တောင်ကလေးရဲစခန်းတိုက်ခိုက်ခံရ

Local News

တောင်ကလေးရဲစခန်းတိုက်ခိုက်ခံရ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တောင်ကလေးရဲစခန်းတိုက်ခိုက်ခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တောင်ကလေးရဲစခန်းတိုက်ခိုက်ခံရ

လွန်ခဲ့သော တစ်နာရီ က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မုဒုံ-ကြာအင်းဆိပ်ကြီးကားလမ်းပေါ်က တောင်ကလေးကျေးရွာ ရဲစခန်းဟာ ဒီနေ့ နိုဝင်ဘာလ ၂၁ ရက်မနက်အစောပိုင်းမှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ရဲစခန်းတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ရဲ့ လေယာဥ်တွေက လာရောက်ဗုံးကြဲတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

တောင်ကလေးရဲစခန်းတိုက်ခိုက်ခံရ

‘‘တိုက်ခိုက်တာ မနက် ၄ နာရီလောက်က စတယ်။ မနက်ပိုင်းမှာ လေယာဥ်တစ်စီးနဲ့ ဗုံးလာကြဲသွားပြီးပြီ။ ဆီကုန်လို့လားမသိပါဘူး။ အခုလည်း နောက်တစ်ခေါက် လာပြန်ကြဲနေတယ်။ ဗုံးခိုကျင်းလည်း မရှိလို့ အိမ်ထဲမှာပဲ ပုန်းအောင်းနေရတယ်’’လို့ ရဲစခန်းအနီးမှာ နေထိုင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်း ဘီဘီစီက ဒေသခံတွေကို ဖုန်းနဲ့ဆက်သွယ်နေချိန်မှာပဲ ပေါက်ကွဲသံတွေ ကြားနေရပါတယ်။

ရဲစခန်းကို ဘယ်သူတွေက လာရောက်တိုက်ခိုက်တယ်ဆိုတာ မသိရသေးပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလာရောက်ပစ်ခတ်တာလို့ စစ်ကောင်စီဘက်က သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေက ဆိုပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။