ဆားလင်းကြီးနှင့်ယင်းမာပင်မြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးလာ၍ ယနေ့ နံနက်အစောပိုင်း ကျေးရွာ ၁၃ ခုမှ ပြည်သူ ၁၂၀၀၀ ကျော် ထွက်ပြေးနေရ

Local News

ဆားလင်းကြီးနှင့်ယင်းမာပင်မြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးလာ၍ ယနေ့ နံနက်အစောပိုင်း ကျေးရွာ ၁၃ ခုမှ ပြည်သူ ၁၂၀၀၀ ကျော် ထွက်ပြေးနေရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆားလင်းကြီးနှင့်ယင်းမာပင်မြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးလာ၍ ယနေ့ နံနက်အစောပိုင်း ကျေးရွာ ၁၃ ခုမှ ပြည်သူ ၁၂၀၀၀ ကျော် ထွက်ပြေးနေရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တွင် ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၂ နာရီခန့်မှ စတင်၍ စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ကျေးရွာ ၁၃ ခုမှ ပြည်သူ ၁၂၀၀၀ ကျော် မှောင်မှောင်မည်းမည်းအချိန် တွင် ထွက်ပြေတိမ်းရှောင်ရကြောင်း ဒေသခံများက ပြောသည်။

လက်ပံတောင်းတောင်၊ စံပယ်တောင်၊ ကြေးစင်တောင်ရှိ တရုတ် ကြေးနီထုတ်လုပ်ငန်းများအတွက် လုံခြုံရေးယူပေးထားသော စစ်တပ်က တရုတ်ကုမ္ပဏီများမှ တရုတ်များ နှစ်သစ်ကူး ပြည်တော်ပြန်ရန် လုံခြုံရေးတိုးမြှင့်ရာမှ ပတ်ဝန်းကျင်ကျေးရွာများသို့ စစ်ကြောင်း ထိုးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၂နာရီခွဲအချိန်မှစ၍ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ပုသိမ်-မုံရွာလမ်းဘေးဝဲယာရွာများအားလုံး နံနက်အစောပိုင်းမှစတင်၍ ဆိုင်ကယ်၊ကား ၊လှည်းများ ဖြင့် ထွက်ပြေးတိမ်းရှောင်ရေကြရကြောင်း၊ မုံရွ-ာပုသိမ်လမ်း မြောက်ယမားတံတားဘေးမှကျေးရွာများအတွင်း စစ်ကြောင်းများ ပစ်ခတ်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ၊ လတ်တလော ယမားတံတားဘေးဝဲယာရွာများကို စစ်ကြောင်းက ဝင်ရောက်မွှေနှောက်နေကြောင်း ၊ ယင်းမာပင်မြို့နယ် ပုသိမ်-မုံရွာကားလမ်းတလျှောက်တွင်လည်း စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုများတောက်လျှောက်ဆိုသလို လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောသည်။

“ဒုံးတောကျေးရွာဘက်မှာ တပ်စွဲထားတဲ့ စစ်ကြောင်းရော၊ ဝမ်ပေါင်လုံခြုံရေးအတွက် တပ်စွဲထားတဲ့ စစ်ကြောင်းတွေရော တရုတ်နှစ်သစ်ကူး တရုတ်တွေ အိမ်ပြန်ချိန်အတွက် စပြီး လှုပ်ရှားတာပါ။ အခု ပြည်သူတွေက နံနက်စောစော အေးနေတဲ့အချိန်မှာ ကလေးတွေ သက်ကြီးရွယ်အိုတွေ အရမ်းကို ဒုက္ခရောက်ကြပါတယ်။ အခုတော့ မြောက်ယမားထိပ်နဲ့ တောင်ယမားတံတားထိပ်ကျေးရွာတွေကို စစ်တပ်က ဝင်မွှေနေပါတယ်။ စစ်ဘေးရှောင် ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ လိုနေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။