နေပေါ်တွင်ဖြစ်ပေါ်နေသည့် နေမုန်တိုင်း ကမ္ဘာကိုပါ ရိုက်ခတ်မည်

International News
နေပေါ်တွင်ဖြစ်ပေါ်နေသည့် နေမုန်တိုင်း ကမ္ဘာကိုပါ ရိုက်ခတ်မည်

နေပေါ်တွင် နေမုန်တိုင်းများ ပြင်းထန်စွာ တိုက်ခတ်လျက်ရှိရာ ယင်းဖြစ်စဉ်သည် ကမ္ဘာမြေကိုပါ ပြင်းထန်စွာ ရိုက်ခတ်လာမည်ဖြစ်ကြောင်း space.com သတင်းဌာနက မေ ၈ ရက်တွင် ရေးသားဖော်ပြထားသည်။

ပြီးခဲ့သည့် မေ ၇ ရက်က စတင်ဖြစ်ပေါ်ခဲ့သည့် နေမုန်တိုင်း AR3663 နှင့် မေ ၈ ရက်တွင် ထပ်မံဖြစ်ပေါ်ခဲ့သည့် နေမုန်တိုင်း AR3664 တို့သည် ပြင်းထန်သော မီးလျှံများကို ထုတ်လွှတ်လျက်ရှိနေကြောင်း အာကာသ လေ့လာစောင့်ကြည့်ရေးဌာနများက သတင်းထုတ်ပြန်ထားသည်ဟု space.com က ရေးသားဖော်ပြထားခြင်း ဖြစ်သည်။

ယခု နေပေါ်တွင် ဖြစ်ပေါ်နေသည့် နေမုန်တိုင်း AR3663 နှင့် AR3664 တို့သည် ၁၈၅၉ ခုနှစ်က ဖြစ်ပေါ်ခဲ့သော အကြီးမားဆုံးဟုပင် သတ်မှတ်ခဲ့ကြသည့် နေမုန်တိုင်းထက်ပင် ပိုမိုကြီးမားကြောင်းနှင့် ယခု ဖြစ်ပေါ်နေသည့် နေမုန်တိုင်းများသည်နှစ်ပေါင်း ၁၆၅ နှစ်အတွင်း အပြင်းထန်ဆုံး နေမုန်တိုင်းများဖြစ်သည်ဟု အာကာသလေ့လာစောင့်ကြည့်ရေးဌာနများက သတ်မှတ်ထားကြကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် နေမုန်တိုင်းများကြောင့် ပြင်းထန်သော လျှပ်စစ်သံလိုက်လှိုင်းဖြာထွက်မှုများက ကမ္ဘာမြေသို့ ဦးတည် ဖြာထွက်နေကြောင်း၊ ယင်းက ကမ္ဘာပေါ်ရှိ ရေဒီယို ဆက်သွယ်ရေးစနစ်များကို အနှောင့်အယှက် ဖြစ်စေနိုင်ကြောင်း၊ အဆိုပါ ဖြာထွက်လာသည့် လျှပ်စစ်သံလိုက်လှိုင်းများသည် မေ ၁၀ ရက် (ယနေ့)တွင် ကမ္ဘာမြေကို ရောက်ရှိကာ ရိုက်ခတ်မှုများရှိလာမည်ဖြစ်ကြောင်း၊ ထို့ ပြင် မေ ၁၁ ရက်တွင် နေပေါ်၌လည်း ဘူမိသံလိုက်လှိုင်းမုန်တိုင်းများ ထပ်မံတိုက်ခတ်ဦးမည်ဖြစ်ကြောင်း သိရသည်။

ရေးသားသူ –The Standard Time Daily

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။