ပူတင်ရဲ့ ဒေါ်လာ သန်း ၇၀၀ တန် ဇိမ်ခံရွက်လှေကို အီတလီက သိမ်းယူ

International News

ပူတင်ရဲ့ ဒေါ်လာ သန်း ၇၀၀ တန် ဇိမ်ခံရွက်လှေကို အီတလီက သိမ်းယူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပူတင်ရဲ့ ဒေါ်လာ သန်း ၇၀၀ တန် ဇိမ်ခံရွက်လှေကို အီတလီက သိမ်းယူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အီတလီနိုင်ငံ Marina di Carrara ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ Scheherzade လို့ အမည်ပေးထားတဲ့ ဒေါ်လာ သန်း ၇၀၀ တန် ဇိမ်ခံရွက်လှေတစ်စီးကို ဖမ်းဆီးလိုက်ကြောင်း အီတလီအကောက်ခွန်ဌာနက သတင်းထုတ်ပြန်ပါတယ်။

Marina di Carrara ဆိပ်ကမ်းမှာ ပြင်ဆင်ဖို့ဆိုက်ကပ်ထားတဲ့ Scheherzade ဇိမ်ခံရွက်လှေဟာ ရုရှား သမ္မတ ပူတင်ပိုင်ဆိုင်တဲ့ ရွက်လှေလို့ သတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်း အီတလီအာဏာပိုင်တွေက သိမ်းယူလိုက်တာဖြစ်ပါတယ်။

Scheherzade ဇိမ်ခံရွက်လှေ သင်္ဘောဟာ မီတာ ၁၅၀ ကျော်အရှည်ပြီး ရဟတ်ယာဉ်ဆင်းသက်လို့ရတဲ့ နေရာ ၂ နေရာပါရှိပါတယ်။ ရေကူးကန် ၂ ကန်ပါဝင်ပြီး လောလောဆယ် သင်္ဘောသား ၅၀ နီးပါး တာဝန်ထမ်းဆောင်နေတယ်ဆိုပါတယ်။ Scheherzade ဇိမ်ခံရွက်လှေဟာ အီတလီဆိပ်ကမ်းကနေ တူရကီကို ထွက်ခွါဖို့ ပြင်ဆင်နေချိန်မှာ အီတလီအာဏာပိုင်တွေက တားမြစ်သိမ်းယူလိုက်တာဖြစ်ပါတယ်။

အီတလီအကောက်ခွန်ရဲ့ ကြေညာချက်မှာတော့ ပူတင်အမည်ကိုဖေါ်ပြမထားပေမဲ့ ရွက်လှေပိုင်ရှင်ဟာ စီးပွါးရေးပိတ်ဆို့မှုခံထားရတဲ့ ရုရှားနိုင်ငံက အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးပိုင်ဆိုင်တယ်လို့ပဲ ဖေါ်ပြထားပါတယ်။ ဒါပေမဲ့ Scheherzade ရွက်လှေဟာ ပူတင်ပိုင်ဆိုင်တာဖြစ်လို့ အမြန်သိမ်းယူဖို့ ရုရှားအတိုက်အခံတွေက ဖေဖေါ်ဝါရီလကတည်းက တောင်းဆိုထားတာဖြစ်ပါတယ်။

ရေးသားသူ – နေမျိုးမောင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။