကြွနေလားဆိုတော့…

ပိုက်ဆံပေး လိုင်းကားစီးတော့ အပေးအယူ သဘောတဲ့ ကျနော်ရှေ့က ကားရပ်မပေးပဲ ကျနော်က ရပ်ပေးပြီး လိုက်ပို့ လှုဒါန်းတာ ဒီအခွင့်အရေးကို သူ လူတွေကို ပေးထားပီးသားတဲ့… ကျနော်က ယူတတ်လို့ ရတာတဲ့ … မယူနိုင်တဲ့သူကသာ မရတာတဲ့.. ဘဝမှာအကျေနပ်ဆုံးပါ .. သံဃံ သရဏံ ဂစ္ဆာမိ..

နယ်သာလန်.. မဟာမြိုင်တော (သစ်ပင်တွေမရှိတော့ဆိုပဲ) ဖားအောက် မော်လမြိုင်.. အာနာပါန..ပရိယတ်တိ ပရိပတ်တိ

More Dama..More Thee La… Less Doke Kha.. (တရားလုံ ၊ သီလ ခြုံ .. ဒုက္ခ နည်း ပါ မယ် )။ Do Bawana… Less Thaww Ka( ဘာဝနာ ပွား ပါရင် .. သောက နည်း ပါ မယ် )။

သာဓု ၊ သာဓု ၊ သာဓု … (၃) ကြိမ် .. ဝမ်းမြောက် လေးနက်စွာ ခေါ်ဆို ပါ တယ် .. အရှင် ဘုရား … ။

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။