အာဏာသိမ်းချိန် မည်သည့်နိုင်ငံကမှ မကူညီသဖြင့် ရုန်းကန်ခဲ့ရမှုများ ပြောပြရလျှင် မျက်ရည်ပါ ကျမည်ဟု မင်းအောင်လှိုင်ပြော၊ လျှပ်စစ်နှင့်လောင်စာဆီ လျှော့သုံးခိုင်း၊ ပူတာအိုသို့ မင်းအောင်လှိုင် ခရီးဆက်

Local News

အာဏာသိမ်းချိန် မည်သည့်နိုင်ငံကမှ မကူညီသဖြင့် ရုန်းကန်ခဲ့ရမှုများ ပြောပြရလျှင် မျက်ရည်ပါ ကျမည်ဟု မင်းအောင်လှိုင်ပြော၊ လျှပ်စစ်နှင့်လောင်စာဆီ လျှော့သုံးခိုင်း၊ ပူတာအိုသို့ မင်းအောင်လှိုင် ခရီးဆက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အာဏာသိမ်းချိန် မည်သည့်နိုင်ငံကမှ မကူညီသဖြင့် ရုန်းကန်ခဲ့ရမှုများ ပြောပြရလျှင် မျက်ရည်ပါ ကျမည်ဟု မင်းအောင်လှိုင်ပြော၊ လျှပ်စစ်နှင့်လောင်စာဆီ လျှော့သုံးခိုင်း၊ ပူတာအိုသို့ မင်းအောင်လှိုင် ခရီးဆက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၄
အကြမ်းဖက်မင်းအောင်လှိုင်က ၎င်းစတင်အာဏာသိမ်းချိန်တွင် မည်သည့်နိုင်ငံကမှ မကူညီသဖြင့် ရုန်းကန်ခဲ့ရမှုများကို ပြောပြလျှင် မျက်ရည်ပါကျမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အသေးစား အငယ်စား အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ၎င်းက အထက်ါအတိုင်းပြောဆိုသွားခြင်းဖြစ်ကြောင်း ကချင်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ယမန်နေ့ မြစ်ကြီးနား၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင် တွေ့ရသည့် အကြမ်းဖက် မင်းအောင်လှိုင်။

အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံတော်ကို မိမိတို့ တာဝန်စယူချိန်ကတည်းက မည်သည့်နိုင်ငံ၏ ကူညီပံ့ပိုးမှုမှ မရခဲ့ဘဲ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရကြောင်း၊ ထိုရုန်းကန်ခဲ့ရမှုများကို ပြောပြလျှင် “ခင်ဗျားတို့မျက်ရည်ပါကျမယ်” ဟု လုပ်ငန်းရှင်များကို ပြောဆိုကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဦးသိန်စိန်အစိုးရလက်ထက် ဆိုင်းငံ့ခဲ့သော မြစ်ဆုံရေကာတာ စီမံကိန်းကို ဆိုင်းငံ့ထားရာမှ သူကိုယ်တိုင် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားနဲ့ လောင်စာဆီ လျှော့သုံးရန် လိုအပ်ကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှု မြှင့်တင်ပြီး သွင်းကုန်အစားထိုး ထုတ်လုပ်ကာ နိုင်ငံခြားပို့ကုန် ထုတ်လုပ်သွားမည်ဟု ပြောဆိုကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ မြစ်ကြီးနား လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင် မည်သူတစ်ဦးတစ်ယောက်ကိုမှ မိုဘိုင်းလ်ဖုန်း ယူဆောင်ခွင့်မပြုခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်း ကချင်ပြည်နယ်၊ပူတာအို မြို့သို့ ထွက်ခွာရောက်ရှိသွားခဲ့ကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။