စိန်တစ်တင်း ချင်း(ဂျင်း)တစ်တတ်ယတြာ

Astrology

စိန်တစ်တင်း ချင်း(ဂျင်း)တစ်တတ်ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စိန်တစ်တင်း ချင်း(ဂျင်း)တစ်တတ်ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ အဘ၀ိဇ္ဇာဆရာကြီး ဒေါက်တာမင်းသိင်္ခရဲ့”စိန်တစ်တင်း ၊ ဂျင်း တစ်တက် ယတြာ” ကို ရေးသားလိုက်ပါတယ် ။

ဒီယတြာကို ဘယ်နေရာမှာ အသုံးပြုရပါသလဲ ။ အခုယတြာက ကိုယ်လုပ်လိုက်တဲ့ အလုပ်ကိစ္စတစ်ခုခုမှာ မှားယွင်းချွတ်ချော်မှု တစ်စုံတရာ ရင်ဆိုင်ကြုံတွေ့ခဲ့ရင် အမှားအတွက် ပြန်လည်၀န်ချတောင်းပန်တဲ့ ယတြာပါ ။ အခုလို မကြာခဏ ထွန်းပေးရင်း ဆုတောင်းမယ်ဆိုရင် ကိုယ်မှားယွင်းခဲ့တဲ့အကြောင်း ( ဖြစ်နိုင်ချေရှိသော မှားယွင်းမှုများ ) ဟာ တည့်မတ်မှန်ကန်ပြီး ပြန်လည်ကောင်းမွန်သွားတာ လက်တွေ့ကြုံတွေ့ရပါလိမ့်မယ် ။ ဥပမာ …. ငွေမချေးသင့်သူကို ချေးပါ့မယ်လို့ လွယ်လွယ်ကူကူနဲ့ ကတိပေးမိလိုက်တဲ့ မှားယွင်းမှုမျိုး ။

ပထမဆုံး ယတြာအတွက် ကြွေပန်းကန်ပြားအဖြူရောင်တစ်ချပ်ပေါ်မှာ ချင်းတက် တစ်တက်ကို တင်ရပါမယ် ။ အဲဒီချင်းတက်ပေါ်မှာ ဖယောင်းတိုင် တစ်တိုင်ထွန်းရပါမယ် ။ ဒီလိုထွန်းပီး ဘုရားကျောင်းဆောင်ပေါ်မှာ ကပ်လှူပူဇော်ရင်း မိမိတို့ရဲ့ မှားယွင်းချွတ်ချော် လုပ်ခဲ့မိတဲ့ကိစ္စအတွက် မြန်မြန်ဆန်ဆန် ပြန်လည်တည့်မတ်ကောင်းမွန်အောင်မြင်လာစေရန် အလေးအနက်ထား ဆုတောင်းပေးရပါမယ် ။

ဘယ်အချိန်မှာထွန်းညှိပူဇော်ရမလဲဆိုတော့
နဝင်းဓာတ်ကို ယူရမှာဖြစ်တဲ့အတွက် ကိုယ့်ရဲ့မွေးနေ့မနက် ၉း၄၅နာရီမှာတစ်ကြိမ် ၊ ည ၉း၄၅နာရီမှာ တစ်ကြိမ် ၊ (၂)ကြိမ်လှူဒါန်းပေးရပါမယ် ။

ဘယ်နှရက်ထွန်း လှူဒါန်းရမလဲ? ။

(၉)ရက် (၂၇)ရက် (၄၅(ရက် စသည်ဖြင့်အဓိဌာန်နဲ့ ပူဇော်လှူဒါန်းပေးပါ ။

“ဖယောင်းတိုင်အရောင်များ”

အဝါ( သို့မဟုတ် ) ရွှေရောင် = အောင်မြင်မှု ၊ အလုပ် ၊ ရာထူး ၊ ပညာရေး ကိစ္စရပ်တွေအတွက်အသုံးပြုပါ ။
ဖယောင်းတိုင်အစိမ်းရောင် = ငွေကြေးကိစ္စ အကြွေးကိစ္စတွေမှာ အသုံးပြုပါ ။
အနက်ရောင်.= အတိုက်အခိုက်များ အန္တရာယ်တွေအတွက် အသုံးပြုပါ ။
အနီရောင် = အချစ်ရေး ၊ အိမ်ထောင်ရေး ၊ မေတ္တာရေးကိစ္စတွေအတွက် အသုံးပြုပါ ။
အဖြူရောင် = မိမိလုပ်ကိုင်သမျှ အကြံအစည်ပွင့်လန်းအောင်မြင်စေရန်အတွက် အသုံးပြုပါ:။

“စိန်တစ်တင်း ချင်းတစ်တက်”ယတြာကို အသုံးပြုပြီး မိတ်ဆွေတွေအားလုံး မိမိတို့သောကအဖြာဖြာ ကင်းဝေးလို့ နေ့ချင်းညချင်း စီးပွားဥစ္စာဒီရေအလား တိုးတက်နိုင်ကြပါစေ ။

ရေးသားသူ – သာထက်ဇော်(မကွေး)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။