ရခိုင်ပြည်တွင် သက်ကြီးပိုင်းများ အပါအဝင် ပြည်သူကို thet ဖြတ်နေသည့် ပုဏ္ဏားကျွန်းမှ ခမရ ၅၅၀ အပါအဝင် စစ်ကောင်စီတပ်ကို မဖြစ်မနေ အပြင်းထန်ဆုံး လက်စားချေမည်ဟု AA က ကြေညာ

Local News

ရခိုင်ပြည်တွင် သက်ကြီးပိုင်းများ အပါအဝင် ပြည်သူကို thet ဖြတ်နေသည့် ပုဏ္ဏားကျွန်းမှ ခမရ ၅၅၀ အပါအဝင် စစ်ကောင်စီတပ်ကို မဖြစ်မနေ အပြင်းထန်ဆုံး လက်စားချေမည်ဟု AA က ကြေညာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရခိုင်ပြည်တွင် သက်ကြီးပိုင်းများ အပါအဝင် ပြည်သူကို thet ဖြတ်နေသည့် ပုဏ္ဏားကျွန်းမှ ခမရ ၅၅၀ အပါအဝင် စစ်ကောင်စီတပ်ကို မဖြစ်မနေ အပြင်းထန်ဆုံး လက်စားချေမည်ဟု AA က ကြေညာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၂

ရခိုင်ပြည်နယ်တွင် သက်ကြီးပိုင်းများ အပါအဝင် ပြည်သူများကို thet ဖြတ်နေသည့် ပုဏ္ဏားကျွန်းမှ ခမရ ၅၅၀ အပါ အဝင် စစ်ကောင်စီတပ်ကို မဖြစ်မနေ အပြင်းထန်ဆုံး လက်စားချေတုံ့ပြန်မည်ဟု AA က နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ဓာတ်ပုံ- AA တပ်ဖွဲ့ဝင်များ။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းသည် ဆင်အင်းကြီး ကျေးရွာမှ အရပ် သားနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး အဆိုပါကျေးရွာအတွင်းမှ အသက်ကြီးပိုင်း အပါအဝင် အပြစ်မဲ့ ပြည်သူ ၉ ဦးထက်မနည်းသော အရေအတွက်ကို သွေးအေးအေးဖြင့် ယုတ်မာ ရိုင်း စိုင်းစွာ ရက် ရက် စက်စက်ပစ်ခတ်thet ဖြတ်ခဲ့ကြောင်း၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်ခဲ့ကြကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကျူးလွန်နေသော စစ်ကောင်စီ၏ လူမဆန်သော လုပ် ရပ်များအနက်မှ အဆိုးရွားဆုံးသော သိသာထင်ရှားသည့် အစုလိုက် အပြုံလိုက် thet ဖြတ်ခဲ့သော စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းတစ်ခုပင်ဖြစ်ကြောင်း AA က ပြောဆိုသည်။

ထို့ပြင် နိုဝင်ဘာ ၁၀ ရက်နေ့ ၊ ၁၁ ရက်နေ့များတွင်လည်း စစ်ကောင်စီသည် ပုဏ္ဏားကျွန်း အခြေစိုက် ခမရ ၅၅၀ တပ်ရင်း၊ စစ်တွေပါဒလိပ်၊ ကွမ်းတောင်တပ်စခန်းများမှ lat nat ကြီးများ ပစ်ခတ်ခြင်း၊ စစ်ရဟတ်ယာဉ်များ၊ ဒရုန်းများဖြင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှု ကြောင့် အပြစ်မဲ့ ပြည်သူ ၂ ဦး thay ဆုံးခဲ့ရပြီး အမျိုးသမီး၊ ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦးဒဏ်ရာရရှိကြောင်း AA က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် စစ်ကောင်စီ၏ ထောက်ပို့ပစ္စည်းကားတစ်စီးကို AA က ပုဏ္ဏားကျွန်းမြို့နယ်၊ပဒေသာရွာနှင့် ဆင်အင်းကြီးရွာအကြားတွင် ဖမ်းဆီးထိန်းသိမ်းလိုက်သည်ကို လက်တုံ့ပြန်သောအားဖြင့် တိုက်ပွဲနှင့် လုံး၀ မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူလူထုကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်‌ကြောင်း AA က ဆိုသည်။
စစ်တပ်၏ လုပ်ရပ်သည် အလွန်ပင် သူရဲဘောကြောင်သည့် စက်ဆုပ်ရွံ့ရှာဖွယ်ရာလုပ်ရပ်ဖြစ်ပြီး AA တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီ၏ ယခုကဲ့သို့ လူမဆန်သော ရိုင်းစိုင်းသည့်လုပ်ရပ်များကြောင့် အသက်အိုးအိမ် ပျက်စီး ဆုံးရှုံးခဲ့ရသော ပြည်သူများအတွက် မိသားစုနှင့်ထပ်တူဝမ်းနည်းရကြောင်း၊ စစ်ရာ ဇဝတ်ကျူးလွန်သော ပုဏ္ဏားကျွန်းအခြေစိုက် ခမရ ၅၅၀ နှင့် ပါဝင်ပတ်သက်သူများကို မဖြစ်မနေ အပြင်းထန်ဆုံး လက်စားချေတုံ့ပြန်မည်ဟု AA က ထုတ်ပြန် ကြေညာထားသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။