လတ်တလောကြုံတွေ့ရနိုင်သော အခြေအနေ(10.10.2023 to 16.10.2023)

Astrology
လတ်တလောကြုံတွေ့ရနိုင်သော အခြေအနေ(10.10.2023 to 16.10.2023)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လတ်တလောကြုံတွေ့ရနိုင်သောအခြေအနေ(10.10.2023 to 16.10.2023) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လတ်တလောကြုံတွေ့ရနိုင်သော အခြေအနေ(10.10.2023 to 16.10.2023)

ကြိုက်နှစ်သက်ရာပုံတစ်ပုံကိုရွေး၍ အဖြေကိုဖတ်ပါ။
General readingမို့ အကြမ်းဖျင်းပဲပြောထားပါတယ် အကုန်လုံးနဲ့တိုက်ဆိုင်မယ်လို့ မဆိုလိုပါ။

Pile 1

Pile 2

Pile 3

 

Pile 1

လေ့လာဆည်းပူးရတာမျိုးကြုံရမယ်။ သတိမမူ ဂူမမြင်ဆိုတဲ့အတိုင်း စာမေးပွဲရှိသူတွေအနေနဲ့ မထင်ထားတဲ့ အမှားတွေ လုပ်မိတတ်မယ်။

ကျန်းမာရေးကတော့ နေမကောင်းဖြစ်နေသူများ အနာနဲ့ဆေး လွဲတာမျိုးကြုံရတတ်မည်။ နေကောင်းနေသူများ ကိုယ့်ကိုယ်ကို သံသယစိတ်တွေနဲ့ ရောဂါရနေပြီဆိုတဲ့အတွေးတွေ ဝင်တတ်ပါတယ်။

Pile 2

အလုပ်အကိုင်နဲ့ပတ်သက်ပြီး ဒီတစ်ပတ်ထဲမှာ စာချုပ်စာတမ်းကိစ္စများပြုလုပ်ရတဲ့အခါ သတိထာလုပ်ကိုင်ပါ၊ သေချာဖတ်ရှုပြီးမှ လက်မှတ်ထိုးပါ။ အခန့်မသင့်ရင် ရုံးရောက်၊ ဂတ်ရောက်အထိ ဖြစ်နိုင်လို့ပါ။ အလုပ်ရှာနေသူများ အခုတစ်ပတ်ကနေ နိုဝင်ဘာလအတွင်း အလုပ်ရနိုင်မည်။ ငွေကြေးကိစ္စများနဲ့ပတ်သက်ပြီး အာမခံခြင်းများ မပြုလုပ်သင့်ပါ။

လူမှုရေးပိုင်းမှာတော့ အဆက်အသွယ်ပြတ်တောက်နေတာကြာပြီဖြစ်တဲ့သူတွေနဲ့ အဆက်အသွယ်ပြန်ရမည်။ မိတ်ဆွေများထံမှ အကူအညီကောင်းများရမည်။

အချစ်ရေးမှာတော့ RS/marriedတွေအနေနဲ့ ချစ်ခြင်းမေတ္တာထက် အခြားကိစ္စတွေမှာ အာရုံပိုစိုက်နေမိတတ်ကြပါတယ်။ အချင်းချင်းပစ်ထားသလို ဖြစ်တတ်လို့ အဲ့လိုမဖြစ်အောင် ဂရုစိုက်နေထိုင်ပါ။
Singleတွေအနေနဲ့ တချို့ကတော့ တစ်ယောက်ထဲပဲဆက်ရှိနေနိုင်ပေမယ့် တချို့တွေကတော့ ဒီတစ်ပတ်ထဲမှာ ချစ်ရေးဆိုခံရတာမျိုး ကြုံရတတ်ပါတယ်။

ပညာရေးပိုင်းမှာတော့ စိတ်ကူးထဲမှာ စာပိုလုပ်နေတဲ့ကာလဖြစ်တတ်ပါတယ်။ လက်တွေ့ပိုင်းမှာ ကြိုးစားမှုအားနည်းတတ်‌တာကြောင့် ရလဒ်ကောင်းမရတာမျိုးကြုံရတတ်ပါတယ်။

ကျန်းမာရေးအနေနဲ့ အစားမှားတာ၊ ရေချိုးမှားတာတွေကြောင့် နေမကောင်းဖြစ်တာမျိုးကြုံရတတ်ပါတယ်။

Pile 3

အလုပ်အကိုင်နဲ့ပတ်သက်ပြီး စပ်တူလုပ်ငန်းများ အကျိုးပေးမည်။ လုပ်ဖော်ကိုင်ဖက်များနှင့် အဆင်ပြေမည်။ အလုပ်နဲ့ပတ်သက်ပြီး သတင်းကောင်းများကြားရတတ်ပါမည်။ အလုပ်ရှာနေသူများအနေနဲ့လည်း အခုကနေ လေးပတ်အတွင်း အလုပ်ရနိုင်မည်။

လူမှုရေးပိုင်းနဲ့ပတ်သက်ပြီး ကလေးဆန်သောလူတချို့ကြောင့်စိတ်ညစ်ရတတ်ပါမယ်။ သည်းခံစိတ်ထားပေးပါ။

အချစ်ရေးမှာတော့ RS/married တွေအနေနဲ့ ရှေ့ရေးအတွက် ပိုမိုတိုင်ပင်တာ၊ ငွေကြေးစုဆောင်းတာ‌၊ အချစ်ကိစ္စထက် အလုပ်ကိစ္စတွေပိုမိုဆွေးနွေးမိတတ်ပါတယ်။ ရန်နည်းသောကာလဖြစ်နိုင်ပါတယ်။
Singleတွေအနေနဲ့ ကိုယ့်အပေါ်နားလည်မှုရှိသော တစုံတယောက်ကြောင့် စိတ်ချမ်းသာမည်။ သို့သော် single ဘဝကတော့ မကျွတ်နိုင်သေးပါ။

ပညာရေးနဲ့ပတ်သက်ပြီး အပြောင်းအလဲတစ်ခု ကြုံရမည်။ ‌ကောင်းသောအပြောင်းအလဲဖြစ်နိုင်ပေမယ့် စစချင်းမှာ လက်မခံရဲတာ၊ လက်မခံချင်တာမျိုး ဖြစ်တတ်ပါမည်။ စာမေးပွဲရှိ‌သူတွေအနေနဲ့ အမှားကြီးကြီးပြုလုပ်မိတတ်လို့ အဖြေလွှာမအပ်ခင်ထပ်ခါတလဲလဲပြန်စစ်ပါ။

ကျန်းမာရေးကတော့ ကောင်းမွန်ပါမည်။ နေမကောင်းဖြစ်နေသူများ ပြန်လည်သက်သာပါမည်။

ရေးသားသူ –Tarot readings by Hmone

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။