နှစ်သစ်ကူးချိန်အထိ မက်ဆီ ပြန်မလာသေးဟု ပီအက်စ်ဂျီနည်းပြအတည်ပြု အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ကို ခေါ်ယူရန် မန်ယူ၊ ချဲလ်ဆီးနှင့် စပါးတို့ အပြိုင်အဆိုင်ကြိုးပမ်း

Sports

နှစ်သစ်ကူးချိန်အထိ မက်ဆီ ပြန်မလာသေးဟု ပီအက်စ်ဂျီနည်းပြအတည်ပြု
အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ကို ခေါ်ယူရန် မန်ယူ၊ ချဲလ်ဆီးနှင့် စပါးတို့ အပြိုင်အဆိုင်ကြိုးပမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့နှစ်သစ်ကူးချိန်အထိ မက်ဆီ ပြန်မလာသေးဟု ပီအက်စ်ဂျီနည်းပြအတည်ပြု အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ကို ခေါ်ယူရန် မန်ယူ၊ ချဲလ်ဆီးနှင့် စပါးတို့ အပြိုင်အဆိုင်ကြိုးပမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မက်ဆီဟာ နှစ်သစ်ကူးချိန်အထိ အသင်းဆီ ပြန်လာမှာမဟုတ်ကြောင်း ပီအက်စ်ဂျီနည်းပြက အတည်ပြု ပြောပါတယ်။

မက်ဆီဟာ အာဂျင်တီးနားနိုင်ငံမှာ ကမ္ဘာ့ဖလား ချန်ပီယံဆုဖလားနဲ့ လှည့်လည်အောင်ပွဲခံခဲ့ပြီးနောက် မွေးရပ်မြေမှာပဲ ဆက်လက်အနားယူနေတာပါ။

လာမယ့်နှစ် ဇန်နဝါရီ ၁ ရက်အထိ အာဂျင်တီးနားမှာပဲ မက်ဆီ ဆက်ရှိမှာဖြစ်ပြီး နောက်တနေ့မှာ အသင်းနဲ့ ပူးပေါင်းမှာဖြစ်တယ်လို့ နည်းပြဂယ်တီယာက ပြောပါတယ်။

“အာဂျင်တီးနားမှာ အောင်ပွဲခံအခမ်းအနားတွေ လုပ်ခဲ့တာကြောင့် ဇန်နဝါရီ ၁ ရက်နေ့အထိ သူ့ကို အနားပေးထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဇန်နဝါရီ ၂ ရက်၊ ၃ ရက်မှ အသင်းဆီ ရောက်လာပါလိမ့်မယ်” လို့ ပီအက်စ်ဂျီနည်းပြ ဂယ်တီယာက ပြောပါတယ်။

မက်ဆီဟာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့လည်း နှုတ်အားဖြင့် သဘောတူညီမှုရထားပြီး မကြာခင်မှာ စာချုပ်ချုပ်ဆိုသွားဖို့လည်း ရှိပါတယ်။

အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ကို ခေါ်ယူရန် မန်ယူ၊ ချဲလ်ဆီးနှင့် စပါးတို့ အပြိုင်အဆိုင်ကြိုးပမ်း

Man United, Tottenham and Chelsea all consider a move for Everton  goalkeeper Jordan Pickford | Daily Mail Online

မန်ယူ၊ ချဲလ်ဆီးနဲ့ စပါးအသင်းတွေဟာ အဲဗာတန်ဂိုးသမားပစ်ဖို့ဒ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။

အင်္ဂလန်နံပါတ်တစ်ဂိုးသမားဟာ အဲဗာတန်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူထားပေမယ့် တရားဝင်စာချုပ်ချုပ်ဆိုမှု မလုပ်ဆောင်ရသေးပါဘူး။

ဒီအခြေအနေဟာ မန်ယူ၊ ချဲလ်ဆီးနဲ့ စပါးအသင်းတွေက ကြားဖြတ်ခေါ်ယူဖို့ အပြိုင်အဆိုင် ပြင်ဆင်လာကြတာပါ။

အသက် ၂၈ နှစ်ရှိ ပစ်ဖို့ဒ်ဟာ အသင်းနဲ့ ၁၈ လသက်တမ်းသာကျန်ရှိတော့လို့ သက်တမ်းတိုးဖို့ အဲဗာတန်ဘက်က ဆုံးဖြတ်ထားပါတယ်။

အဲဗာတန်နည်းပြ လမ်းပတ်ကတော့ အသင်းရဲ့ရည်မှန်းချက်တွေအပေါ် ဂိုးသမား ပစ်ဖို့ဒ်က လက်ခံယုံကြည်မယ်ဆိုရင် စာချုပ်သက်တမ်းတိုးဖို့ ပြဿနာမရှိနိုင်ကြောင်း မှတ်ချက်ပေးပါတယ်။

မန်ယူအသင်းဟာ ဂိုးသမားဒီဂီယာနေရာကို အစားထိုးဖို့ ပြင်ဆင်နေတာဖြစ်သလို စပါးအသင်းကလည်း အသက်အရွယ်ရလာတဲ့ လိုရစ်ရဲ့နေရာမှာ အစားထိုးလိုတာပါ။

ဒါ့အပြင် ချဲလ်ဆီးအသင်းဟာလည်း ပွဲထွက်ဂိုးသမား မတည်မငြိမ်ဖြစ်နေပြီး ပစ်ဖို့ဒ်ကို မျက်စိကျလာခဲ့တယ် သတင်းတွေမှာ ဖော်ပြပါတယ်။

ရေးသားသူ – DVB TV News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။