KNU တပ်မဟာ ၆ နယ်မြေရှိ သတ္တုတူးဖော်ရေး လုပ်ငန်းများရှိရာ မိုင်းလုပ် ကွက် များကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ညအချိန်မတော် ဗုံးကျဲ

Local News

KNU တပ်မဟာ ၆ နယ်မြေရှိ သတ္တုတူးဖော်ရေး လုပ်ငန်းများရှိရာ မိုင်းလုပ် ကွက် များကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ညအချိန်မတော် ဗုံးကျဲ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ KNU တပ်မဟာ ၆ နယ်မြေရှိ သတ္တုတူးဖော်ရေး လုပ်ငန်းများရှိရာ မိုင်းလုပ် ကွက် များကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ညအချိန်မတော် ဗုံးကျဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၂

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားဆူမြို့၊ KNU တပ်မဟာ ၆ နယ်မြေရှိ သတ္တုတူးဖော်ရေး လုပ်ငန်းများရှိရာ မိုင်းလုပ်ကွက်များကို စစ်တပ် က ယမန်နေ့ညပိုင်း လေယာဉ်ဖြင့် ညအချိန်မတော် ဗုံးကျဲသွားကြောင်း KNU သတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ ည ၁၂ နာရီအချိန်တွင် မှော်ဘီလေတပ်မှ တိုက်လေယာဉ်
၃ စီးဖြင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် မက္ကသာဒေသ အမှတ် ၁ ဇီးပင်တောင်ထိပ် သဗြုမိုင်းနှင့် အမှတ်၂ မိုင်းကို ဗုံးကျဲချသွားခြင်းဖြစ်သည်ဟု သိရှိရသည်။
“မနေ့က မိုင်းတွင်းတွေဘက်ကို ဗုံးကျဲချသွားတယ်လို့သိရတယ်။ မှော်ဘီက လေယာဉ် ၃ စီးတက်တယ်ဆိုကတည်း က သတင်းတွေကြိုရပါတယ်။ လူ thayဆုံးထိခိုက်မှုတော့ အခုထက်ထိတော့မကြားရသေးဘူး” ဟု KNU သတင်း ရင်းမြစ်က ပြောသည်။


ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တချို့။

ယမန်နေ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးရဲစခန်းကို ကော် သူ လေး တပ်မေတာ်၊ KNLA အပါအဝင် ပြည်သူ့ ကာကွယ် ရေးမဟာ မိတ် တပ် များက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ thayဆုံးမှုများ ပြား ပြီး lat nat ခဲယမ်းအမြောက် အမြား သိမ်းဆည်းရမိခဲ့ပြီးနောက် စစ် ကောင် စီ တပ်က ညပိုင်းအချိန်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ကာ လက်တုံ့ ပြန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း တိုက်လေယာဉ်များဖြင့် ဘုရားသုံးဆူမြို့အနီး မိုင်းတွင်း အမှတ် ၆ လုပ်ကွက်ကို ဗုံးကျဲခဲ့သဖြင့် လူ ၃ ဦးthayဆုံးပြီး ၈ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။