အကြောတင်းတင်း ဆိုးပေပေ ဂျစ်ကန်ကန်ရာသီခွင်များ

Astrology

အကြောတင်းတင်း ဆိုးပေပေ ဂျစ်ကန်ကန်ရာသီခွင်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့အကြောတင်းတင်း ဆိုးပေပေ ဂျစ်ကန်ကန်ရာသီခွင်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အကြောတင်းတင်း ဆိုးပေပေ ဂျစ်ကန်ကန်ရာသီခွင်များ

How to deal with ignorant people | Live A Great Life Guide & Coaching with  Dr Prem & Team | Carve Your Life

1. Taurus

Taurus တွေရဲ့ အကြောတင်းပုံကတော့ တကယ်ကို လက်လန်ပါတယ်နော်။ သူမလုပ်ချင်တာလုပ်ခိုင်းရင် ဂျစ်ကန်ကန် ခေါင်းမာမာနဲ့ အကန်တွေပဲ ထိုင်ပြော ထိုင်လုပ်နေတတ်ပါတယ်။ သူအိပ်နေတုန်း နှိုးပြီး တစ်ခုခုပြောမိရင် ဘာမှ မလုပ်ဘဲ ငုတ်တုတ်ထိုင်ငိုက်နေတတ်ပြီး သူ့စိတ်မပါမချင်းထိုင် ဂျစ်ကျနေတတ်ပါတယ်။ ဗိုက်ဆာနေချိန် ရေချိုးခိုင်းရင် ခွေအိပ်ပြတတ်သလို၊ သူရေချိုးခါနီး ထမင်းစားခိုင်းရင်လည်း အောက်ဆင်းပြီး မုန့်စားပြတတ်ပါတယ်။ (ပွဲတိုင်းကျော် Taurus ပါနော်)

2. Cancer

Cancer တွေရဲ့ ဂျစ်တိုက်ပုံက နားပူနားဆာလုပ်ပြီး ပြဿနာရှာတတ်တဲ့ပုံစံမျိုးလေးပါ။ ဂရုစိုက် အလေးပေးတာကို ခံချင်ပေမဲ့ ဂျစ်တိုက်ရင်းပဲ ဆန္ဒပြနေတာမို့လို့ သူပြောချင်တာတခြား တကယ်ပြောဖြစ်သွားတာ တခြားဖြစ်သွားပြီး အမြဲ ဂျစ်တိုက်နေတဲ့ အကြောတင်းတင်း Cancer အဖြစ် image လေးပဲ ကျန်ခဲ့ပါတော့တယ်

3. Sagittarius

သူတို့တွေက ကလေးဆိုးတွေနဲ့တူပါတယ် မလုပ်ချင်တာဆို ချော့ခိုင်းမရ ခြောက်ခိုင်းမရ ခေါင်းအရမ်းမာသလို အရမ်းဂျစ်ကန်ကန်လုပ်တတ်ပါတယ်။ မျက်နှာထားကိုက ချေတေတေ အကြောမာမာပေမဲ့ အပြင်လူတွေအပေါ် ချေသလောက် သူတို့ခင်တဲ့သူအပေါ်တော့ အရမ်းကောင်းပါတယ်။

4. Virgo

ပန်ဒါတွေစိတ်မကောင်းဖြစ်ရင် တစ်ယောက်တည်းသွားထိုင်နေတတ်တယ်တဲ့။ Virgo တွေက ပန်ဒါနဲ့တူပါတယ်။ ဂျစ်တိုက်ကြည့်တယ် မရရင်တော့ တစ်ယောက်တည်း သွားထိုင်နေတတ်ပါတယ်။ အကြောတင်းချက်ကတော့ စိတ်မပြေမချင်းပြန်မလာတော့ဘဲ ငုတ်တုတ်ထိုင် ဂျစ်တိုက် စိတ်မကောင်းဖြစ်နေတတ်တာပါ။

What is the most dangerous Zodiac sign? Breaking down the 12 signs.

5. Pisces

Pisces ရာသီခွင်လေးတွေက ပိစိလေးနဲ့ အရမ်း အကြောတင်းတာပါ။ လူတစ်အုပ်နဲ့ Pisces တစ်ယောက် ပြိုင် fight ရဲ၊ စကားအချေအတင်ပြောရဲတဲ့အထိ အကြောတင်းသလို သူတို့ ဂျစ်ကန်ကန်လုပ်တဲ့အချိန်ဆို အကျိုးသင့်အကြောင်းသင့် ပြန်မဖြန်ဖြေမချင်း လုံးဝ ပေထိုင်ပြီး ရစ်နေတတ်ပါတယ်။

6. Gemini

Gemini တွေက မြက်ရိုင်းပင်လိုပါပဲ နင်းလေသန်လေမကျေနပ်လေပိုရွဲ့လေ စိတ်တိုလေ ပြန်စွာလေပါပဲ။ သူအရမ်းအာရုံနောက်လာရင်တော့ ချောင်မှာထိုင်ခွေသလိုလိုနဲ့ တိတ်တိတ်လေးအကြံထုတ် charging သွင်းနေတတ်ပြီး အားပြည့်တာနဲ့ ပြန်ဂျစ်တိုက်ဖို့ မဟာစီမံကိန်းကြီး စတင်ပါတော့တယ်။

မွေးရက် မွေးချိန်အလိုက် Sun/Moon/Venus/ Rising တွေကွာသေးတာမို့ ဒီ ရာသီခွင်တွေထဲက လူတိုင်းနဲ့ကွက်တိ မှန်မယ်မဆိုလိုပါဘူး ခွဲနည်းတွေအကုန် page မှာရေးပေးထားလို့ ရှာဖတ်နိုင်ပါတယ် General ဖြစ်တဲ့အတွက် serious မဖြစ်ကြပါနဲ

ရေးသားသူ – Tarot Queen Gorgeous

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။