ရန်ကုန်မြို့တွင်း စစ်ကောင်စီနှင့် သက်ဆိုင်သည့် အရံအတားများ ဖယ်ရှားထားသည်ကို တွေ့ရ

Local News

ရန်ကုန်မြို့တွင်း စစ်ကောင်စီနှင့် သက်ဆိုင်သည့် အရံအတားများ ဖယ်ရှားထားသည်ကို တွေ့ရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရန်ကုန်မြို့တွင်း စစ်ကောင်စီနှင့် သက်ဆိုင်သည့် အရံအတားများ ဖယ်ရှားထားသည်ကို တွေ့ရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့အတွင်းရှိ စစ်ကောင်စီနှင့်ပတ်သက်သည့် နေရာများတွင် ချထားသည့် အရံအတားအစီးများကို ယခုရက်ပိုင်းအတွင်း ဖယ်ရှားထားသည်ကိုတွေ့ရှိသည်ဟု မြို့နေပြည်သူများထံမှ သိရသည်။
စစ်ကောင်စီတပ်များစခန်းချထားရာနေရာ ၊ရဲစခန်းများ၊ အစိုးရဌာနဆိုင်ရာရုံးတချို့ရှေ့တွင်ရှိသည့် အတားအဆီးများမရှိတော့ဘဲ ရှင်းရှင်း လင်းလင်းဖြစ်နေသည်ကို တွေ့ရခြင်းဖြစ်သည်။

ပုံစာ – မြောက်ဥက္ကလာပအဝိုင်းကြီးရှေ့မှာရှိတဲ့ မြို့နယ်ခန်းမတွင်ပိတ်ဆို့ထားသည့်အတားအဆီးများ(အဟောင်း)

”အတားအဆီးတွေ ဖယ်ရှားလိုက်တာကို ဒီရက်ထဲမှာသတိထားမိရတာဗျ။ဥပမာ-မြောက်ဥက္ကလာပ အဝိုင်းကြီးရှေ့မှာရှိတဲ့ မြို့နယ်ခန်းမ အဲဒီနေရာဆိုရင် စစ်တပ်တပ်ဆွဲထားတာ၊ မြောက်ဒဂုံဘက်သွားမဲ့အခြမ်းဆိုရင် တောက်လျောက်ပိတ်ထားတာ၊ အခုမရှိတော့ဘူး၊ အကုန်ဖယ်ရှားလိုက်ပြီ၊ နောက်တစ်ခါ ရှစ်မိုင်ဂုံးကျော်တံတားအောက်မှာဆိုရင်လည်း အကန့်တိုင်းမှာ သဲအိတ်ဘန်ကာတွေရှိတယ်။ နောက်ပြီး ကားလိုင်စင်ဝင်တာကမှ ကျယ်ဦးမယ်၊ အတားအစီးတွေကို ဇိဇက်တားထားတာ၊ အဲဒါတွေလည်း နည်းသွားတယ်၊”ဟု ရန်ကုန်မြို့အတွင်း လုံခြုံရေးအတားအဆီးများ ချထားခြင်းနှင့်ပတ်သက်ပြီး ပြောသည်။
သည့်အပြင် ရန်ကုန်မြို့တွင်း လမ်းမများပေါ်ရှိ အတားအဆီးများကို နေ့ဘက်တွင် လမ်းအပြည့်ဖွင့်ပေးထားရမည်ဖြစ်ပြီး ည ၈နာရီတွင် လမ်းတစ်ခြမ်းပိတ်၊ ည ၁၂နာရီ လမ်းအပြည့်ပြန်လည်ပိတ်ရမည်ဟု ညွှန်ကြားထားကြောင်းလည်း ကြားသိရသည်။

ရေးသားသူ – Mizzima

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။