နတ်နက္ခတ် လူ နက္ခတ် ၊ ဘီလူး နက္ခတ်တို့နှင့် အိမ်ထောင်ဘက် ရွေးနည်း

Astrology

နတ်နက္ခတ် လူ နက္ခတ် ၊ ဘီလူး နက္ခတ်တို့နှင့် အိမ်ထောင်ဘက် ရွေးနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နတ်နက္ခတ် လူ နက္ခတ် ၊ ဘီလူး နက္ခတ်တို့နှင့် အိမ်ထောင်ဘက် ရွေးနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အလင်္ကာ

ဖွားခါမတ်မတ် တည့်နက္ခတ် ၊ တည့်လတ်ပါကြကုန် ၊ သုံးခု ဖြိုခွင်း ထိုအကြွင်း မှတ်ခြင်းသညာပြ။ တစ်ကိုနတ်ဟူ ၊ နှစ်မှာလူ ၊ သုံးမူ ဘီးလူးရ ။
လူသား လူခြင်းထိန်းမြားလျှင် ချစ်ခြင်းမေတ္တာမျှ။
လူနဲ့နတ်မှာ လွန်ချမ်းသာ ကြည်စွာ အေးမြမြ။
ဘီလူး နှင့်လူ ထိမ်းမြားမူ အတူမေနရ။
ဘီလူးနှင့်နတ် ထိန်းမြားလတ် ကောင်းမြတ်ရန်မျိူးပ ။
နတ်အချင်းချင်း ထိန်းမြားသော် ရာကျော်သက်ရှည်ကြ ။
ဘီလူး အချင်းချင်း ထိန်းမြားလျှင် သတင်းတေဇာကြွ ။

တွက်ချက်ပုံမှာ ။ ။ မြန်မာ မွေး သက္ကရာဇ် ကိုတည် ၃ ဖြင့်စား၍….
၁ ကြွင်း ပါက နတ် နက္ခတ် ။
၂ ကြွင်း ပါက လူ နက္ခနတ် ။
၃ ကြွင်း ပါက ဘီလူး နက္ခတ် ဖြစ်သည် ။
မှက်ချက် ။ ၀ ကြွင်း ၃ ကြွင်းအတူပင်ဖြစ်၏။
ဥပမာ ။ မြန်မာ သက္ကရာဇ် ၁၃၆၀ ခု နှစ် ဖွားသော ဇာတာရှင်အတွက် မွေးသက္ကရာဇ် ၁၃၆၀ ကို တည် ၍ ၃ ဖြင့် စားပါက အကြွင်းမှာ ၁ ဖြစ်၍ နတ် နက္ခတ် ဖွားဖြစ်သည်ဟုမှတ်ရပါမည် ။

How Long Has the Institution of Marriage Existed For?

မွေးဖွားသော နက္ခတ်သဘော အရ ထိမ်းမြားလက်ထပ်ခြင်း ပြုမည်ဆိုပါက –

၁ ။ လူနက္ခတ် အချင်းချင်း ထိမ်းမြား လက်ထပ် ပါက တစ်ဦး နှင့် တစ်ဦး ချစ်ခင်ကြင်နာ ကြ၍ ချမ်းသာသုခ ရပါလိမ့်မည်။

၂ ။ လူနက္ခတ် နှင့် နတ် နက္ခတ် ထိမ်းမြားလက်ထပ်ပါက ကြွယ်ဝ ချမ်းသာသော စည်းစိမ်ကိုရ၍ အသက်ရှည်စွာ ပေါင်းသင်းနေထိုင်ရလိမ့်မည် ။

၃ ။ လူနက္ခတ် နှင့် ဘီလူး နက္ခတ် မွာ ထိမ်းမြားလက်ထပ် ခြင်းမပြုသင့်ပေ ။ ထိမ်းမြား လက်ထပ်ပါက ကွေကွင်းရခြင်း ၊ တစ်ယောက်တနယ်စီ နေထိုင် ရခြင်း ၊ ကျန်းမာရေးချို့တဲ့ခြင်း ၊ ပူပင်သောက များ၍ ဆင်းရဲဒုက္ခ ရောက်ရခြင်း များ ကြုံတွေရလိမ့်မည်။

Marriage Problems Stock Illustrations – 1,073 Marriage Problems Stock  Illustrations, Vectors & Clipart - Dreamstime

၄ ။ ဘီလူး နက္ခတ် နှင့် နတ် နက္ခတ် ထိမ်းမြားလက်ထပ်ပါက ရန်သူအမျိူးမျိုးကို အနိုင်ရရှိခြင်း ၊ ဂုဏ်သတင်း အရှိန် အဝါ ကျော်ဇော၍ ချမ်းသာစွာနေရခြင်း ၊ နေနှင့် လ ရွှေ နှင့်မြ ပမာ တင့်တယ် စွာနေရပါလိမ့်မည် ။

၅ ။ နတ် နက္ခတ် အချင်းချင်း ထိမ်းမြား လက်ထပ်ပါက အနာရောဂါ ကင်းဝေး၍ကျန်းမာစွာနေရခြင်း ၊ အသက်ရာကျော်ရှည်၍ အေးချမ်းသာယာ စွာနေထိုင်ရခြင််း တို့ကိုရရှိခံစားရပါလိမ်မည်။

၆ ။ ဘီးလူး နက္ခတ် အချင်းချင်း ထိမ်းမြားလက်ထက်ပါက ရန်အပေါင်းတို့ကို အနိုင်ရရှိခြင်း ၊ ဂုဏ်သတင်းကျော်ဇောခြင်း ၊ ကြွယ်ဝ ချမ်းသာခြင်းတို့ကို ရရှိခံစားရပါလိမ့်မည် ။

ရေးသားသူ – ဆရာ ဦးဘိုနိုင် (ဗေဒင်)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။