ရန်ကုန်မြို့ကြီးမှာ Passport ကိုယ်တိုင်လျှောက်မယ်ဆိုရင်တော့ ဒါတွေသိထားဖို့လိုမယ်နော်

Knowledge

ရန်ကုန်မြို့မှာ Password ကိုယ်တိုင်လျှောက်ဖို့ဆို ဒါတွေကိုအရင်ဖတ်ထားလိုက်

ကြာချိန် – ၃ နာရီ

ကုန်ကျငွေ – ၃၂၀၀၀ကျပ်

Online Booking ရယူရန်

Passport ရုံးရှေ့မှာပွဲစားတွေအရမ်းများလို့  online booking တင်တာပြည့်တာမြန်သည်။အနည်းဆုံး နှစ်ပတ်စာဘိုကင်ပြည့်နေတတ်သည့်အတွက် ကိုယ်သွားမည့်အချိန်ထက်အနည်းဆုံး နှစ်ပတ်ကြိုတင်ပါ။

website  အချိန်၊နေ့ရက်နှင့် လိုအပ်သောအချက်အလက်များကိုမှန်အောင်ဖြည့်ပါ။

ပြင်ဆင်ထားရမည့်စာရွက်စာတမ်းများ

သန်းခေါင်စာရင်း(အိမ်ထောင်စုစာရင်း) မူရင်း နဲ့ မိတ္တူ ၂ စုံမှတ်ပုံတင် မူရင်း နဲ့ မိတ္တူ ၂ စုံBooking Appointment QR code(ဖုန်းနဲ့ QRပုံရိုက်ထားပြီးယူသွားလို့ရ၊ မဟုတ်ရင် print ထုတ်သွားပါ)
သက်တမ်းတိုး၊ အမျိုးအစားပြောင်းသူများက Passport အဟောင်း မူရင်း။
PJ passport လျှောက်ထားလိုသူများ Labor Card ပြင်ဆင်ထားရန်။

Passport ရုံးထဲရောက်ဖို့အတွက်
အဆင့်(၃)ဆင့်ဖြတ်ရပါမယ်။
Booking QR နှင့် မှတ်ပုံတင်မူရင်းပြ၍ ဝင်းအတွင်းဝင်ရန်။
အစစ်ဆေးခံရန်
QR Scan ဖတ်၍ ရုံအတွင်းဝင်ရန်။
စာရွက်စာတမ်း၊ဖုန်း၊ ပိုက်ဆံအိတ်အသေးကလွဲ၍
အခြားလွယ်အိတ်၊ ပိုက်ဆံအိတ်အကြီး၊ ထီး၊ ဦးထုပ်စတဲ့ ပစ္စည်းများ ဘာမှယူသွားလို့မရပါဘူး။
သွားတဲ့အချိန်ပေါ်မူတည်ပြီး ရုံအတွင်းရောက်ဖို့ အကြာကြီးတန်းစီရတတ်ပါတယ် ~~ ခန့်မှန်းခြေ (၁)နာရီ ဝန်းကျင်။ မိမိ Booking ရထားသောအချိန်၏ နာရီဝက်မတိုင်ခင်အရောက်သွားပါ။

ရုံအတွင်းရောက်လျှင်
လဝက စစ်ဆေးခြင်း
ကောင်တာတစ်ခုတွင်တန်းစီပြီး
ကိုယ့်အလှည့်ရောက်ပါက
ပါလာတဲ့ သန်းခေါင်စာရင်း၊ မှတ်ပုံတင် မူရင်း၊ မိတ္တူကိုပေးပြီး ပြုံးပြပါ။ မေးတာဖြေပါ။
ရုံအနောက်ဘက်သို့သွားခွင့်ပြုပါကသွားပြီး
စစ်ဆေးပြီးကြောင်းတံဆိပ်ထုထားသောစာရွက်ယူပါ။
စစ်ဆေးခြင်းအတွက် ၂၀၀၀ကျပ် ပေးရပါမယ်။

Passport စတင်လျှောက်ထားရန်
အဆင့်(၁) Form ဖြည့်ခြင်း
အခန်းထဲမဝင်ခင် ဝင်လာခဲ့တဲ့ဘက်ကို
ပြန်ထွက်လာပြီး ဝင်ဝင်ခြင်း ရုံအတွင်း TV အောက်တည့်တည့်ရှိစားပွဲတွင်ထိုင်နေသောတာဝန်ခံဆီမှ Form စာရွက်တစ်ရွက်တောင်းပါ။ (သူများတွေက ၁၀၀၀ ပေးရတယ်ပြောတယ် ကျွန်တော်က ဒီတိုင်းတောင်းလာခဲ့တယ်)။
လိုအပ်တဲ့အချက်အလက်များပြည့်စုံမှန်ကန်စွာဖြည့်ပါ။
အဆင့်(၂) ငွေသွင်းခြင်း။
လဝက က ပြန်ပေးလိုက်တဲ့စာရွက်စာတမ်းတွေကိုကိုင်ပြီး ရုံအတွင်းရှိမြန်မာ့စီးပွါးရေးဘဏ်တွင် ငွေသွင်းပါ။ ၂၅၀၀၀ ကျပ်။
ဘဏ်ကနေ ငွေသွင်းပြီးကြောင်းစာရွက်ကို တစ်ယောက်ချင်းစီ နာမည်ခေါ်ပြီး ပြန်ပေးပါတယ်။ စောင့်ရတာကြာပါတယ်။ ရေလေးသောက်ပြီး စိတ်ရှည်လက်ရှည်ထိုင်စောင့်နေပါ။
အဆင့်(၃) ဓါတ်ပုံရိုက်ခြင်း၊ စာအုပ်ထုတ်ရန်slipရခြင်း။
နောက်ဆုံးအဆင့်ပါ။ အခြေအနေကြည့်ပြီး မြန်မြန်ပြီးမယ်ထင်ရတဲ့ အခန်း တစ်ခုခုအရှေ့မှာတန်းစီပါ။ ကိုယ့်အလှည့်ရောက်ပါက စာရွက်စာတမ်း မူရင်း၊ မိတ္တူများပြ၍ ဓါတ်ပုံအရိုက်ခံ၊ လက်ဗွေနှိပ်၊ လက်မှတ်ထိုးပါ။
Slipတစ်ခါတည်းယူသွားမည်ဖြစ်ကြောင်းပြော၍ ထုတ်ယူပါ။ ပြုံးပြပါ။ ဓါတ်ပုံရိုက်ပြီးရင် ၅၀၀၀ပါ။
Slipရလျှင် နာမည်နှင့်အချက်အလက်များမှန်ကန်ကြောင်းစစ်ဆေးပြီး ယူခဲ့ပါ။
နောက်ဆယ်ရက်နေလျှင်စာအုပ်သွားထုတ်၍ရပါပြီ။
ပွဲစားနဲ့ဆိုလည်း အပေါ်ကအဆင့်တွေအကုန်လုံးက
ကိုယ်တိုင်းတန်းစီလုပ်ရတာပဲဆိုတော့ အတူတူပါပဲ~~ Booking appointment လေးပဲ ကြိုယူထားပါ။

မူရင်းရေးသားသူ crd