ပေါက်မြို့နယ်၊ ကျွန်းတိုင်ကျေးရွာကို စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့နေ

Local News

ပေါက်မြို့နယ်၊ ကျွန်းတိုင်ကျေးရွာကို စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့နေ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပေါက်မြို့နယ်၊ ကျွန်းတိုင်ကျေးရွာကို စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၁

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရဲစန်းသို့ ရိက္ခာလာပို့သည့် စစ်ကြောင်းကို PDF တပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးthayဆုံး ပြီး နောက် စစ်တပ်က အနီးအနားရှိ ကျွန်းတိုင်ကျေးရွာကို ၂ ရက်ဆက်တိုက် မီးရှို့လျက်ရှိ ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လင်္ကျာ က ပြောသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း အကြမ်းဖက်စစ်ကောင်စီက မီးတင်ရှို့နေသော ပေါက်မြို့နယ်၊ ကျွန်းတိုင်ကျေးရွာ မီးလောင်နေသည့်မြင်ကွင်းများ။

နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ချောင်းကူး ကျေးရွာမှ ဇီးပြား ရဲစခန်းသို့ ရိက္ခာ လာပို့သော စစ်ကြောင်းကို ကျွန်းတိုင်ရွာ အနီးတွင် PDF တပ်များက တိုက်မိုင်း နှစ်ကြိမ်၊ မိုင်းအကြီး များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် ရှေ့သို့ ဆက်လက် ချီတက်လာစဉ် ထပ်မံ၍ PDF များက ခြုံခိုတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးthayဆုံး ၍ ၉ဦးထက် မနည်း ထိခိုက် ဒဏ်ရာရရှိသွားကြောင်း၊စစ်ကြောင်းကို တိုက်ခိုက်ရာတွင် မြိုင် ပကဖ တပ်ရင်း ၁ ၊ ပေါက် မြွေပွေး ပျောက်ကျားတပ်ဖွဲ့၊ တိမ်လွှာမုတ်ဆိတ် အဖွဲတို့နှင့် ပူး ပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ်တပ်ကအထိ နာ၍ တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိ ကျွန်းတိုင်ကျေးရွာအနောက်ပိုင်းကို ယမန်နေ့ ညပိုင်း မီးဝင် ရှို့သွားပြီး အိမ်ခြေ ၁၃ လုံးခန့် မီးလောင်ကျွမ်းပြာကျသွားကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း ကျွန်းတိုင်ရွာကို စစ်တပ်က ထပ် မံ ၍ ဆက်လက်မီးရှိနေပြီး နေအိမ်အမြောက်များလောင်ကျွမ်းနေကြောင်း၊ PDF တပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်သားများ thayဆုံးမှုနှင့် ဒဏ်ရာရ ရှိမှုများ ဆက်လက် များပြားနေကြောင်း ဗိုလ်လင်္ကျာက ပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။