မြန်မာရွှေ့ပြောင်းတွေကို လက်ခံပေးဖို့ တောင်ကိုရီးယားကို ကုလကိုယ်စားလှယ်တိုက်တွန်း

Local News

မြန်မာရွှေ့ပြောင်းတွေကို လက်ခံပေးဖို့ တောင်ကိုရီးယားကို ကုလကိုယ်စားလှယ်တိုက်တွန်း
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာရွှေ့ပြောင်းတွေကို လက်ခံပေးဖို့
တောင်ကိုရီးယားကို ကုလကိုယ်စားလှယ်တိုက်တွန်းဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၁ နိုဝင်ဘာ ၂၀၂၂,

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကို မပြန်နိုင်တဲ့ ကိုရီးယားရောက်မြန်မာတွေအပါအဝင် ပုံမှန်လမ်းကြောင်းကနေ ဝင်လာတာမဟုတ်တဲ့မြန်မာတွေကိုပါ တရားဝင်အနေအထားနဲ့ ဆက်ပြီး လက်ခံပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ တွန် အန်ဒရူးစ်က တောင်ကိုရီးယားနိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။

မြန်မာ့လူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ ကုလကိုယ်စားလှယ် မစ္စတာ တွန် အန်ဒရူးစ်

တောင်ကိုရီးယားအစိုးရအရာရှိတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ၊ မြန်မာပြည်တွင်းမှာ စီးပွားရေးလုပ်ကိုင်နေတဲ့ ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ NUG ရဲ့ တောင်ကိုရီးယားကိုယ်စားလှယ်၊ မြန်မာအသိုင်း အဝိုင်းတို့နဲ့တွေ့ဆုံခဲ့တဲ့ သူ့ခရီးစဥ်အပြီးမှာ အထူးကိုယ်စားလှယ်က အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။

တခြားနိုင်ငံတွေက မြန်မာတွေကို မပြန်မနေရဆိုပြီး နေရပ်ပြန်ပို့တာတွေ ရပ်တန့်သွားအောင်လုပ်ရာမှာလည်း တောင်ကိုရီးယားနိုင်ငံအနေနဲ့ ဦးဆောင်ဖို့ကိုလည်း သူက အကြံပြုပါတယ်။

”တောင်ကိုရီးယားဟာ အာဆီယံ၃ နိုင်ငံမှာပါဝင်တဲ့ ဒေသတွင်း သြဇာရှိနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မြန်မာပြည်ကို လူတွေ အတင်းအကြပ်ပြန်ပို့မခံရအောင် အကာအကွယ်ပေးတဲ့ မူဝါဒကိုလည်း တောင်ကိုရီးယားက ချမှတ်ထားပြီးဖြစ်ပါတယ်။ အဲဒီအနေအထားကို ဒေသတွင်းအခြားနိုင်ငံတွေကလည်း စံနမူနာအဖြစ် စဥ်းစားသင့်ပါတယ်။ မြန်မာ့အကျပ်အတည်း ဖြေရှင်းရာမှာ ပိုခိုင်မာတဲ့အရေးယူဆောင်ရွက်မှုတွေရှိလာဖို့ စာနာမှုနဲ့ နိုင်ငံရေးအရ ထောက်ပံ့မှုလို အပြုသဘောဆောင်တဲ့ခြေလှမ်း တွေ လှမ်းသင့်ပါတယ်” လို့ အထူးကိုယ်စားလှယ်က ပြောပါတယ်။

မြန်မာနိုင်ငံသားတွေကို အိမ်နီးချင်းနဲ့ အာဆီယံထဲက ဘယ်နိုင်ငံတွေက နေရပ်ပြန်ပို့နေတယ်ဆိုတာ အထူးကိုယ်စားလှယ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ မဖော်ပြထားပေမဲ့ လက်ရှိမှာ မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံသားရာချီကို ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း နေရပ်ပြန်ပို့ထားပါတယ်။

‌တောင်ကိုရီးယားအနေနဲ့ မြန်မာပြည်တွင်းက စစ်အာဏာသိမ်းမှုကို လူသိရှင်ကြားရှုတ်ချပြောဆိုဖို့၊ မြန်မာကို lat nat ရောင်းချမှု ပိတ်ပင်ဖို့၊ မြန်မာနိုင်ငံသားတွေကို အတင်းအကျပ်နေရပ်ပြန်ပို့ခံနေရတာကိုကာကွယ်နိုင်ဖို့နဲ့ပတ်သက်ပြီး နားလည်မှုစာချွန်လွှာတစ်ရပ် ထွက်ပေါ်လာရေးလုပ်ဆောင်ဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။