ရန်ကုန်တွင် လွတ်လပ်​ရေးနေ့အတွက် စစ်တပ်က ပြင်ဆင်နေပြီး လုံခြုံရေးတင်းကျပ်

Local News

ရန်ကုန်တွင် လွတ်လပ်​ရေးနေ့အတွက် စစ်တပ်က ပြင်ဆင်နေပြီး လုံခြုံရေးတင်းကျပ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရန်ကုန်တွင် လွတ်လပ်​ရေးနေ့အတွက် စစ်တပ်က ပြင်ဆင်နေပြီး လုံခြုံရေးတင်းကျပ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဇန်နဝါရီ ၄ ရက်တွင် ရောက်ရှိတော့မည့် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် စစ်တပ်က ပြည်လမ်းမတစ်လျှောက်တွင် အလံများချိတ်ဆွဲကာ လူစိတ်ဝင်စားစေရန် ပြင်ဆင်နေပြီး လုံခြုံရေးကိုလည်း တင်းကျပ်နေသည်။

တိုင်းနှင့်ပြည်နယ် ကိုယ်စားပြုအလံများကို ပြည်လမ်းမကြီးတစ်လျှောက်ရှိ လမ်းလယ်ကျွန်းမီးတိုင်များတွင် ချိတ်ဆွဲထားသည်ကို တွေ့ရသည်။


ရန်ကုန်မြို့လမ်းမများပေါ်တွင် စစ်ကောင်စီ​၏ ကင်းလှည့်ယာဉ်တန်းကို ယခင်ရက်များကထက် ပိုမိုမြင်တွေ့ရပြီး ယာဉ်ထိန်းရဲများကလည်း မော်တော်ယာဉ်ဖမ်းဆီးစစ်ဆေးမှုများ တင်းကျပ်စွာပြုလုပ်နေသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အခါကြီးရက်ကြီးများ နီးကပ်လာတိုင်း အရပ်ဝတ်နှင့် အိမ်စီးယာဉ်များပါ အသုံးပြုပြီး လုံခြုံရေးအကြောင်းပြ ဖမ်းဆီးစစ်ဆေး ခြိမ်းခြောက်ငွေတောင်းခြင်းများ ပြုလုပ်နေသည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။