“ကြွက်နမိတ်ဗေဒင်”

Astrology

“ကြွက်နမိတ်ဗေဒင်”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့”ကြွက်နမိတ်ဗေဒင်”ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“ကြွက်နမိတ်ဗေဒင်”

အိမ်ပေါ်မှာ တဝုန်းဝုန်းနဲ့ ကောင်းကောင်းအိပ်လို့တောင် မရပါဘူးဆိုတဲ့သူတွေအတွက် ကြွက်ဗေဒင်တဲ့ဗျာ ။

မိမိရဲ့ အဝတ်အစား အသုံးအဆောင် ပစ္စည်းတွေ ကြွက်ကိုက်ခြင်း ခံရပြီဆိုရင်တော့ မိတ်ဆွေသတိထားပါ ။ မိမိပစ္စည်းကို အလကားရယူချင်သူတွေရှိနေမည် ။ လူလိမ်ခံရတော့မည် ။ သူခိုး ကပ်ခံရတော့မည် ။

မိမိအိပ်နေချိန်ဖြစ်စေ ၊ မထင်မှတ်တဲ့အချိန် ဖြစ်စေ မိမိရဲခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုအား ကြွက်ကိုက်ခံရပါက ငွေကြေးအခိုးခံရမည် ။ ငွေကုန်ဆုံးတော့မည် ။

ကြွက်များ အတွဲလိုက်သွားသည်ကို မြင်ရပါက ထီပေါက်ပါလိမ့်မည် ။ အိုးအိမ်ကောင်းမွန်သောနေရာသို့ ပြောင်းရွှေ့ရတတ်မည် ။ မိသားစုတွေ ချမ်းသာပျော်ရွှင်စွာ အပျော်ခရီးသွားရမည် ။

ကြွက်များ ရှေ့နောက်အတွဲလိုက် သွားနေတာ မြင်ပြီး ထီပေါက်မည့် နိမိတ်ထူးလို့ဆိုပြီး ဝမ်းသာ အားရနဲ့သွားမကိုင်နဲ့ ။ ထီပေါက်တာထက် ကံကောင်းသွားပါမည် ။ ဘဝခြားသွားမည်မှတ် ။

ခရီးသွားနေခိုက် ကြွက်thayနမိတ် တွေ့ရခြင်း ၊ အပုတ်နံ့ရပါက မိမိလုပ်နေသော လုပ်ငန်းအောင်မြင်မည် ။ စီးပွားတိုးမည်ဟုမှတ်ပါ ။

မိမိခြေထောက်တွေကြားမှ ကြွက်ဖြတ်ပြေးပါက အကြံစည်ဟူသမျှ ပျက်မည် ။ မိမိလုပ်ငန်းဟူသမျကို ကြားလူဖျက်ပြီး လုယူခြင်းခံရတတ်မည် ။ အတွင်းလူဖြစ်မည် ။ မိမိအနီးအနားမှ လူက ကျော်တက်ခြင်း ၊ ဖြတ်ခုတ်ခြင်းပြုလုပ်ခံရမည် ။

မိမိအရှေ့တွင် ဘယ်ဘက်မှညာဘက်သို့ ကြွက်ဖြတ်ပြေးခဲ့သော် ရပ်ဝေးမြေမှ လာဘ်လာဘရမည် ။ ညာဘက်မှ ဘယ်ဘက်သို့ ကြွက်ဖြတ်ပြေးပါက ရမဲ့ငွေများဆုံးမည် ။

မိမိရှေ့သို့ ကြွက်သေပြုတ်ကျလာပါက အမှုကိစ္စ အားလုံးအနိုင်ရမည် ။ ရန်သူကို အောင်မည် ။ အဝေးမှ ဥစ္စာအစားအစာ ပေးပို့လာမည် ။ ကိစ္စဟူသမျ အောင် မြင်မည်ဟု မှတ်ပါလေ ။

ကြောင်က ကြွက်thayကိုချီ၍ မိမိအရှေ့၌ လာချပါက ကြွေးဟောင်းများ ပြန်ရပါမည် ။ ကြောင်ချီလာသော ကြွက်သည် မthayပဲ မိမိရှေကျမှ ချပြီး ကြွက်သည်ထွက်ပြေးလွှတ်မြောက်ပါက မိမိချေးဌားထားသော ကိစ္စနှင့်ထပ်တူ ပြဿနာ နောက်တစ်ခါ ကြုံရမည် ။

မိမိ၏ နောက်ဘက်ကနေ ကြွက်နှင့်ကြောင်ဖြတ်ပြေးပါက အမှုအခင်း ရင်ဆိုင်ရသော် အနိုင်ရမည် ။ သတိမမူ ဂူမမြင်ဆိုသော အဖြစ်မျိုးကြုံရမည် ဖြစ်သည့်အတွက် သတိထားရပါမည် ။

ရေးသားသူ – နန်းဦး

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။