ဆိတ်နှစ်ဖွား (1931 , 1943 , 1955 , 1967 , 1979 , 1991 , 2003 , 2015 မှာ မွေးဖွားကြသူများ)

Astrology

ဆိတ်နှစ်ဖွား (1931 , 1943 , 1955 , 1967 , 1979 , 1991 , 2003 , 2015 မှာ မွေးဖွားကြသူများ)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆိတ်နှစ်ဖွား (1931 , 1943 , 1955 , 1967 , 1979 , 1991 , 2003 , 2015 မှာ မွေးဖွားကြသူများ) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆိတ်နှစ်ဖွားတွေဟာ တစ်ယောက်တည်းနေတတ်ပြီး ကိုယ်ပိုင်အတွေးတွေနဲ့ပျော်မွေ့နေတတ်တယ်၊ စိတ်ကူးဉာဏ် အလွန်ကွန့်မြူးပြီး သူတို့ရဲ့ အနုပညာလက်ရာတွေ တီထွင်ဖန်တီးမှုတွေအပေါ် တစ်စိမ့်စိမ့် ကြည်နူးနေတတ်ကြတယ်။ သူတို့က စီးပွားရေးဆန်ပြီး သတိရှိတတ်ကြပေမယ့် စိတ်မတင်မကျ ဖြစ်လွယ်တတ်သူတွေပါ။

“၂၀၂၃ အလုပ်အကိုင်ကံ”

အလုပ်မှာ ဦးဆောင်ဦးရွက်ပြုနိုင်မှု အပိုင်းတွေ အများကြီးတိုးတက်လာဖို့ ရှိတယ်။ ရာထူး လစာတွေ တိုးတက်ကိန်း ဒီနှစ်ထဲ အများကြီးရှိတယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ ဖန်တီးနိုင်မှုစွမ်းအားတွေကို အရင်းခံပြီး အခွင့်အရေးနဲ့ ရာထူးတိုးတက်မှုကို အရယူနိုင်လိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေး လုပ်နေသူများ သူများထက် တစ်ကွက်ပိုမြင်တာ၊ စီးပွားရေး ခြေတစ်လှမ်းသာတာမျိုး ဖြစ်ပါလိမ့်မယ်။ လူမှုဆက်ဆံရေးမှာ လုပ်ဖော်ကိုင်ဖက်/ စီးပွားဖက်တွေနဲ့ ကတောက်ကဆ အသေးစားလေးတွေ မကြာခဏ ဖြစ်တတ်တယ်။ အတင်းပြောခံရတတ်တယ်။ ဒါပေမယ့် ကိုယ်တိုင်က စကားပြောကောင်းသူမို့ ပြဿနာအခက်အခဲ အတော်များများကို အလွယ်တကူ ဖြေရှင်းနိုင်မှာပါ။ ဒီနှစ်မှာ အာမခံလုပ်ငန်းတွေ၊ အရောင်းအဝယ်ပိုင်းဆိုင်ရာတွေ၊ စာချုပ်စာတမ်း ချုပ်ဆိုရမယ့်လုပိငန်းတွေ အလွန်တိုးတက်မယ်။ အနုပညာ မီဒီယာနဲ့ ဆိုင်တာ စတဲ့ လုပ်ငန်းတွေလဲ အထူးအကျိုးပေးလိမ့်မယ်။ သတိထားရမှာ တစ်ခုက ကိုယ်က ကူညီပေးပြီး အပြောအဆိုမှားလို့ ကျေးဇူးတင်မခံရမယ့် ကိစ္စလေးတွေ ရှိတယ်။ တော်ရုံဆို သည်းခံစိတ်လေးမွေးပါ။ စာချုပ်စာတမ်းကိစ္စတွေမှာ အချက်အလက်တွေ သေချာစိစစ်တာ၊ စစ်ဆေးတာ လုပ်ပြီးမှ ချုပ်ဆိုပါ၊ မဟုတ်ရင် လျော်ရကိန်း ရှိတတ်လို့ပါ။

“၂၀၂၃ ငွေကြေးစီးပွားကံ”

စီးပွားရေးမှာ နာမည် ဂုဏ်သတင်းကောင်းမွန်မှုနဲ့အတူ ငွေကြေးတိုးတက်မှုက နောက်က ကပ်ပါလာလိမ့်မယ်။ အရောင်းအဝယ်တွေကောင်းမယ်၊ မိမိရဲ့ နာမည်/ လုပ်ငန်းနာမည်ကို ကောင်းကောင်း တည်ဆောက်နိုင်ပြီး သူများနဲ့ မတူ ဆန်းသစ်တဲ့ အတွေးအမြင်တွေနဲ့ စီးပွားရေးကို အောင်မြင်အောင်လုပ်နိုင်လို့ ငွေဝင်မှု တအားများလာတတ်တယ်။ စီးပွားဖက် လက်တွဲဖော်ကောင်းတွေ ရမယ်။ အရင်းအနှီးထုတ်ပေးတာ၊ ငွေကြေးထည့်ဝင်တာ ခံရတတ်တယ်။ ငွေကြေးက ဒီနှစ်ထဲ ပူကိုမပူရတာကွာ။ ငွေကြေးကံ ကောင်းတဲ့အလျှောက် ကောင်းမှုကုသိုလ်တွေ လုပ်ပါ (မြင့်ရာမှ နိမ့်ရာကို စီးဆင်းပါစေ)။ စီးပွားရေးမှာ သည်းခံရောင့်ရဲနိုင်လေ အကျိုးပိုရှိလေပဲ၊ လောဘ တက်ရင် ဆုံးရှူံးစရာတွေ ရှိတတ်သတဲ့။

“၂၀၂၃ အချစ်ရေးကံ”

အချစ်ရေးမှာ ချစ်သူနဲ့ ပိုနီးစပ်တာ၊ စေ့စပ်ကြောင်းလမ်းတာ လက်ထပ်ပွဲ ကျင်းပတာမျိုးတွေ အထိ ရှိတတ်တယ်။ ကြားကနေ အတင်းအဖျင်းပြောတာ သွေးထိုးနှောင့်ယှက်ခံရတာမျိုး ရှိတတ်လို့ ကိုယ့်ရဲ့ ချစ်သူနဲ့ ပွင့်လင်းသော ဆက်ဆံရေး ရှိတာ အကောင်းဆုံးပဲ။ အပြန်အလှန် နားလည်မှု ရှိကြပါစေ ဒါဆို အဆင်ပြေမယ်။
Single တွေအနေနဲ့ ကိုယ့်အတွက် အတော်လေး အဆင်ပြေမယ့် ချစ်သူမျိုး ၂၀၂၃ ထဲမှာ ရတတ်တယ်။ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တွေ့ဆုံတာ၊ ပွဲတွေ အခမ်းအနားတွေ များများတက်ပါ။ ဒါဆို ချစ်သူရဖို့ ပိုပြီး ရာခိုင်နှုန်းများစေလိမ့်မယ်။
အိမ်ထောင်သည်တွေ ကိုယ့်အိမ်ထောင်ဖက်ကို ယုံကြည်နားလည်မှုပေးပါ။ အပြန်အလှန် ပွင့်လင်းစွာ ပြောဆိုပါ ဒါဆို ပိုကောင်းလိမ့်မယ်တဲ့ ။

“၂၀၂၃ ကျန်းမာရေးကံ”

၂၀၂၃ ထဲမှာ ရေနဲ့ ပက်သက်လို့ အန္တရာယ်ဖြစ်တတ်လို့ မြစ်ချောင်းအင်းအိုင်မှာ ရေကူး ရေဆော့ခြင်း ဂရုစိုက် ဆင်ခြင်ပါ။ အရဲမကိုးရ။ သံစူးတာ ဓားရှတာ စတဲ့ မတော်တဆဖြစ်ရင် မေးခိုင်ရောဂါ ကာကွယ်ဆေး ချက်ချင်းထိုးနှံပါ။ စိတ် အတက်အကျမြန်တာ၊ အပြောင်းအလဲ မြန်တာမျိုး ဖြစ်လွယ်လို့ စိတ်ကို တည်ငြိမ်အေးချမ်းအောင် ထိန်းကျောင်းရပါမယ်။ အဲဒါအပြင် မိမိ မိသားစု(အထူးသဖြင့် လူကြီးတွေ)ရဲ့ ကျန်းမာရေးကိုပါ ဂရုစိုက်ပေးပါ။

ဆိတ်နှစ်ဖွားမိတ်ဆွေများ အားလုံး အစစအရာရာအဆင်ပြေအောင်မြင် ကျန်းမာပျော်ရွှင်နိုင်ကြပါစေနော်

ရေးသားသူ – Gipsy Tarot

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။