မိုးကောင်းမြို့နယ်တွင် စစ်ကောင်စီခန့် လေးမိုင်ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ဇနီးကို PDF တပ်က ဖမ်းဆီး၊ စစ်တပ်အတွက် သတင်းပေးမှုများ ဆက်တိုက် ပြုလုပ်နေသည့်အတွက်စစ်ဆေးမည်ဟုဆို

Local News

မိုးကောင်းမြို့နယ်တွင် စစ်ကောင်စီခန့် လေးမိုင်ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ဇနီးကို PDF တပ်က ဖမ်းဆီး၊ စစ်တပ်အတွက် သတင်းပေးမှုများ ဆက်တိုက် ပြုလုပ်နေသည့်အတွက်စစ်ဆေးမည်ဟုဆို
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိုးကောင်းမြို့နယ်တွင် စစ်ကောင်စီခန့် လေးမိုင်ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ဇနီးကို PDF တပ်က ဖမ်းဆီး၊ စစ်တပ်အတွက် သတင်းပေးမှုများ ဆက်တိုက် ပြုလုပ်နေသည့်အတွက် စစ်ဆေးမည်ဟုဆို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန် ၊ နိုဝင်ဘာ ၂၄

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှ စစ်ကောင်စီခန့် လေးမိုင်ကျေးရွာ ဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး အောင်ဆန်းဦးနှင့် ဇနီး သီတာတို့က စစ်တပ် အတွက် သတင်း ပေး လုပ်နေ သော ခိုင်မာသော သက်သေများ ရရှိထားသည့်အတွက် ဒေသ ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၂၃ ရက်နေ့ ညပိုင်း က သွား ရောက် ဖမ်း ဆီး ခဲ့ကြောင်း UG Black Kအဖွဲ့မှ တာဝန်ရှိသူ တစ် ဦး ကပြော သည်။
ယမန်နေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်က သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌ အောင်ဆန်းဦးမှာထွက်ပြေးလွတ်မြောက် သွားကာ ဇနီး သီတာကို သာ ဖမ်းမိ ခဲ့ကြောင်း UG Black Kအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြော ဆိုသည်။
“ ကျွန်တော်တို့ သူတို့အိမ်နားရောက်တော့ ခွေးတွေကအရမ်းဟောင်တဲ့အချိန် အောင်ဆန်းဦးက ကျွန်တော်တို့ကို မြင်သွားပြီးထွက်ပြေးသွားတယ် ပစ်ဖမ်း ပေ မယ့် လွတ်သွားတယ်”ဟု UG Black K အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။


စစ်ကောင်စီခန့် လေးမိုင်ကျေးရွာ ဥက္ကဋ္ဌနှင့်ဇနီးသည် စစ်တပ် အတွက် သတင်း ပေးခြင်း၊စစ်ကောင်စီ အတွက် ပြည်သူလူထုဆီက ငွေကြေးများ အတင်း အကျပ် ကောက်ခံ ခြင်းများပြုလုပ်နေသော ခိုင်မာသည့်သက်သေ အထောက် အထား များအရ ဖမ်း ဆီး ရခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းမိထားသည့် စစ်ကောင်စီခန့် ဥက္ကဋ္ဌ၏ ဇနီးဖြစ်သူကို သီတာကို စစ်ဆေး မေးမြန်းပြီး ဥပဒေနှင့်အညီ ပြစ်ဒဏ်များကို ချမှတ်သွားမည်ဟု UG Black K အဖွဲ့ကပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။