ရာသီဖွားလေးတွေစိတ်ဆိုးရင် ဘယ်လိုပြုမူတတ်ကြလဲ

Astrology

ရာသီဖွားလေးတွေစိတ်ဆိုးရင် ဘယ်လိုပြုမူတတ်ကြလဲ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရာသီဖွားလေးတွေစိတ်ဆိုးရင် ဘယ်လိုပြုမူတတ်ကြလဲဆိုတဲ့ တားရော့ဗေဒင် သတင်းလေးပဲ ဖြစ်ပါတယ်။

ရာသီဖွားလေးတွေစိတ်ဆိုးရင် ဘယ်လိုပြုမူတတ်ကြလဲ

Taurus (ပြိသရာသီဖွား) လေးတွေကတစ်ခုခုနဲ့ပတ်သတ်ရင်မဟုတ်မခံဒေါသထွက်လွယ်တဲ့ သူလေးတွေပါ…
တစ်ခုခုဆိုရင်ဒေါသကိုမထိန်းနိုင်ကြဖူး မကောင်းတာတစ်ခုခုဆိုလည်းဒိုင်းကနဲ ဒိုင်းကနဲ သေနတ်ပစ်တာထက်တောင်မြန်သေးတယ် ဒေါသထွက်ရင်လွတ်ချက်က…
မထွက်ရင်လည်းမပြောဖူး စိတ်ထဲကတော့ ပြောနေလိုက်တာမရပ်ဖူး…
တကယ်တော့ သူတို့လေးတွေကစိတ်တည်ငြိမ်အောင်ကျင့်သင့်ပါတယ် မဟုတ်ရင်နောင်တရစရာကိစ္စလေးတွေ များတတ်ပါတယ် ဖြစ်ပြီးတော့မှ အော်ငါမှားသွားပြီ၊ ပြောမိလိုက်တာ အားနာလိုက်တာ သနားပါတယ် နောင်တလေးတွေဖြစ်နေတတ်တဲ့သူလေးတွေပါ…သူတိုလေးတွေကမှားရင်တောင် အတင်းကြပ်ဆိုဘယ်တော့မှအမှားကို၀န်မခံချင်ကြတဲ့ ဒေါသအိုးလေးတွေ…

Scorpio (ဗြိစ္ဆာရာသီဖွား) လေးတွေကတော့ ဒေါသစိတ်ကိုထိန်းချုပ်ဖို့ခတ်တဲ့သူလေးတွေပါ…တစ်ယောက်ယောက်ကို ဒေါသထွက်ရင် ဘေးနားကရှိတဲ့သူတွေပါအကုန်ရောပြီးဒေါသထွက်တတ်တဲ့သူလေးတွေပါ အကုန်စိတ်တိုတတ်တဲ့သူလေးတွေပါ ဘယ်သူမှကိုချန်မထားဖူးရှိတဲ့သူအကုန်လုံးကိုထွက်ဘဲ….

ချစ်သူနဲ့ဖြစ်ဖြစ် မိသားစုနဲ့ဆိုလည်း ဒေါသထွက်ပြီဆိုလာမပြောနဲ့ နောက်မှရှင်း ငါအခုဒေါသထွက်နေတယ်ဆိုတဲ့ သူလေးတွေပါ…
ဒေါသထွက်နေချိန်မှာဖြစ်နိုင်ရင် ကိုယ့်ဘေးကလူတွေနဲ့ဝေးရာထွက်နေတာအကောင်းဆုံးပါ…

မှန်တယ်ထင်ရင်ဇွတ်တွေပြောတတ်လွန်းလို့ ရွာပြင်ထွက်နေရမယ်နော် Scorpio လေးတွေ…
ရွာပြင်ရောက်ရင်တောင် မှန်တာပြောမှာဘဲဆိုတဲ့ တားမရတဲ့ Scorpio လေးတွေပါ….

Leo (သိဟ်ရာသီဖွား) စိတ်မြန်လက်မြန် ဒေါသကလည်းမြန် အစားဆိုလည်းမြန် လျင်မြန်ဖျက်သွက်လက်တဲ့ ချစ်စရာရာသီဖွားလေးတွေပါ….

တစ်ခါတစ်လေ စိတ်ကျဉ်းကြပ်တယ် စိတ်တိုလာတယ် ပေါက်ကွဲပစ်လိုက်တယ် ပြီးရင်လည်းပြီးရော ခဏတာတော့ စိတ်ဆိုးဒေါဖြစ်ပြီးပေါက်ကွဲပစ်လိုက်တယ် ပြီးရင်အကောင်းဆုံးတည်ဆောက်တယ်…

ဒေါသဖြစ်နေချိန်မှာတော့ ဘာအမှားမှလာ၀န်မခံခိုင်းနဲ့ ၀န်မခံဖူး သူ့တို့ကိုအချိန်တစ်ခုလေးပေးလိုက်မှ သူတို့ဘာသာဖြေရှုင်းမယ် အစပိုင်းမှာတော့လာ၀င်မပါနဲ့ဘဲ….

တကယ်တော့ ဒီရာသီဖွားလေးတွေက ဒေါသထွက်ချိန်ခဏတာလူတွေနဲ့ဝေးဝေးနေသင့်တာပါ အဲဒါဆိုသူတို့အတွက်ပိုကောင်းပါ ဒါပေမယ့် သူတို့အာရုံနောက်ပြီ အဆုံးထိဒေါသထွက်သွားရင်တော့ တားမရတတ်တဲ့လူဆိုးလေးတွေပါ….

Virgo(ကန်ရာသီဖွား)ဒေါသထွက်ရင်လား ပြောပြီသာမှတ် ကျန်တဲ့အချိန်အနေအေးချင်အေးမယ် ဒေါသလေးထွက်လိုက်ပြီ ကိုယ့်များမဟုတ်တာစွပ်စွဲလိုက်ရင်တော့ မိုးမီးလောင်ပြီသာမှတ် မရမကဖြေရှင်းတတ်ကြသူတွေပါ…

တစ်ခါတစ်လေမှာလည်း သူတို့မဟုတ်သလိုဘဲ ဒေါသကိုထိန်းနိုင်ကြပါသေးတယ်…
နားလည်ရခတ်တဲ့ထဲ Virgo လေးလည်းပါပါတယ်…

ကိုယ်တိုင်က စိတ်တိုချိန်မှာအမှားလုပ်တတ် ပြောတတ် ဆိုတတ်တဲ့သူမို့ ကိုယ့်စိတ်ကို အကြိမ်ကြိမ်ထိန်းချုပ်တတ်အောင် ကျင့်ထားရင် အမှားနည်းတဲ့ Virgoလေးတွေဖြစ်သွားပါပြီ…..

ချစ်သူတောင်စိတ်ထဲကသာအလျော့ပေးရင်ပေးမယ် အပြင်ပန်းကတော့ No No ဘဲ ပြီးရင်သူလေးဘဲစိတ်မကောင်းဖြစ်နေရတတ်သူလေးပါ…

Cancer (ကရကဋ်ရာသီဖွား) ကြည့်လိုက်ရင်တော့ အနေအေးတဲ့သူလေးတွေပါ ဘာမှမသိသလို မတတ်သလို နေတတ်တယ် ကြင်နာတတ်ကြပါတယ်…
တကယ်တော့ ရန်မစသင့်တဲ့ထဲမှာ Cancer လေးတွေက မပါမဖြစ်ပါဘဲ….

မဟုတ်မခံ ရန်တွေ့တတ်တယ် ပြောတတ်တယ် မပြောတာဘဲရှိမယ်ဆိုတဲ့သူမျိုးတွေပါ…
တစ်ခုခုတုန့်ပြန်ပစ်မယ်ဆိုတဲ့သူမျိုးတွေပါ(ဒါကအရမ်းဒေါသထွက်တဲ့အခြေနေတစ်ခုနရောက်သေးလို့ပါ)…

သူတို့ဘာမှမပြောလို့ငြိမ်နေလို့ ဘာမှမဖြစ်ဖူးမထင်ပါနဲ့ အဲဒါအရမ်းစိတ်ဆိုးပြီးမပြောချင်လောက်အောင်ဒေါသထွက်နေလို့ပါ…
သူတို့နှစ်သက်တဲ့အရာလေးတွေ ချစ်တဲ့အရာလေးတွေဆိုအမြဲကာကွယ်တတ်တဲ့သူလေးတွေပါ …..

Cancer လေးတွေကတကယ်တော့ စိတ်ဆိုးလွယ်စိတ်ပြေလွယ်တတ်တဲ့သူလေးတွေပါ စိတ်ထဲမှာတော့ ကိုယ့်ကိုဘယ်လိုလုပ်ထားတာ ဘယ်ချိန်မှာဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကတော့ သူတို့မမေ့တတ်ပါဖူး …..

Aries (မိဿရာသီ) ဒေါသကြီးကြီးတဲ့ထဲမှာ Aries လေးတွေလည်းမပါမဖြစ်ပါဘဲ သူတို့လေးတွေက သူ့သိုင်းဝိုင်း သူ့ပတ်၀န်းကျင်လေးနဲ့သူ
သူတို့ဘာသာအေးဆေးနေတတ်တယ်တဲ့သူလေးတွေပါ….

သူတို့ကိုတော့ စိတ်မတိုအောင် ဒေါသမထွက်မိအောင်နေတတ်ကြတယ် စိတ်ထိန်းနေရင်းကို တစ်ခုခုဆို ဝုန်းဒိုင်းနဲ့ဒေါသထွက် တတ်ကြပါတယ်….

Aries လေးတွေကဘယ်လိုဘဲရင့်ကျက်တယ်ပြောပြော စိတ်တိုလွယ်ဒေါသထွက်လွယ်ကြပါတယ်…
သူတို့စိတ်ကောင်း၀င်ချိန်မပြောရင်လည်းမပြောဖူး ပြောပြီဆိုရင်လည်းအားမနာတတ်ဘဲ ဒဲ့တွေပြောတတ်ပါတယ်…
သူတို့ချစ်ခင်တဲ့အရာလေးတွေ သူတို့ဘေးကသူတွေကိုလည်းကာကွယ်တတ်တဲ့သူလေးတွေပါ…

Gemini (မေထုန်ရာသီဖွား) စိတ်ဆိုဒေါသထွက်တဲ့အခါ စိတ်ရှိလက်ရှိအော်ပစ် လုပ်ချင်တဲ့စိတ်တွေကတော့ အတွေးထဲမှာကတော့ လုပ်ချင်တာတွေလုပ်ပစ်လိုက်ပါပြီ .. အပြင်မှာကတော့ မြိုသိပ်ပြီး ဒေါသတွေကိုမြိုချထားတဲ့သူလေးတွေပါ…

ချစ်ခြင်းတွေနဲ့ပြည့်နက်နေပြီး ပျော်ချင်တယ် ပေါ့ပေါ့ပါးပါးနေချင်သူတွေပါ…
မာနကိုထိပါးလာတဲ့ကိစ္စတွေဆိုရင် ကိုယ်သည်းခံလောက်တဲ့အထိနေမယ် ကျော်လွန်ခဲ့ရင်တော့ထိရောက်စွာတုန့်ပြန်တတ်ပါတယ်…

ကိုယ့်အပေါ်ဒေါသထွက်စရာတစ်ခုခုလုပ်ထားရင်တော့ စိတ်ထဲကအလိုလို မှတ်ထားပြီးသားပါ ကိုယ်တုန့်ပြန်လို့ရတယ် အခြေနေပေးလို့ကတော့ ကောင်းကောင်းကြီးတုန့်ပြန်တတ်ပါတယ်…

Sagittarius (ဓနုရာသီဖွား) စိတ်ဆိုးစရာတွေ့ရင်ဘာမှမမြင် အကုန်ပြောပစ် ရှေ့မကြည့်နောက်မကြည့် ချက်ချင်း ပြောတာ ပြောတာ ပြီးရင်သူဘဲစိတ်ဆိုးပြေရင် ပြန်ချော့ ပြီးရင်သူလေးဘဲမဟုတ်သလိုလို ခုဏစိတ်ဆိုးနေတဲ့သူကတခြားယောက်လိုလို အပြောင်းလဲမြန်သော Sagittarius လေးတွေပါ…

သူတို့လေးတွေက ဒေါသထွက်ပြီကြမ်းပြီဆိုရင်လည်း အဆုံးပါဘဲ ဘယ်လိုမှဆွဲလို့ကို မရတော့တာပါ…
ပျော့ပျောင်းရင်လည်း ဘယ်သူမှကိုမမှီတဲ့ ဖယောင်းလေးတွေအလားပါဘဲ…

ကိုယ်လုပ်လိုက်လို့တစ်စုံတစ်ယောက်စိတ်ဆိုးခဲ့ရင်လည်း ဘယ်လိုပြန်ချော့ရမလဲဆိုတာ သိတဲ့လူလည်လေးတွေပါ…

Capricorn (မကာရရာသီဖွား) ဒေါသထွက်လားဆိုတော့ ထွက်တယ် ဘာကိုအလိုမကျတာလည်းဆိုတော့မသိဖူး စိတ်ဆိုးဒေါသဖြစ်တာတောင် ရောင်လည်လည်စိတ်ဆိုးဒေါသဖြစ်တာနော်…

အတွေးတွေများတယ် ဘာဖြစ်ချင်မှန်းမသိဖူး အပြင်မှာတော့ စိတ်ဆိုးပြတယ်နော် စိတ်ထဲကတော့ ဘာကိုစိတ်ဆိုးမှန်း ဒေါသထွက်မှန်းအဖြေရှာမရဖူး…

ချစ်သူကို စိတ်ဆိုးထားတယ်နော် တွေ့ရင်အပီချဲမယ် တွေ့ပြီမှတ် တွေ့လည်းတွေ့ရော စိတ်ဆိုးတာက်ုမေ့ပြီး ပျော်ရွင်မြူးတူးပြီးပြန်မယ် အိမ်သာရောက်လာတယ် သူစိတ်ဆိုးတာကိုသတိမရသေးဖူး အဲလိုချစ်ဖို့ကောင်းသော Capricorn လေး‌ေတွပေါ့….

Aquarius(ကုံရာသီဖွား) စိတ်ဆိုးတယ်ဆိုတာဘာလားဘဲ သူ့စိတ်ဆိုးအောင်လုပ်ဖို့ခတ်ခဲတယ် ဒေါသထွက်တယ်ဆိုတာမြင်ရခဲတဲ့ သူလေးတွေပါ…
အမယ်ဟန်ဆောင်တော့စိတ်ဆိုးပြတတ်သေးတာနော်…
သူတို့ကိုစိတ်တိုအောင်လုပ်နိုင်တာကတော့ သူတို့ချစ်တဲ့အရာတွေ မိဘ ချစ်သူတွေပါ အဲဒါတွေထိလို့ကတော့ အရမ်းစိတ်ဆိုးဒေါသထွက်တတ်ပါတယ်….

သူများကိုစိတ်ဆိုးဒေါသထွက်အောင် လုပ်တတ်တဲ့နေရာမှာတော့ ဆရာကြီးတွေပါဘဲ…

Libra (တူရာသီဖွား) စိတ်ဆိုးဒေါသထွက်တယ်ဆိုတာ သူတို့ဘ၀မှာမရှိဖူး နင်ငါ့ကိုစိတ်ဆိုးအောင်လုပ်တာမဟုတ်ဖူး စိတ်နာအောင်လုပ်တာ အဲတော့ဝေးဝေးသွားဆိုတဲ့သူမျိုးလေးတွေပါ…

ငါ့ကိုလာမထိနဲ့ ငါကဆရာကြီး ဆိုတဲ့သူမျိုးလေးတွေပါ…
ဘယ်သူတွက်ကိုမှငါစိတ်ဆိုဒေါသထွက်ဖို့မအားဖူးဆိုတဲ့ ကလေးဆိုးတွေပါ….

တကယ်စိတ်ဆိုးရင်တောင် အပြင်ပန်းကတော့ စိတ်မဆိုးဖူးလုံး၀ဘဲဆိုပြီးညာတတ်တဲ့သူတွေပါ….

ချစ်သူနဲ့ဆိုရင်တောင် စိတ်ဆိုးလားမေးရင် ငါစိတ်မဆိုးဖူးလုံး၀မဆိုးဖူး ဆိုပြီးကျိတ်ပြီးစိတ်ထဲမျက်ရည်သုတ်နေတဲ့သူတွေပါ…

Pisces (မိန်ရာသီဖွား) ချစ်စရာကောင်းတယ် အသည်းယားစရာလေးတွေ စိတ်မဆိုးတတ်ဖူး စိတ်မတိုတတ်ဖူးထင်တတ်ကြတယ် အမလေး ပျော့တဲ့ချိန်သာပျော့တာ တကယ်မာတဲ့အချိန်ဆိုရင် ဘယ်သူမှလိုက်မမှီဖူး ကိုယ်တိုင်ထိခိုက်လောက်တဲ့ထိကိုစိတ်တိုပစ်တဲ့သူပါ…
လိမ္မာပြီဆိုရင်လည်း သူတို့လောက်လိမ္မာတဲ့သူမရှိဖူး ဆိုးပြီးဆိုရင်လည်းဘယ်လိုမှလိုက်မမှီတဲ့ အစွန်း နှစ်ဖက်မှာရှိတဲ့သူတွေပါ…
ဖြစ်နိုင်ရင် ကိုယ့်စိတ်ကို တက်နိုင်သမျှထိန်းချုပ်တာထက်အေးချမ်းအောင်လုပ်တာ တရားထိုင်တာလေးတွေလုပ်သင့်ပါတယ်….
စိတ်ကိုအမြဲလွတ်ထားရင် ကြာလာရင် စိတ်တည်ငြိမ်အောင်ထိန်းချုပ်ဖို့ခတ်လာပါလိမ့်မယ်…

ရေးသားသူ – Star Moon Tarot

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုတားရော့သတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။