စစ်ကောင်စီ ငြိမ်းချမ်းရေးကော်မတီနဲ့ အလွတ်သဘောတွေ့ဖို့ အပစ်ရပ် ၇ ဖွဲ့ ကမ်းလှမ်း

Local News

စစ်ကောင်စီ ငြိမ်းချမ်းရေးကော်မတီနဲ့ အလွတ်သဘောတွေ့ဖို့ အပစ်ရပ် ၇ ဖွဲ့ ကမ်းလှမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်ကောင်စီ ငြိမ်းချမ်းရေးကော်မတီနဲ့ အလွတ်သဘောတွေ့ဖို့ အပစ်ရပ် ၇ ဖွဲ့ ကမ်းလှမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားlat nat ကိုင် ၇ ဖွဲ့က ကြိုးပမ်းနေပါတယ်။

အဆင့် လေး ဆင့် ပါဝင်တဲ့ အဆိုပြုချက်မှာ အလွတ်သဘောဆွေးနွေးပွဲတွေကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီဇင်ဘာလ ၁၂ ရက် သိုသိုသိပ်သိပ်စတင်မယ် လို့ အဆိုပြုထားပါတယ်။

ဆက်လက်ပြီး ဒီဇင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်မှာ တောင်ကြီးမြို့ (သို့မဟုတ်) မော်လမြိုင်မြို့မှာ နှစ်ဖက်ကိုယ်စားလှယ်စုံညီစွာနဲ့ အလွတ်သဘောဆွေးနွေးလိုတယ် လို့ အဆိုပြုထားပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ALP၊LDU၊PNLO တို့ သြဂုတ်လက ဆွေးနွေးခဲ့စဉ်

အဲဒီနောက် ရန်ကုန်မြို့မှာ တရားဝင်ဆွေးနွေးမှုတွေလုပ်ပြီး နောက်ဆုံးအဆင့်အနေနဲ့ နှစ်ဖက်သဘောတူညီချက်တွေကို သင့်တော်တဲ့အချိန်နဲ့နေရာမှာ တရားဝင်လက်မှတ်‌ထိုးမယ်လို့ အဆိုပြုထားတာပါ။

ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ ရည်ရွယ်ပြီး အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတဲ့အကြောင်း အပစ်ရပ် (၇) ဖွဲ့က NSPNC ကို ပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့ ကြိုးပမ်းနေတဲ့ ၇ ဖွဲ့ကတော့ သျှမ်း်ပြည်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA (PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ဖြစ်ပါတယ်။

ဒီအဖွဲ့တွေဟာ စစ်ကောင်စီဥက္ကဋ္ဌရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို လက်ခံပြီး တိုက်ရိုက်ဆွေးနွေးခဲ့တဲ့ အဖွဲ့တွေလည်းဖြစ်လို့ ဘာကြောင့်အလွတ်သဘောဆွေးနွေးဖို့ကမ်းလှမ်းရသလဲဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ ဒီနေ့ ဒီဇင်ဘာ ၉ ရက်မနက်မှာ အပစ်ရပ်အဖွဲ့ခေါင်းဆောင်တချို့ဆီ ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့အစည်းအဝေးလုပ်နေတယ်လို့ အကြောင်းပြန်ပါတယ်။ စစ်ကောင်စီဘက်ကလည်း ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။