သင့်အိမ်လေးထဲကို ပိုးမွှားတွေ လာဖို့ခက်ခဲသွားစေမည့် နည်းလမ်း (၁၀) မျိုး

Health Knowledge
သင့်အိမ်လေးထဲကို ပိုးမွှားတွေ လာဖို့ခက်ခဲသွားစေမည့် နည်းလမ်း (၁၀) မျိုး

သင့်အိမ်ကို ပိုးမွှားကင်းစင်တဲ့အိမ်တစ်အိမ်ဖြစ်စေချင်ပေမဲ့ ဓါတုပိုးသတ်ဆေးတွေကိုသုံးဖို့လက်တွန့်နေလား။ သင့်ရွေးချယ်မှုမှန်ပါတယ်။ ဓါတုပိုးသတ်ဆေးတွေဟာ အပြင်းဆုံးဆုံးအဆိပ်တွေဖြစ်ပီး ပိုးမွှားတွေကိုသာမက လူကိုလည်း ဒုက္ခကောင်းကောင်းပေနိုင်ပါတယ်။ ဒါတွေကိုရှောင်လွှားနိုင်ဖို့ဆို ခုပြောပြမယ့်နည်းလမ်းလေးတွေက အနည်းနဲ့အများအသုံးဝင်လိမ့်မယ်လို့ ယူဆပါတယ်။

၁။ပိုးဟပ်တွေ

အရိုးရှင်းဆုံးပြောရရင် ပိုးဟပ်တွေဟာ အစားအစာနဲ့ ရေရှိရာမှာရှင်သန်တဲ့အတွက် အစားအစာတွေကို သူတို့လက်လှမ်းမမှီအောင်ထားဖို့လိုပါတယ်။အဲ့လိုမှမဟုတ်ရင်တော့ ထောင်ချောက်လေးတစ်ခုဖန်တီးလို်က်ပါ။ ရိုးရှင်းလွယ်ကူပါတယ်။ ရေသန့်ဗူးအလွတ်တစ်လုံးကိုယူလိုက်ပါ။

ထိပ်ပိုင်းကို ကန်တော့ပုံဖြစ်အောင်ဖြတ်လိုက်ပါ။ ထိုကန်တော့လေးကို ထိုရေဗူးပိုင်းထဲကို ပြန်ထည့်ပါ။ ပုံမှာပြထားတဲ့အတိုင်းပေ့ါ။ပီးရင်တော့ ထိုပစ္စည်းလေးကို ပိုးဟပ်တွေလာတတ်တဲ့နေရာမှာထားပေးပါ။ ပိုးဟပ်တွေဟာ ရေဝင်သောက်မှာဖြစ်ပီး ပြန်ထွက်မရတော့ပါဘူး။

၂။ယင်ကောင်တွေ

ဒီနည်းလေးကတော့ အသုံးပိုတည့်မှာပါ။ ယင်ကောင်တွေက တကယ့်ရန်သူတွေလေ။ သူတို့အတွက်ထောက်ချောက်လေးတစ်ခုပြောပြမယ်။ဖန်ခွက်တစ်ခွက်ထဲကို ပန်းသီးပါဝင်တဲ့ ဗနီဂါ ကိုထည့်ပါ။ နောက်ပီး အချဉ်ပေါက်နေတဲ့အသီးတစ်မျိုးရောပေါ့။
ပီးရင်တော့ စောစောကနည်းအတိုင်း စာရွက်တစ်ရွက်ကို ကန်တော့ပုံလုပ်ပီး ပုလင်းထဲထည့်ပါ။ ပြည့်စုံသွားပီဆိုရင်တော့ ယင်ကောင်များတဲ့နေရာမှာ ညအိပ်ထားလိုက်ပါ။မနက်ကျရင် အကျိုးရလဒ်ကို မျက်မြင်တွေ့ရမှာပါ။ လုပ်ကြည့်နော်။

၃။ခြင်တွေ

ပထမရန်သူ ခြင်။ သူ့ကိုနှိမ်နင်းဖို့တော့ Citronella နဲ့ lemongrass ဆီကို မီးစာလုပ်ပီး ထွန်းပေးပါ။ ဒါတွေက ခြင်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ အုန်းဆီကို အခြားအပင်မှရရှိတဲ့ ဆီတမျိုးမျိုး (essential oil) အနည်းငယ်နဲ့ရောပီး အနည်းငယ်ခဲသွားပါစေ။
ထိုအရာကို အသားပေါ်မှာလိမ်းနိုင်ပါတယ်။ သတိထားရမှာက essential oil မများပါစေနဲ့။

၄။ပိုးမွှားတွေ

အကုန်လုံးပါဝင်ပါတယ်။ ခြင်တွေယင်တွေ ပိုးဟပ်တွေဟာ lavender ကိုကြောက်ပါတယ်။ဒါကြောင့် အဝတ်ပါး သို့မဟုတ် ရေမြှုပ်တစ်ခုကို lavender ဆီနဲ့စွဲနေပါစေ။ ပီးတော့ ထိုအရာကို သင့်အိမ်ရဲ့လေကြောင်းသင့်တဲ့နေရာမှာထားပါ။ လူတော်တော်များများlavender ကိုကြိုက်သလောက် ပိုးမွှားတွေကတော့မုန်းပါတယ်။ စပရေးဗူးအလတ်စားထဲကို lavender ဆီ အစက်သုံးဆယ်၊ ရေအပြည့်ရောပီး လည်းအသုံးပြုနိုင်ပါတယ်။ lavender ဆီကို အသားအရေပေါ်မှာအသုံးပြုခြင်းကိုတော့ရှောင်ပါ။

၅။ပုရွက်ဆိတ်တွေ

အရက်ကအသုံးဝင်လာပါပီ။ အရက်ဆီအနည်းငယ် ပန်းကန်ဆေးဆပ်ပြာနဲ့ ရေတို့ကို ရောပီး သမအောင် ခေါက်ပါ။ အမြုပ်တွေထွက်လာပီဆို ပုရွက်ဆိတ်လမ်းကြောင်းတွေမှာဖြန်းထားလိုက်ပါ။ ပုရွက်ဆိတ်ကင်းစင်တဲ့ အိမ်ဂေဟာလေးဖြစ်နေတော့မှာပါ။

၆။ပျားတွေ

သင့်အိမ်ထဲမှာပျားအိမ်တည်နေပီလား။ ပျားဖွတ်သမားတွေကြားပါက သူတို့အပြေးလာကြပါလိမ့်မယ်။ အဲ့လိုမှမဟုတ်ရင်တော့ သူတို့ကို နှိမ်နင်းဖို့ အခြားနည်းရှိပါတယ်။ Citrus Fruits လို့ခေါ်တဲ့ လိမ္မော်သီး ရှောက်သီး သံပုရာသီးတို့ကို ရေနဲ့ ၁၀မိနစ် ၁၅မိနစ်ခန့်အပူပေးပါ။ ထို့နောက် ထိုအရည်ကို ဗူးထဲထည့်ပီး ဖြန်းပေးပါ။

၇။ပျားနဲ့ ပုရွက်ဆိတ်မျိုးနွယ်တွေ

ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးပါ။ ခြတွေ ပျားတွေ အိမ်ထဲမှာ အုံဖြစ်နေလို့ စိတ်ညစ်နေရလား။ မပူပါနဲ့။ ပန်းကန်ဆေးဆပ်ပြာကို ရေနဲ့သင့်တင့်အောင်ရောပီး ဖြန်းပေးပါ။ ထူးခြားမှုကိုတွေ့ရမှာပါ။

၈။ပင့်ကူတွေ

ပင့်ကူတွေက tea tree ကိုမုန်းပါတယ်တဲ့။ ဒါဆို ဂွင်ပဲလေ။ ရေခွက်ဝက်၊ ဗနီဂါ ခွက်ဝက်ကို tea tree essential oil အနည်းငယ်နဲ့ရောဖြန်းရင် ပင့်ကူတွေကြာကြာနေနိုင်မှာတဲ့လား။

၉။ဒုတိယ ရန်သူတော် ဂျပိုး

ဂျပိုးကိုနိုင်တာ ယူကလစ်ပါတဲ့။ ရေတစ်ခွက်ထဲကို ယူကလစ်ဆီ ၁၀စက်လောက် ထည့်ပီးကုတင်တဝိုက်ဖြန်းပါ။ အိပ်မောမကျစဘူး ကျသွားစေရမယ်။ ဂျပိုးရန်ကင်းကင်းပေါ့။ ခရီးခဏခဏသွားရသူဆိုလည်းမပူပါနဲ့။ ယူကလစ်ဆီလေးသာဆောင်ပါ။ တည်းခိုတည့်နေရာမှာ ယူကလစ်ဆီကို tissue ထဲအနည်းငယ်ထည့်ပီး အိပ်ရာတဝိုက်ပွတ်ပါ။

၁၀။အနံ့ဆိုးတဲ့ ပိုးကောင်တွေ

ထိုအကောင်တွေကို ကြက်သွန်ဖြူနဲ့တားလိုက်ပါ။ ရေ၂ခွက်ကို ကြက်သွန်ဖြူအမှုန့် လက်ဘက်ရည်ဇွန်း ၄ဇွန်းလောက်ထည့်ပီး ခလောက်ပါ။ ပီးရင်တော့ အသုံးပြုဖို့ အဆင့်သင့်ပဲပေါ့။
Credit..

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။