မြိုင်မြို့နယ်၊ ဗဟင်း ရဲစခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ရဲများ နှင့် မိသားစု ဝင်များကို ခေါ်ဆောင်ကာ စခန်း စွန့်ခွာသွား၊ လေဖြတ် နေ သည့် ရဲဒုတပ်ကြပ် ဝင်းကိုကိုအောင်ကို ငွေ ၁၀၀၀၀ ဖြင့် ချန်ထားခဲ့မှု PDF က ပြန်စောင့် ရှောက် ထားရ

Local News

မြိုင်မြို့နယ်၊ ဗဟင်း ရဲစခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ရဲများ နှင့် မိသားစု ဝင်များကို ခေါ်ဆောင်ကာ စခန်း စွန့်ခွာသွား၊ လေဖြတ် နေ သည့် ရဲဒုတပ်ကြပ် ဝင်းကိုကိုအောင်ကို ငွေ ၁၀၀၀၀ ဖြင့် ချန်ထားခဲ့မှု PDF က ပြန်စောင့် ရှောက် ထားရ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြိုင်မြို့နယ်၊ ဗဟင်း ရဲစခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ရဲများ နှင့် မိသားစု ဝင်များကို ခေါ်ဆောင်ကာ စခန်း စွန့်ခွာသွား၊ လေဖြတ် နေ သည့် ရဲဒုတပ်ကြပ် ဝင်းကိုကိုအောင်ကို ငွေ ၁၀၀၀၀ ဖြင့် ချန်ထားခဲ့မှု PDF က ပြန်စောင့် ရှောက် ထားရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၂

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်း ရဲစခန်းကို အကြမ်းဖက် စစ်ကောင်စီ တပ် သား များက မီးပြန်ရှို့ပြီး စခန်းမှ စွန့်ခွာသွားကြောင်း မြိုင်ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့နှင့်ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ပိုင်းတွင် ဗဟင်း ရဲစခန်းမှ စစ်သားနှင့်ရဲများက ရဲစခန်းကို မီးရှို့ဖျက်ဆီးပြီးနောက် ညနေပိုင်းတွင် ကျေးရွာအတွင်းမှ ပြည်သူပိုင် နေအိမ် ၅၂ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးပြီးမှ ရဲစခန်းကို စွန့်ခွာ ထွက်ပြေး သွား ကြောင်း သိရသည်။


” စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗဟင်းကျေးရွာက ရဲစခန်းနဲ့ ပြည်သူ ပိုင် နေအိမ် ၅၂ လုံးကို မီးရှို့ဖျက်စီးသွားပြီး ဒီနေ့ နံနက် ၈ နာရီလောက်မှာ စခန်း ကနေ ထွက်ခွာသွား​တယ်။ စစ်ခွေးတွေက မနေ့က နံနက်ပိုင်းတည်းက ဗဟင်းရဲစခန်းကို စတင်မီးရှို့ဖျက်စီးကာ ပြည်သူပိုင်နေအိမ်များကိုလည်း လိုက် လံမီးရှို့ဖျက်ဆီးခဲ့တာပါ” ဟု မြိုင်မြို့ နွေဦးတော်လှန်ရေး အဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက​ပြောဆိုသည်။


စစ်တပ်နှင့်ရဲများက ဗဟင်းရဲစခန်းကို စွန့်ခွာသွားချိန် တုတ်ကောက်ဖြင့် သွားလာနေရသော လေဖြတ်လူနာ ရဲဒုတပ်ကြပ် ဝင်းကိုကိုအောင်ကို ခေါ် ဆောင် သွာခြင်းမရှိဘဲ ငွေ ၁၀၀၀၀ ဖြင့် ချန်ထားခဲ့ကြောင်း၊ ထို့ကြောင့် PDF တပ်များက ကောင်းမွန်စွာ ခေါ်ယူ စောင့်ရှောက်ထားပေးကြောင်း သိရှိရသည်။
“ကျနော့်က လေဖြတ်နေတော့ လမ်းမလျှောက်နိုင်တော့ ငွေ ၁၀၀၀၀ နဲ့ထားခဲ့တာ။ လမ်းမှာ တိုက်ပွဲဖြစ်မှာဆိုပြီး ထားပစ်ခဲ့တာ။ စိတ်နာပါတယ်” ဟု လေဖြတ်နေသည့် ဒုရဲတပ်ကြပ်ဝင်းကိုကိုအောင်က ပြောဆိုထားသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။