အိမ်တွေမှာ ဘာလို့ စီးပွားတွေမတိုးလဲ

Astrology

အိမ်တွေမှာ ဘာလို့ စီးပွားတွေမတိုးလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိမ်တွေမှာ ဘာလို့ စီးပွားတွေမတိုးလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိမ်တွေမှာ ဘာလို့ စီးပွားတွေမတိုးလဲ
ကိုယ့်အိမ်ရဲ့ ကြောက်စရာကောင်းတဲ့ စီးပွားယိုပေါက်ကို ပိတ်နိုင်ကြပါစေ ။

မြတ်စွာဘုရား ဟောထားတာကတော့ လောကမှာ စီးပွားရေးပျက်ရာ ၊ ပစ္စည်းဥစ္စာတွေရဲ့ ယိုပေါက်ကြီး ၆ ခုဆိုတာ ပစ္စည်းဥစ္စာဟာ ဘယ်တော့မှ မတည်ဘူး…တဲ့ ။ မြန်မာတွေကတော့ ပြောကြတယ် ။ “လူမိုက်နဲ့ငွေ” အတူမနေဘူး…တဲ့ ။ ပစ္စည်းဥစ္စာဟာ ပျောက်သွားတယ် ။ မြတ်စွာဘုရားက ဘာကိုဟောသလဲဆိုရင်

နံပါတ်(၁)

အာလသျ – လူပျင်းနဲ့ဆိုရင် ငွေဟာ အတူမနေဘူး…တဲ့ ။ ပျင်းရိလို့ရှိရင် ပျင်းတယ်ဆိုတာ ပူလွန်းတယ် ၊ အေးလွန်းတယ် ၊ မိုးချုပ်လွန်းတယ် ၊ ဆာနေသေးတယ် ၊ မစားရသေးဘူး ၊ စားပြီးပြီ ၊ ဗိုက်လေးတယ် ဆိုတဲ့ အချက်တွေကို အကြောင်းပြပြီး အလုပ်မလုပ်ဘဲနဲ့ နေတာကို ပျင်းတယ်လို့ပြောတာနော် ။ အဲဒီလိုပျင်းရိမှုဟာလည်း ပစ္စည်းဥစ္စာရဲ့ ယိုကျဖို့ရာ အပေါက်တစ်ခုပဲတဲ့ ။

နံပါတ်(၂)

ပမာဒတဲ့ – အပျော်အပါးတွေဘက်ပဲ စိတ်၀င်စားတယ် ။ ကောင်းကျိုးချမ်းသာဖြစ်ဖို့ စိတ်မ၀င်စားဘူး ။ လုပ်ငန်းကိုလည်း စိတ်မ၀င်စားဘူး ။ အပျော်အပါးတွေကို အမြဲတမ်း စိတ်၀င်စားနေရင်လည်း ပျက်စီးနိုင်တယ် ။

နံပါတ်(၃)

အနုဋ္ဌာန – လုပ်ငန်းတစ်ခုကို လုပ်တဲ့အခါမှာ တက်တက်ကြွကြွ မရှိဘူး ။ ၀တ်ကျေတမ်းကျေပဲ လုပ်တယ်c၊ ဖြေးဖြေးဆေးဆေးပဲ ။ slow ပေ့ါ ။ သွက်သွက်လက်လက် လုပ်ရမယ့်ဟာကို သွက်သွက်လက်လက် မလုပ်ဘူး ။ ပျင်းပျင်းရိရိ လုပ်တယ် ၊ အဲဒီလိုဟာမျိုး မဖြစ်ရဘူး…တဲ့ ။ ကြိုးကြိုးစားစားလုပ်ရမယ် ။ အဲဒီတော့ ပျင်းရိခြင်းဟာလည်း ဥစ္စာရဲ့ ယိုပေါက်တစ်ခု ။

နံပါတ်(၄)

ကာမဂုဏ် အာရုံတွေထဲမှာ စိတ်ကိုလွှတ်ထားပြီးတော့ ပျော်ပါးခြင်းဟာလည်း ပစ္စည်းဥစ္စာရဲ့ယိုကျတဲ့ အပေါက်တစ်ခု…တဲ့ ။

နံပါတ်(၅)

မစောင့်စည်းခြင်း ၊ ကိုယ့်စိတ်ကိုလည်း အစောင့်စည်းဘူး ။ ကာယကံ၀စီကံကိုလည်း မထိန်းသိမ်း မစောင့်ရှောက်ဘူး ။ ကိုယ်ကျင့်တရားကိုလည်း မထိန်းသိမ်းမစောင့်ရှောက်ဘူး ။ အဲဒါဟာ စီးပွားရေးယိုပေါက်တစ်ခုပဲ ။

နံပါတ်(၆)

အအိပ်ကြူးခြင်း ၊ ဘယ်တော့ဖြစ်ဖြစ်အိပ်တာပဲ ။ အအိပ်များနေတယ် ၊ အဲဒီဟာလည်းပဲ ပျက်စီးခြင်း အကြောင်းတစ်ခုပဲ ။

ခုနကပြောခဲ့တဲ့ အာလသျနဲ့ တန္ဒီမှာ အာလသျပျင်းရိတယ်ဆိုတဲ့နေရာမှာ ဘာအလုပ်မှ မလုပ်ဘဲနေတာမျိုး၊

တန္ဒီကျတော့ ဖြစ်ပေါ်လာတဲ့ အချိန်ကိုရွှေ့တာ အမြဲတမ်းအချိန်ကိုရွှေ့ချင်တယ် ။ စောသေးတယ် ၊ အချိန်ရွှေ့လိုက်တယ် ။ ၈နာရီလောက် အလုပ်လုပ်ရမှာကို မလုပ်သေးပါဘူး ။ ၉နာရီမှ လုပ်မယ် ။ ၉နာရီကျတော့လည်း ၁၀-နာရီကျမှာ သွားတော့မယ် ။ ဒီလိုအချိန်တွေကို ရွှေ့ရွှေ့သွားတာမျိုးကို ဆိုလိုတယ် ။

Myanmar Kyats Banknote Money Kyat Currency In Myanmar Stock Photo -  Download Image Now - iStock

အဲဒီအပေါက် ၆-ပေါက်ကို ပိတ်နိုင်မှ…တဲ့ ။ မပိတ်နိုင်လို့ရှိရင် ပစ္စည်းဥစ္စာဟာ လူတွေနဲ့အတူ မရှိနိုင်ဘူးလို့ ဒီလို မြတ်စွာဘုရားက ဟောတယ် ။ အဲဒီလိုဟောတာတွေဟာ ကိုယ့်အတွက် ပစ္စုပ္ပန်ဘ၀မှာ ကောင်းကျိုးရနိုင်သလို သံသရာအတွက်လည်း ကောင်းကျိုးရနိုင်တယ် ။ မကောင်းတဲ့ အချက်အလက်တွေကို ရှောင်ပြီးတော့ ကောင်းတဲ့ အချက်အလက်တွေကို ကိုယ့်သန္တာန်မှာ ကျင့်ဆောင်ဖို့အရေးကြီးတယ် ။
ယိုပေါက်ကြီးတွေပိတ်ပြီး စီးပွားလာဘ်လာဘတိုးတက်ကြပါစေ ။

ရေးသားသူ – ပါချုပ်ဆရာတော်ဘုရားကြီး (အခွင့်ကောင်းကိုယူ ဓမ္မစာအုပ်မှ)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။