မန္တလေး၊ အောင်ပင်လယ်ရှိ နေအိမ်ရာပေါင်းများစွာကို စစ်တပ်က ဘူဒိုဇာဖြင့် ဖျက်ဆီးမည်ဖြစ်၍ အချိန်မီ ဖျက်သိမ်းထွက်ခွာရန်ပြော၊ ငွေကြေးပေး လာဘ်ထိုးနိုင်သည့် အိမ်များ မဖျက်ဘဲ ချန်ထားခဲ့

Local News

မန္တလေး၊ အောင်ပင်လယ်ရှိ နေအိမ်ရာပေါင်းများစွာကို စစ်တပ်က ဘူဒိုဇာဖြင့် ဖျက်ဆီးမည်ဖြစ်၍ အချိန်မီ ဖျက်သိမ်းထွက်ခွာရန်ပြော၊ ငွေကြေးပေး လာဘ်ထိုးနိုင်သည့် အိမ်များ မဖျက်ဘဲ ချန်ထားခဲ့
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မန္တလေး၊ အောင်ပင်လယ်ရှိ နေအိမ်ရာပေါင်းများစွာကို စစ်တပ်က ဘူဒိုဇာဖြင့် ဖျက်ဆီးမည်ဖြစ်၍ အချိန်မီ ဖျက်သိမ်းထွက်ခွာရန်ပြော၊ ငွေကြေးပေး လာဘ်ထိုးနိုင်သည့် အိမ်များ မဖျက်ဘဲ ချန်ထားခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၄

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ် ဘက်မှ နေအိမ်ရာချီကို စစ်တပ်က ယနေ့ ဘူဒိုဇာဖြင့် ဖျက် ဆီးမည်ဖြစ်၍ အချိန်မီ ဖျက်သိမ်းထွက်ခွာရန် အမိန့်ပေးလာကြောင်း ရပ်ကွက်သူ၊ ရပ်ကွက်သားများက ပြော ဆို သည်။
နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ် ၅၁ လမ်း ချောင်းဘေးတစ် လျှောက်နှင့် မဟာဓာတ်အားလိုင်းအနီးရှိ နေအိမ် များစွာကို ချက်ချင်း ဖျက်သိမ်းကြရန်နှင့် နိုဝင်ဘာလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တွင် ဘူဒိုဇာဖြင့် ဖျက်ဆီးမည်ဟု စစ်တပ်က အမိန့်ပေး ညွှန်ကြားလာကြောင်း ဒေသခံများက ပြောဆိုကြသည်။
“အောင်ပင်လယ် ၅၁ လမ်း ၁၀၂၊ ၁၀၃ ၊ ၁၀၄ ၊ ၁၀၅ ၊ ၁၀၆ ချောင်းဘေးတစ်လျောက် အရှေ့ဘက်ကို စစ်တပ်က အကုန် ဖျက်ချ ဖြိုချ ပစ်တယ်။ ချောင်းရော မဟာဓာတ်အားလိုင်းနဲ့ မလွတ်တာတွေ ဘူဒိုဇာတွေ မြေကော်ကားနှစ်စီးနဲ့ အကုန်ထိုးပစ်တယ်။ မနက်ဖြန် ဖြန်ချောင်းအနောက်ဘက် ‌လာမှာလို့ပြောတယ်။ မလွတ်တဲ့အိမ်တွေ ခုတည်းက ဖျက်ကြလို့ပြောတယ်။ နေ့လယ်ကလည်းက အိမ်တွေဖျက်နေတာကို ဓာတ်ပုံခိုးရိုက်လို့ လူငယ် ၂ ဦး အဖမ်းခံရတယ်။ မနေ့က ညကတည်းက တချို့အိမ်တွေ ပါသွားမှာစိုးလို့ ဖျက်ကြတယ်။ တချို့ဆိုဖျက်ခံရတဲ့အိမ်တွေက နေတာ ၁၆နှစ်လောက်ရှိပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ- ယမန်နေ့ ညပိုင်း အောင်ပင်လယ်ဘက်တွင် ဖျက်သိမ်းရွှေ့ပြောင်းနေကြသော ပြည်သူများ။

ထို့ပြင် ၅၅လမ်း၊ ၅၄လမ်း၊ ၅၃လမ်း၊ ၁၀၇ လမ်းဘက်များကိုလည်း စည်ပင်၊ စစ်တပ်နှင့်ရဲများက မြေတိုင်းနေကြကြောင်း၊ စစ်ကောင်စီက မည်းမည်းမြင်ရာ လိုက်လံ ဖျက်ခိုင်းနေသည့်ပုံစံရှိကြောင်း၊ အိမ်များကို ဖျက်ရာတွင် စစ်တပ်က lat natအပြည့်အစုံဖြင့် စောင့်ကြည့်ပြီး လူအုပ်စုဖြင့် စုဝေးလာလျှင် ခြောက်လှန့် thayနတ်ပစ်ဖောက်မှုများ လုပ်ဆောင်သည်ဟု ဒေသခံများကဆိုကြသည်။
” သူတို့ စောင့်ကြည့်နေတဲ့ကြားက လူစုလူဝေးနဲ့ ကလန်ကဆန် လုပ်ရင် လူတွေကို ပစ်မယ် ခတ်မယ်ပြောတယ်။ အခုအိမ်တွေကို ကျူးကျော်လို့မပြောဘူး။ ဒီနေရာတွေက မြေကွက်မပေါက်တဲ့ နေရာတွေလို့ပြောပြီး ဖျက်တာပါ။နိုဝင်ဘာ ၂၃ ရက်နေ့က thayနတ်သံ ၃ချက် ဖောက်တယ်။ အိမ်တွေ လာဖျက်တဲ့ စစ်ဗိုလ်က ပစ္စတို စမ်းဖောက်တာလို့ပြောတယ်။ ခြိမ်း ခြောက်တာပေါ့။ဖျက်တဲ့လူတွေက စည်ပင်၊ ရဲရော၊ စစ်တပ်ရော နံပါတ်တွေနဲ့ ပျူစောထီးတွေရောပဲ။ အိမ်ဖျက်မှာကို နိုဝင်ဘာလ ၂၂ရက်နေ့ညနေ ၅ နာရီ အိမ်စီးကားတွေနဲ့ လာပြီး လက်ညိုးထိုးပြီးနောက်နေ့ ဖျက်ဆိုပြီး ဖျက်ခိုင်းတာ။ ညနေ ၇ နာရီ လောက်တော့မိုက်နဲ့အော်ပြိး ဖျက်ခိုင်းတယ်။ ချောင်းနဲ့ပေ၅၀ အကွာအကုန်ဖျက်ခိုင်းတာ။ မနက် ၉နာရီ စပြီး စဖျက်မယ်။ အိမ်ကြီးအိမ်ကောင်းတွေအများကြီးပဲ။ ချောင်းနဲ့ မဟာဓာတ်အားလိုင်း ပတ်ဝန်းကျင် အကုန်ဖျက်ခိုင်းတာဆိုတော့ အကုန်ပါတာပဲ” ဟု အခြားဒေသခံတစ်ဦးက ဆိုသည်။
ငွေကြေးတတ်နိုင်သူတချို့က ရပ်ကွက်လူကြီး၊ စည်ပင်နှင့် စစ်တပ်ကို ငွေကြေးပေး၍ ၎င်းတို့၏ နေအိမ်များကို ချက်ချင်း မဖျက်ရန်နှင့် နယ်နမိတ်တွင် မပါဝင်အောင် ဆောင်ရွက်ရန် လာဘ်ထိုး ကြသည်ဟု သိရှိရသည်။
“ချောင်းနဲ့ မလွတ်ပေမယ့် လာဘ်ထိုးထားတဲ့အိမ်တွေကျတော့ ခြံစည်းရိုးအုတ်တံတိုင်းလေးလောက်ပဲ မနေ့က အဖြိုပြတယ်။ အဲဒါမေးကြည့်တော့ အဲဒီအိမ်က ငွေသိန်း ၃၀ ပေးလို့ မဖြိုတာလို့ပြောတယ်။ အောင်ပင်လယ်ရက်ကွက်လူကြီး မြင့်သိန်းက စည်ပင်နဲ့စစ်တပ်ကို ညှိပေးတာ။ တချို့လူတွေက ငွေမတတ်နိုင်တော့ သူတို့ခြံ၀ိုင်းထဲက ၁၅ပေ ပေ၃၀ ဖြစ်ဖြစ် ခွဲခြမ်းပြီး အိမ်တွေ မဖျက်ဖို့ လာဘ်ထိုးရတယ်။ တကယ့်ကို ခေတ်ပျက်ကြီးဖြစ်နေတာ” ဟု လက်ရှိ အိမ်ရာရွှေ့ပြောင်းခိုင်မှု အခြေအနေများကို သိရှိသူ မန္တလေးသာတစ်ဦးက ဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။